ကျောဘက် ကင်မရာနှစ်လုံးပါ Honor 7X ဒီဇင်ဘာ ၅ ရက်နေ့ မိတ်ဆက်မည်
Mobile

ကျောဘက် ကင်မရာနှစ်လုံးပါ Honor 7X ဒီဇင်ဘာ ၅ ရက်နေ့ မိတ်ဆက်မည်

Written by Chan Myae Maung

နိုင်ငံတကာ ဈေးကွက်ကို မိတ်ဆက်မှာပါ။ တရုတ်ဈေးကွက်ထဲမှာ ပြီးခဲ့တဲ့လကတည်းက မိတ်ဆက်ပြီးသား Honor 7X မကြာခင် နိုင်ငံတကာဈေးကွက်မှာ မြင်ရတော့မှာပါ။ အနီရောင် ကာလသစ်နဲ့ စိတ်လှုပ်ရှားစရာ ဗားရှင်းကိုလည်း ဒီဇင်ဘာလ ၅ ရက်နေ့ မှာပဲ မိတ်ဆက်သွားမယ်လို့ ဆိုပါတယ်။

Honor 7X ဟာ ဒီဇိုင်းအားဖြင့် Huawei Mate 10 Lite နဲ့ အတော်လေးဆင်ပါတယ်။ ဒီဇိုင်းအချိုးအစားကလည်း ဒီနေ့ နာမည်ကြီးတဲ့ 18:9 aspect ratio ပဲ သုံးထားတာပါ။ အရင်က အနက် ၊ အပြာ နဲ့ ရွှေရောင်ပဲ ထွက်ထားတာပါ။ မျက်နှာပြင် ၅.၉၃ လက်မ Full View နဲ့ ထွက်လာပြီး fingerprint ကို ကျောဘက်မှာ ထားတာကတော့ အရင် Honor 6X နဲ့ အတူတူပါပဲ။ bezel-less ဘေးဘောင်ပါး mid-range ဖုန်းဖြစ်ပြီး ဈေးကလည်း အလတ်တန်းစားပဲ ဖြစ်ပါတယ်။

ဒီဖုန်းဟာ Huawei ရဲ့ ကိုယ်ပိုင် Kirin 659 processor ၊ RAM 4GB/storage 64GB နဲ့ 3340 mAh ဘက်ထရီတွေ သုံးထားပေမယ့် ရေစိုခံဖုန်းမဟုတ်သလို USB-C Type စတာတွေ ပါမလာပါဘူး။ Android ဗားရှင်းအနေနဲ့ Android 7.0 Nougat ကို သုံးထားပြီး UI ကတော့ Huawei ရဲ့ ကိုယ်ပိုင် EMUI 5.1 ဖြစ်ပါတယ်။

Dual SIM သုံးနိုင်သလို Dual rear ကင်မရာပါတာကလည်း Honor စီးရီးရဲ့ ဟန်ကို ဆက်ထိန်းထားတာပါပဲ။ ကျောဘက်မှာ 16MP နဲ့ 2MP ကင်မရာနှစ်လုံး ရှေ့ မှာ 8MP ဆယ်လ်ဖီကင်မရာတစ်လုံး တို့ ကလည်း ကင်မရာစနစ်အတွက် စမ်းသပ်စရာ ဖြစ်ပါတယ်။ ဒီဖုန်းကို တရုတ်မှာ ၁၂၉၉ ယွမ် (မြန်မာငွေ ၂ သိန်း ၆ သောင်းကျော်) နဲ့ ရောင်းချခဲ့တာ ဖြစ်လို့ ဈေးသင့် ပစ္စည်းသင့် ဖုန်းကြိုက်သူများအတွက် ရွေးစရာ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment