International News Tech

စပိန်မှာ ယူရို ၁.၂ သန်း ဒဏ်တပ်ခံလိုက်ရတဲ့ Facebook

Written by Chan Myae Maung

မူပိုင်ခွင့် (Prvacy) ချိုးဖောက်တာကြောင့်ပါ။ စပိန်အမျိုးသား အချက်အလက်ကာကွယ်ရေး အဖွဲ့ အစည်းတစ်ရပ်ဟာ Facebook ရဲ့ ဥပဒေချိုးဖောက်မှုအပေါ် ယူရို ၁.၂ သန်း (ဒေါ်လာ ၁.၄ သန်း ) ဒဏ်ရိုက်လိုက်ပါတယ်။Facebook ဟာ စပိန်နိုင်ငံမှာ သုံးစွဲသူများရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ရယူစုဆောင်းပြီး ကြော်ငြာရာမှာ တရားမဝင် သုံးစွဲခဲ့တာကြောင့် အခုလို ဒဏ်တပ်ခံရတာ ဖြစ်ပါတယ်။ စပိန်အချက်အလက်ကာကွယ်ရေး စည်းမျဉ်းအရာရှိများရဲ့ ဖော်ပြချက်ထဲမှာ Facebook ဟာ သုံးစွဲသူတစ်ဦးချင်းစီရဲ့ စိတ်နေသဘောထား ၊ လိင် ၊ ဘာသာရေးယုံကြည်ချက်များ၊ တစ်ယောက်ချင်းစီရဲ့ ကြိုက်နှစ်သက်မှုများ စတဲ့ အချက်အလက်များကို ရယူခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ အမှုမျိုးကို Facebook ဟာ ဘယ်လ်ဂျီယမ် ၊ ပြင်သစ် ၊ ဂျာမဏီနဲ့ နယ်သာလန်တို့ မှာလည်း ကျူးလွန်ခဲ့ဖွယ်ရှိတယ်လို့  အာရှ – ဥရောပမူဝါဒရေးရာ ဒိုင်ယာလော့ခ်အဖွဲ့ အစည်း AEPD အာဏာပိုင်မှာက ဆိုပါတယ်။ ဒီအတွက်လည်း AEPD ဟာ Facebook ရဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ ဥပဒေအရ လူမှုကွန်ရက်သုံးစွဲသူများရဲ့ ကိုယ်ရေးအချက်အလက်များကို ကြော်ငြာနဲ့ အလားတူ စီးပွားရေးကဏ္ဍတွေမှာ အသုံးပြုလို့ မရပါဘူး။

စပိန်နိုင်ငံမှာ အချက်အလက် ရယူစဉ်က စပိန်သုံးစွဲသူများကို ဘာကြောင့် အခုလို ရယူတယ် အကြောင်းမကြာင်းဘဲ ရယူခဲ့တာ ဖြစ်ပါတယ်။ အချက်အလက်တစ်ချို့ ကို တိုက်ရိုက်ရယူပြီး တစ်ချို့ ကိုတော့ third party pages များ ၊ Facebook ဝန်ဆောင်မှုများကနေ တရားမဝင်ရယူခဲ့တာပါ။တစ်ချို့ ဆိုရင် page တွေကို like လုပ်ဖို့ လမ်းကြောင်းပေးခံရတယ်လို့ လည်း AEPD မှ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာလည်း WhatsApp နဲ့ အရောင်းအဝယ်ကိစ္စမှာ လက်တစ်လုံးခြား မရိုးမသားလုပ်ခဲ့ခြင်းကြောင့် EU မှ Facebook ကိုဒေါ်လာ သန်း ၁၂၀ ဒဏ်တပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Facebook ဟာ WhatsApp ကို ဒေါ်လာ ၂၂ ဘီလျံနဲ့ ဝယ်ခဲ့စဉ်က WhatsApp သုံးသူတွေရဲ့ profiles နဲ့ Facebook ကို ချိတ်မှာမဟုတ်ဘူးလို့ ကတိပြုခဲ့ပေမယ့် ၂ နှစ်အကြာမှာ Facebook သုံးသူများရဲ့ အချက်အလက်များကို WhatsApp နဲ့ ချိတ်သွားမယ်လို့ ကြေငြာခဲ့ပါတယ်။

Facebook ဟာ ဒုတိယသုံးလပတ်အတွက် ဒေါ်လာ ၉.၃၂ ဘီလျံ ဝင်ငွေ စံချိန်တင် ရရှိခဲ့တဲ့ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကြီးတစ်ခု ဖြစ်ပြီး Facebook ရဲ့ ကြော်ငြာဝင်ငွေဟာလည်း ဆက်တိုက် တက်လာနေပါတယ်။ ယခု ဒဏ်ကြေး ယူရို ၁.၂ သန်းဟာ Facebook အတွက်တော့ မပြောပလောက်တဲ့ ပမာဏဖြစ်နေပါတယ်။

 

Originally published at : https://techcrunch.com/2017/09/11/facebook-fined-e1-2m-for-privacy-violations-in-spain/

About the author

Chan Myae Maung

Leave a Comment

error: