အမျိုးသမီးများ မဖြစ်မနေ ဆောင်ထားသင့်တဲ့ တစ်ကိုယ်ရေလုံခြုံရေး အက်ပလီကေးရှင်းများ - iT Guider
Applications iOS Tech

အမျိုးသမီးများ မဖြစ်မနေ ဆောင်ထားသင့်တဲ့ တစ်ကိုယ်ရေလုံခြုံရေး အက်ပလီကေးရှင်းများ

Written by Chan Myae Maung

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အတွက် အကောင်းဆုံး APP တွေပါ။

စမတ်ဖုန်းတစ်လုံး ရှိရုံနဲ့ လူတိုင်းအတွက် လုံခြုံတဲ့အခြေအနေကို ဖန်တီးနိုင်ပါတယ်။ အကြမ်းဖက်မှုများ ၊ ရာဇဝတ်များ တစထက် တစထူပြောလာတဲ့ ဒီကမ္ဘာကြီးမှာ ကိုယ်နဲ့ မကွာ ဆောင်ထားတဲ့ ဖုန်းထဲက အက်ပလီကေးရှင်းတစ်ခုကနေ ကိုယ့်ရဲ့ လုံခြုံရေးအတွက် ဘော်ဒီဂါတ်တစ်ယောက်လို အားကိုးနိုင်လာပြီ
ဖြစ်ပါတယ်။ ဒီလို တစ်ကိုယ်ရေလုံခြုံရေး app များထဲမှ အမျိုးသမီးများအတွက် အသင့်တော်ဆုံးနဲ့ အကောင်းဆုံး Safety apps များကို လက်တို့ ချင်ပါတယ်။

(၁) Watch Over Me

နာမည်ကြီး Safety app ထဲမှာမှ Watch Over Me ရဲ့ ကောင်းကွက်တစ်ခုက အရေးပေါ်အခြေအနေတစ်ခု ကြုံလာတာနဲ့ ဖုန်းကို လှုပ်ယမ်းပစ်လိုက်ရင် တစ်ခါတည်း အကူအညီတောင်းပြီး ဖြစ်သွားမှာပါ။ အရေးပေါ် ခလုတ်တွေ ဘာတွေ နှိပ်စရာမလိုတာသလို ဖုန်းကို ဖွင့်စရာတောင် မလိုဘဲ အကူအညီတောင်းနိုင်တာကလည်း တကယ့် ကျဉ်းထဲ ကျပ်ထဲမှာ အသုံးတည့်တဲ့ Feature လို့ ဆိုနိုင်ပါတယ်။

DOWNLOAD FOR iOS [TO GET]

DOWNLOAD FOR ANDROID [TO GET]

ဖုန်းကို လှုပ်ယမ်းလိုက်တာနဲ့ Alarm နဲ့ ဗွီဒီယိုကင်မရာပါ တစ်ခါတည်း ပွင့်သွားမှာ ဖြစ်ပြီး အရေးပေါ် ဖုန်းနံပါတ်နဲ့ ကိုယ့်ရဲ့ သီးသန့် သူငယ်ချင်းစာရင်းများဆီ Facebook ၊ SMS ၊ email စတဲ့ နေရာတွေကနေ လှမ်းအကြောင်းကြားသွားမှာပါ။ တည်နေရာပြစနစ်သုံး App ဖြစ်လို့ GPS ကိုတော့ ဖွင့်ထားရမှာ ဖြစ်ပါတယ်။

(၂) bSafe

ကိုယ်သွားနေတဲ့ လမ်းကြောင်းတစ်လျှောက်လုံးကို ကိုယ့်မိတ်ဆွေ နဲ့ မိသားစုမှ တောက်လျှောက်ကြည့်ပေးနိုင်မယ့် အက်ပလီကေးရှင်းပါ။ အရေးပေါ်အခြေအနေမှာ ကိုယ့်အသိမိတ်ဆွေတွေကို အကြောင်းကြားနိုင်မယ့် SOS ခလုတ်ထည့်ပေးထားပါတယ်။

DOWNLOAD FOR iOS [TO GET]

DOWNLOAD FOR ANDROID [TO GET]

ဒီအက်ပလီကေးရှင်းမှာ ကိုယ်တစ်ခုခုဖြစ်ချိန်မှာဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်တွေထည့်ပေးထားရမှာ ဖြစ်ပါတယ်။ ကိုယ့်မိတ်ဆွေတွေကလည်း GPS ကနေ ကိုယ်ဘယ်ရောက်နေလဲ သိနိုင်မှာပါ။

(၃) Circle of 6

၂၀၁၁ ခုနှစ်က အိမ်ဖြူတော်ရဲ့ အကြမ်းဖက်မှုဆန့် ကျင်ရေးမှာ နည်းပညာဆုရထားတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပါတယ်။ အနည်းဆုံး ကိုယ်ကနေ ဆက်သွယ်နိုင်တဲ့ သူငယ်ချင်း မိသားစုဝင် ၆ ဦးကို circle ထဲမှာ ထည့်ထားရမှာပါ။

DOWNLOAD FOR iOS [TO GET]

DOWNLOAD FOR ANDROID [TO GET]

တစ်ခုခုကြုံလာပြီဆိုရင် အက်ပ်မှာပါတဲ့ ကားပုံ ၊ ဖုန်းပုံ နဲ့  Chat icon တစ်ခုခုကိုနှိပ်ပြီး အကူအညီတောင်းနိုင်တဲ့အပြင် အရေးပေါ် အန္တရာယ်အချက်ပေး ခလုတ်တစ်ခုလည်း ပါရှိပါတယ်။

(၄) Life 360 Family Locator

အပြင်ခဏခဏ ထွက်ဖြစ်တဲ့ အမျိုးသမီးများအတွက် အိမ်မှာ ကျန်နေတဲ့ မိသားစုမှ ရောက်နေရာနေရာကို လှမ်းသိနိုင်တဲ့ Safety app ကောင်းတစ်ခုပါ။ လုံခြုံရေးအက်ပလီကေးရှင်းများမှာ ပါနေကျ Feature ဖြစ်တဲ့ SoS အရေးပေါ် မက်ဆေ့ပုံစံကိုလည်း ထည့်သွင်းထားသလို ထူးခြားတာတစ်ခုကကိုယ်ရောက်နေတဲ့ နေရာရဲ့ မြေပုံကို မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေပဲ မြင်နိုင်တဲ့ သီးသန့် Private map ထည့်ထားတာပါပဲ။

DOWNLOAD FOR iOS [TO GET]

DOWNLOAD FOR ANDROID [TO GET]

ဘက်ထရီလည်း သိပ်မစားသလို iPhone ၊ Android phones တွေအပြင် BlackBerry ဖုန်းတွေမှာတောင် သုံးနိုင်မှာပါ။ နောက်တစ်ခုက ကိုယ့်ဖုန်းအခိုးခံရတာတို့ ပျောက်သွားတာတို့ တောင်ဒီ app သုံးပြီး ပြန်ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...