Mobile Tech

ဓါတ္ပံုၾကည့္ျပီး ေဂးဟုတ္မဟုတ္ AI နဲ ့ခြဲျခားႏိုင္ျပီ

မ်က္ႏွာသြင္ျပင္လကၡဏာကေန ခဲြျခားသြားတာ ျဖစ္ပါတယ္။  ဥာဏ္ရည္တု နည္းပညာျဖစ္တဲ့ AI ဟာ တစထက္တစ္စ အဆင့္ျမင့္လာျပီ ျဖစ္လို ့ဒီေန ့အခ်ိန္မွာ ဓါတ္ပံုတစ္ပံုကို စစ္လိုက္တာနဲ ့ဒီလူဟာ ေဂး ဟုတ္မဟုတ္အထိ တိတိက်က် ခဲြျခားႏိုင္ျပီလို ့ေလ့လာမႈသစ္တစ္ရပ္မွာ ေဖာ္ျပထားပါတယ္။

စတန္းဖို ့ဒ္တကၠသိုလ္ရဲ့ စစ္တမ္းဟာ လက္တဲြေဖာ္ရွာ ဝက္ဘ္ဆိုက္တစ္ခုမွာပါတဲ့ အေမရိကန္ လူျဖဴ ၁၄၀၀၀ ေက်ာ္ရဲ့ ဓါတ္ပံုေတြကို သံုးျပီး algorithm တစ္ခုနဲ ့AI ကို train ခဲ့တာပါ။ သုေတသီေတြဟာ ဒီ dating site ကို သံုးစဲြသူတစ္ေယက္ခ်င္းစီရဲ့ ဓါတ္ပံု တစ္ပံုကေန ၅ ပံုအၾကား သံုးျပီး ဝက္ဘ္ဆိုက္မွာ သူတို ့့ဘာသာတင္ထားတဲ့ က်ား/မ လိင္သဘာဝကို ရယူခဲ့တာ ျဖစ္ပါတယ္။

အဓိကအားျဖင့္ AI ေဆာ့ဖ္ဝဲလ္ဟာ မ်က္ႏွာသြင္ျပင္လကၡဏာကေန ခဲြျခားသြားတာ ျဖစ္ပါတယ္။ စမ္းသပ္မႈတစ္ခုမွာ ေဂးတစ္ေယာက္နဲ ့သာမန္ေယာက်ၤားတစ္ေယာက္ကို ဓါတ္ပံုကေန တစ္ဆင့္ ခဲြျခားေစရာမွာ AI ဟာ ၈၁% မွန္ေအာင္ ခဲြျခားႏိုင္ခဲ့တယ္လို ့ဆိုပါတယ္။ အမ်ိဳးသမီးမ်ားကို ေလ့လာရာမွာေတာ့ ၇၁% ပဲ မွန္ခဲ့ပါတယ္။ ဒါဟာ လူသားေလ့လာသူမ်ား မလုပ္ေဆာင္ႏိုင္တဲ့ လိင္ပိုင္းဆိုင္ရာေလ့လာခ်က္တစ္ခုကို AI မွ ပထမဆံုး မ်က္ႏွာသရုပ္ခဲြပညာနဲ ့ေလ့လာခဲ့တာလည္း ျဖစ္ပါတယ္။

သုေတသီေတြရဲ့ အဆိုအရ ေဂးတစ္ေယာက္ရဲ့ မ်က္ႏွာမွာ မသိမသာ ကဲြလဲြတဲ့ စံပံုစံတစ္ခုရိွေနတယ္လို ့ဆိုပါတယ္။ ဥပမာ- အမ်ိဳးသမီး လိင္တူခ်စ္သူတစ္ဦးရဲ့ ေမးရိုးေတြမွာ ခပ္ကားကားျဖစ္ေနျပီး လိင္တူခ်စ္သူအမ်ိဳးသားတစ္ဦးရဲ့ မ်က္ႏွာက်ဟာ ေမးရိုးက်ဥ္းျပီး ႏွာေခါင္းပိုရွည္ေနတယ္လို ့ဆိုပါတယ္။ဒီေလ့လာမႈကို အေမရိကန္အေျခစိုက္ LGBTမ်ားဆိုင္ရာ လူ ့အခြင့္အေရး အဖဲြ ့မ်ားမွ ရံႈ ့ခ်ခဲ့ပါတယ္။ ဒါ့အျပင္ dating site ေပၚက ဓါတ္ပံုေတြ ယူသံုးခဲ့ျခင္းနဲ ့လူျဖဴအေမရိကန္မ်ားကိုပဲ ဦးတည္ေလ့လာခဲ့ျခင္းအေပၚ ေဝဖန္မႈ ျမင့္တက္ခဲ့ပါတယ္။

Original published at : http://www.alphr.com/artificial-intelligence/1006955/this-ai-claims-to-know-whether-youre-gay-or-straight-from-a-single

မျက်နှာသွင်ပြင်လက္ခဏာကနေ ခွဲခြားသွားတာ ဖြစ်ပါတယ်။  ဉာဏ်ရည်တု နည်းပညာဖြစ်တဲ့ AI ဟာ တစထက်တစ်စ အဆင့်မြင့်လာပြီ ဖြစ်လို ့ဒီနေ ့အချိန်မှာ ဓါတ်ပုံတစ်ပုံကို စစ်လိုက်တာနဲ ့ဒီလူဟာ ဂေး ဟုတ်မဟုတ်အထိ တိတိကျကျ ခွဲခြားနိုင်ပြီလို ့လေ့လာမှုသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

စတန်းဖို ့ဒ်တက္ကသိုလ်ရဲ့ စစ်တမ်းဟာ လက်တွဲဖော်ရှာ ဝက်ဘ်ဆိုက်တစ်ခုမှာပါတဲ့ အမေရိကန် လူဖြူ ၁၄၀၀၀ ကျော်ရဲ့ ဓါတ်ပုံတွေကို သုံးပြီး algorithm တစ်ခုနဲ ့AI ကို train ခဲ့တာပါ။ သုတေသီတွေဟာ ဒီ dating site ကို သုံးစွဲသူတစ်ယေက်ချင်းစီရဲ့ ဓါတ်ပုံ တစ်ပုံကနေ ၅ ပုံအကြား သုံးပြီး ဝက်ဘ်ဆိုက်မှာ သူတို ့့ဘာသာတင်ထားတဲ့ ကျား/မ လိင်သဘာဝကို ရယူခဲ့တာ ဖြစ်ပါတယ်။

အဓိကအားဖြင့် AI ဆော့ဖ်ဝဲလ်ဟာ မျက်နှာသွင်ပြင်လက္ခဏာကနေ ခွဲခြားသွားတာ ဖြစ်ပါတယ်။ စမ်းသပ်မှုတစ်ခုမှာ ဂေးတစ်ယောက်နဲ ့သာမန်ယောကျင်္ားတစ်ယောက်ကို ဓါတ်ပုံကနေ တစ်ဆင့် ခွဲခြားစေရာမှာ AI ဟာ ၈၁% မှန်အောင် ခွဲခြားနိုင်ခဲ့တယ်လို ့ဆိုပါတယ်။ အမျိုးသမီးများကို လေ့လာရာမှာတော့ ရ၁% ပဲ မှန်ခဲ့ပါတယ်။ ဒါဟာ လူသားလေ့လာသူများ မလုပ်ဆောင်နိုင်တဲ့ လိင်ပိုင်းဆိုင်ရာလေ့လာချက်တစ်ခုကို AI မှ ပထမဆုံး မျက်နှာသရုပ်ခွဲပညာနဲ ့လေ့လာခဲ့တာလည်း ဖြစ်ပါတယ်။

သုတေသီတွေရဲ့ အဆိုအရ ဂေးတစ်ယောက်ရဲ့ မျက်နှာမှာ မသိမသာ ကွဲလွဲတဲ့ စံပုံစံတစ်ခုရှိနေတယ်လို ့ဆိုပါတယ်။ ဥပမာ- အမျိုးသမီး လိင်တူချစ်သူတစ်ဦးရဲ့ မေးရိုးတွေမှာ ခပ်ကားကားဖြစ်နေပြီး လိင်တူချစ်သူအမျိုးသားတစ်ဦးရဲ့ မျက်နှာကျဟာ မေးရိုးကျဉ်းပြီး နှာခေါင်းပိုရှည်နေတယ်လို ့ဆိုပါတယ်။

ဒီလေ့လာမှုကို အမေရိကန်အခြေစိုက် LGBTများဆိုင်ရာ လူ ့အခွင့်အရေး အဖွဲ ့များမှ ရှုံ ့ချခဲ့ပါတယ်။ ဒါ့အပြင် dating site ပေါ်က ဓါတ်ပုံတွေ ယူသုံးခဲ့ခြင်းနဲ ့လူဖြူအမေရိကန်များကိုပဲ ဦးတည်လေ့လာခဲ့ခြင်းအပေါ် ဝေဖန်မှု မြင့်တက်ခဲ့ပါတယ်။

About the author

Chan Myae Maung

Leave a Comment

error: