၂၀၁၇ ခုနှစ်ထွက် အကောင်းဆုံး အန်းဒရိုက်ဂိမ်းသစ် ၅ မျိုး - iT Guider
Applications Mobile Tech

၂၀၁၇ ခုနှစ်ထွက် အကောင်းဆုံး အန်းဒရိုက်ဂိမ်းသစ် ၅ မျိုး

Written by Chan Myae Maung

ဂိမ်းသစ်တွေ ဖြစ်ပါတယ်။ တစ်နှစ်ကို အက်ပလီကေးရှင်းနဲ့ ဂိမ်းပေါင်း သိန်းသန်းချီ ထွက်လေ့ရှိတဲ့ Google Play Store မှာ ပလေယာတွေအကြိုက်တွေ့ ခဲ့တဲ့ ဂိမ်းတွေ ရှိခဲ့သလို ထင်သလောက် မပေါက်တဲ့ ဂိမ်းတွေလည်း ရှိခဲ့ပါတယ်။ အရင်နှစ်ကဆို လူပေါင်း သန်း ၇၀၀ ကျော် ဆော့ခဲ့တယ်ဆိုတဲ့ ပိုကီမွန်ကို ဒီဘက်မှာ လူကြိုက်နည်းသွားခဲ့ပါတယ်။ ၂၀၁၇ အတွက် Forbes မဂ္ဂဇင်းရဲ့ ဂိမ်းသုံးသပ်ချက်မှာ ဖော်ပြထားတဲ့ အကောင်းဆုံး ဂိမ်း ၅ ခု စာရင်း ကတော့ အားလုံးအကြိုက်တူဖို့ ရှိပါတယ်။

(၁) Monument Valley 2

အန်းဒရိုက်ဂိမ်းစာရင်းထဲ ထည့်လိုက်ရပေမယ့် iOS မှာလည်း နာမည်ကြီးတဲ့ ဂိမ်းလေးပါ။ Monument Valley 2 ဟာ ကလေးတစ်ယောက်နဲ့ အမေဖြစ်သူနှစ်ဦးကို ဇာတ်ကောင်အဖြစ် သုံးထားတဲ့ puzzle ဂိမ်း ဖြစ်ပြီး တစ်ယောက်တစ်နေရာစီ ရောက်နေရာကနေ အတူဆုံဖို့ ဥာဏ်သုံးရတာ ဖြစ်ပါတယ်။ ဂိမ်းရဲ့ သဘောက ရိုးရိုးရှင်းရှင်းလေး ပါ။ ကိုယ်သွားရမယ့် နေရာကို ဇာတ်ကောင်အချင်းချင်း ဆုံနိုင်အောင် ရွှေ့ ပေးရပါတယ်။ ဒီလိုရွှေ့ ရာမှာ ဘလောက်တုံးတွေ လှေကားနဲ့ ဂျီသြမေတြီပုံတွေကို နေရာတကျ ထားပြီး ကလေးကို အမေ့ဆီ ရောက်အောင် ပို့ ရတာပါ။ ပျော်စရာကောင်းသလို စိတ်လှုပ်ရှားစရာလည်း ကောင်းပါတယ်။ ဒီဂိမ်းမှာ သုံးထားတဲ့ နောက်ခံဂီတကလည်း ဂိမ်းရဲ့ အရသာကို ပံ့ပိုးပေးနေပါတယ်။ တစ်ခုဆိုးတာက Monument Valley 2 ကို free ဆော့လို့ မရပါဘူး။ သူ့ ကို ဆော့မယ်ဆိုရင်တော့ ၄.၉၉ ဒေါ်လာနဲ့ ဝယ်ရမှာပါ။

(၂) South Park: Phone Destroyer

အက်ရှင်ဂိမ်းတစ်ခု ဖြစ်တဲ့ South Park: Phone Destroyer မှာဆို ကောင်းဘွိုင်တွေနဲ့ အင်ဒီယန်းတွေအကြား ဖိုက်တဲ့ ဂိမ်းမျိုး ဖြစ်ပြီး ကိုယ်ကြိုက်တဲ့ ဇာတ်ကောင်ကို ရွေးသုံးလို့ ရမှာပါ။ ဒီဂိမ်းမှာတော့ ကတ်တွေ စုတာမျိုး ပါပါတယ်။ ကတ်တွေ စုပြီး ကိုယ့်အကောင်ကို ပါဝါတင် ၊ ဘက်တယ်ဆိုင်ရတာပါ။ ဒီကတ်တွေထဲမှာ Sheriff Cartman, Astronaut Butters, Posieden Stan စသည်ဖြင့် လူစုံ ဇာတ်ကောင်စုံကို ရွေးနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းထဲက အကောင်တွေရဲ့ ဒီဇိုင်းက ကာတွန်းဆန်ပြီး အန်နီမေးရှင်းကိုလည်း ကောင်းကောင်း ထည့်ထားတာတွေ့ ရမှာပါ။နောက်ထပ် ကောင်းတာတစ်ခုက ဒီဂိမ်းကတော့ ပိုက်ဆံပေးစရာမလိုတဲ့ free ဂိမ်း ဖြစ်နေပါတယ်။

(၃) Iron Marines

ဖိုက်တင်ဂိမ်းအမျိုးအစားဖြစ်ပြီး multi-player နဲ့ ဆော့ချင်သူတွေအတွက် Iron Marines ကို ဆော့ကြည့်သင့်ပါတယ်။ ဒီလိုမျိုး ဂိမ်းတွေကိုတော့ ဆော့တဲ့ သူများသလို ကြိုက်လည်း ကြိုက်ကြမှာပါ။ တာဝါဆောက်တာ ၊ ဟီးရိုးတွေ အဖွဲ့လို က် ဘက်တယ်ဆိုင်တာအပြင် စစ်ရေး ဗျူဟာတွေပါ ထည့်သုံးရတာ ဖြစ်လို့ အဖွဲ့ လိုက်ခေါင်းစားရတာတွေ ပါရှိပါတယ်။ တစ်ခုရှိတာက ဒီဂိမ်းမှာ အခန်း ၂ ခန်းပဲ လောလောဆယ် ပါသေးတာ ဖြစ်ပြီး နောက်မှာ တစ်ခြား ဧရိယာတွေ အသစ် ထပ်ထည့်သွားဖို့ ရှိပါတယ်။ ဒီဂိမ်းကတော့ ၄.၉၉ ဒေါ်လာ ပေးဆော့ရတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

(၄) Card Thief

ကတ်ဂိမ်းတွေ ကြိုက်သူများအတွက် Card Thief ကလည်း စမ်းကြည့်သင့်တဲ့ ဂိမ်းပါ။ အရင်ဆော့ဖူးတဲ့ ကတ်ဂိမ်းတွေနဲ့ တော့ တူမှာ မဟုတ်ပါဘူး။ ကတ် ၁၁ မျိုးနဲ့ အတူ ဂိမ်းဘုတ်မှာ ကိုယ်ခိုးထားတဲ့ ကတ်တစ်ခု ရှိနေပါတယ်။ ဒီကတ်ကနေမှ တစ်ခြား ကတ်တွေဆီ ဥာဏ်သုံးပြီး ရွှေ့ ရတာပါ။ ကတ်ရွှေ့ ရမှာ အန္တရာယ်တွေ ရှောင်ပြီး သွားရမှာမို့ စဉ်းစားရတဲ့ အပိုင်းတွေ ပါရှိပါတယ်။ တစ်ခုခု မလုပ်ခင် စဉ်းစားတတ်တဲ့ အကျင့်ကို ဒီဂိမ်းကနေ ရနိုင်ပါတယ်။

(၅) Neon Chrome

၁၀ ဒေါ်လာ ပေးဆော့ရတဲ့ ဂိမ်းဖြစ်လို့ အတော့်ကို ဈေးကြီးတဲ့ အန်းဒရိုက်ဂိမ်းလို့ ပြောနိုင်ပါတယ်။ သူကတော့ shooter ဂိမ်းမျိုး ဖြစ်ပြီး level ၂၀ ပါရှိပါတယ်။ လယ်ဗယ်က တစ်ခုနဲ့ တစ်ခုလည်း ဘယ်လိုမှ မတူတာကြောင့် ရှုံးလို့ ပြန်ဆော့လည်း အသစ်ဖြစ်နေတာက စိန်ခေါ်မှုတစ်ခုပါ။ ဂရပ်ဖစ်ကောင်းသလောက် ဆော့လို့ လည်း သိပ်မြူးတဲ့ ဂိမ်းဖြစ်ပြီး လက်နက်လည်း တစ်ယောက်ကိုင်ကနေ အကြီးစား လက်နက်ကြီးတွေအထိ အစုံသုံးနိုင်လို့ စိတ်ဝင်စားဖို့ အတော်ကောင်းပါတယ်။ ဈေးကြီးတယ်ဆိုပေမယ့် ဆော့ကြည့်ရင် စွဲသွားဖို့ သေချာတဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။

Via : DUWUN (CHANNEL)

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...