Sony ရဲ့ ဘေးဘောင်ပါး စမတ်ဖုန်းသစ်တစ်မျိုး ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်သွားမည်
Mobile

Sony ရဲ့ ဘေးဘောင်ပါး စမတ်ဖုန်းသစ်တစ်မျိုး ၂၀၁၈ ခုနှစ်မှာ မိတ်ဆက်သွားမည်

Written by Chan Myae Maung

H8541 လို့ မော်ဒယ်နံပါတ်ပေးထားတာပါ။
စမတ်ဖုန်းဈေးကွက်မှာ ဘေးဘောင်ပါးဒီဇိုင်းကိုပဲ အဆင့်အတန်းတစ်ခု သတ်မှတ်ပြီး တန်ဖိုးထားထုတ်လုပ်နေချိန်မှာ Sony ကတော့ သူ့ မူသူ့ ဟန်ကို နောက်ဆုံးအချိန်အထိ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ လာမယ့်နှစ်မှာတော့ Sony လည်း ဘေးဘောင်ပါး bezel-less စမတ်ဖုန်းကို ကြေငြာဖို့ သေချာသလောက် ရှိနေပါပြီ။

လက်ရှိပေါက်ကြားလာတဲ့ သတင်းတွေအရတော့ Sony ဟာ ဒီဖုန်းကို H8541 လို့ မော်ဒယ်နံပါတ်ပေးထားတာပါ။ ဒီဖုန်းဟာ ၂၀၁၈ အတွက် ပထမဆုံး Sony ထုတ် flagship ဖုန်း ဖြစ်ပြီး မျက်နှာပြင် ၅.၇ လက်မ 4k resolution ပါတဲ့ display ကို သုံးသွားမှာ ဖြစ်ပါတယ်။ display ကိုတော့ အကြမ်းခံ အပွန်းစင်းဒဏ်ခံနိုင်တဲ့ Corning Gorilla Glass 5 မှန်အုပ်ထားမယ်လို့ လည်း ပေါက်ကြားလာတဲ့ သတင်းများမှာ ဖော်ပြထားပါတယ်။ ဘက်ထရီကလည်း 3420 mAh ဘက်ထရီ ဖြစ်လို့ ဖုန်းနဲ့ လိုက်ဖက်တဲ့ ဘက်ထရီ ဖြစ်တယ်လို့ ယူဆလို့ ရပါတယ်။

Sony H8541 မော်ဒယ်ဟာ အရွယ်အစားဖြင့် Xperia XZ Premium ထက် ပိုပြီး မျက်နှာပြင်ကြီးပေမယ့် ပိုပြီး ပါးလာတဲ့ ဒီဇိုင်းသုံးထားတာပါ။ processor အနေနဲ့ Qualcomm Snapdragon 835 SoC သုံးသွားမယ်လို့ ဆိုပါတယ်။ နောက်နှစ်မှာတော့ Qualcomm ဟာ processor အသစ် ဖြစ်တဲ့ Snapdragon 845 SoC ကို မိတ်ဆက်သွားမှာမို့ ဈေးကွက်ထဲက Sony နဲ့ အပြိုင် နာမည်ကြီးဖုန်းကုမ္ပဏီတွေကတော့ နောက်ဆုံးထွက် chipset ကို သူတို့ ရဲ့ flagship ဖုန်းတွေမှာ ထည့်သုံးမှာ သေချာနေပါတယ်။

၂၀၁၈ နှစ်ဆန်းပိုင်းမှာ မြင်ရမယ့် H8541 ဟာ RAM 4GB/storage 64GB သုံးထားသလို ရေစို/ဖုန်တင်ဒဏ်ခံနိုင်ရည်ကလည်း IP68 rating ပါရှိမှာ ဖြစ်ပါတယ်။ Google ဟာ နောက်ဆုံးထွက် Android 8.0 Oreo ကို ကြေငြာပြီး ဖြစ်လို့ H8541 မော်ဒယ်စမတ်ဖုန်းမှာလည်း ဒီအန်းဒရိုက်ဗားရှင်းကို သုံးလာတော့မှာပါ။ ကင်မရာအကြောင်းနဲ့ ပတ်သတ်ပြီး ပြောမထားပေမယ့် လာမယ့်နှစ်ဆန်းပိုင်းလောက်မှာဆို ပြည့်ပြည့်စုံစုံသိရတော့မှာ ဖြစ်ပါတယ်

Via : DUWUN

About the author

Chan Myae Maung

Leave a Comment