Mobile Tech

တရားဝင်မိတ်ဆက်ပွဲမတိုင်ခင် Xiaomi Mi Mix 2 ရဲ့ ရှေ့ခြမ်း ဒီဇိုင်းများ ထွက်ပေါ်လာ

Written by Chan Myae Maung

အနည်းဆုံး မြန်မာငွေ ၆ သိန်းခွဲကျော်ကနေ ၈ သိန်း ဝန်းကျင်ဈေးအထိ ရှိမှာပါ။ တရုတ်နိုင်ငံ ဘေဂျင်းမှာ Xiaomi ရဲ့ စမတ်ဖုန်းသစ်နှစ်မျိုး ဖြစ်တဲ့ Mi Mix 2 နဲ့ Mi Note 3 တို့ ကို မိတ်ဆက်ကြေငြာနေပြီ ဖြစ်ပါတယ်။ ဒီပွဲရဲ့ အဓိက ထုတ်ကုန်ဖြစ်တဲ့ Mi Mix 2 ရဲ့ ရှေ့ ပိုင်း ဖုန်းဒီဇိုင်းကို ပွဲမတိုင်ခင်လေးမှာ ကပ်ပြီး သတင်းပေါက်ကြားလာပါတယ်။

Mi Mix ရဲ့ အဆက်အဖြစ် ထွက်လာမယ့် Xiaomi Mi Mix 2 ဟာ ဒီပွဲမတိုင်ခင်ကတည်းက bezel-less display သုံးသွားမယ်လို့ နာမည်ကြီးနေတာပါ။ Mi Mix 2 နဲ့ ပတ်သတ်ပြီး Xiaomi ရဲ့ president လီဘင်းရဲ့ အတည်ပြုချက်အရ ဒီဖုန်းမှာ သုံးစွဲသူရဲ့ မျက်နှာနဲ့ ဖုန်းကို လော့ခ်ဖွင့်နိုင်တဲ့ feature ပါရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ထွက်တဲ့ ရှေ့ပိုင်း screen ဒီဇိုင်းကတော့ bezel less display ဆိုတဲ့ အချက်ကို အပြည့်အဝထောက်ခံနေပါတယ်။ Mi Mix 2 ရဲ့ ရှေ့ တစ်ပြင်လုံးဟာ မှန်ပြင်နြ့ ပြည့်နေတာ ဖြစ်ပြီး ကင်မရာထားစရာ နေရာဆိုလို့ အောက်ခြေ ဘောင်မှာပဲ ထားဖြစ်မယ် ထင်ပါတယ်။ အရင် Mi Mix နဲ့ လည်း bezel ပိုင်းမှာ ပိုပြီး ဘေးဘောင်ပါးလာခဲ့ပါတယ်။

တစ်ခြား hardware specs အနေနဲ့ ဒီဖုန်းဟာ processor ကို နောက်ဆုံးထွက် Qualcomm Snapdragon 835 chipset ကို သုံးသွားဖို့ ရှိပါတယ်။ Android ကတော့ Google ရဲ့ နောက်ဆုံးထွက် Android 8.0 Oreo ဗားရှင်း ဖြစ်ပြီး storage သုံးမျိုးနဲ့ ထွက်လာမှာပါ။ ဒီဖုန်းမှာ နားကြပ်ပေါက်ထားသွားမလား မသိရသေးပါဘူး။ USB Type C ကိုတော့ Mi Mix 2 မှာ ဆက်သုံးသွားဖို့ ရှိပါတယ် ။

Xiaomi Mi Mix 2 ကို စက်တင်ဘာလ ၁၅ ရက်နေ့ မှာ ဈေးကွက်တင် ဖြန့် ချိသွားမှာပါ။ ဈေးနှုန်းအနေနဲ့  64GB ဗားရှင်းကို ၃၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခွဲကျော်) ၊ 128GB နဲ့ 256GB မော်ဒယ်တွေကိုတော့ ၃၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၂ သောင်းခန့် ) နဲ့ ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

About the author

Chan Myae Maung

Leave a Comment

error: