တစ်နေ့တာအတွက် အသုံးဝင်မယ့် iPhone Paid App ၆ခုပါ။
iOS Tech

တစ်နေ့တာအတွက် အသုံးဝင်မယ့် iPhone Paid App ၆ခုပါ။ (အချိန်ကန့်သတ်ချက်ရှိပါသည်)

Written by Chan Myae Maung

Apple ထုတ်ကုန်ကို အသုံးပြုသူတိုင်း Apple ရဲ့ App တွေကို ကြိုက်နှစ်သက်ကြတာ ဆန်းတော့မဆန်းပါဘူး။ ဒါပေမယ့် တစ်ခါတလေ ကိုယ်လိုချင်တဲ့ App တွေက အရမ်း ဈေးကြီး ပေးဝယ်ရတဲ့အခါတွေ ရှိတဲ့အခါ နည်းနည်းတော့ ညဉ်းညူမိမှာအမှန်ပါပဲ။ App ရေတဲ့ Developer အများစုကလည်း သူတို့ရေးခဲ့တဲ့ App ကို ယာယီခဏတာပေးသုံးတတ်ကြပြီး၊ အဲ့ဒီနောက်မှာတော့ Paid (ငွေချေရန်)ဆိုတဲ့ ကန့်သတ်ချက်တွေနဲ့ စတင်ရောင်းချလာကြပါပြီ။

ဒါပေမယ့် Developer အများစုက တစ်ပတ်၊ သို့မဟုတ်၊ တစ်လတစ်ကြိမ်လောက်တော့ Free ဆိုပြီး အဆိုပါ App တွေကို User တွေအတွက် အမြဲလုပ်ပေးတတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့လို iOS User တော်တော်များများ အခမဲ့ရနိုင်မဲ့ App တွေကို သိကြမှာမဟုတ်ပါဘူး။ သို့ပေမယ့် ယခုလို အခမဲ့ App တွေ ပေးတဲ့အချိန်မှာတော့ ကျွန်တော်တို့ iT Guider နည်းပညာ Website မှ ရှာဖွေကာ မိတ်ဆွေတို့ကို အကြောင်းကြားပေးကာ အသိပေး တင်ပေးနေတာမို့ အမြဲ သိရမှာပါ။

ယခု မိတ်ဆွေတို့ အတွက် တစ်နေ့တာလုံးမှာ အသုံးဝင်စေမယ့် iOS Paid Version App ၆ခုနဲ့ မိတ်ဆက်ပေးပါမယ်။ အဆိုပါ Paid App ၆ခုကို ယခု တင်ပေးတဲ့အချိန်ကနေပြီး အခမဲ့ရယူနိုင်မှာပါ။ အချိန်တော့ ကန့်သတ်ချက်ရှိပါတယ်။ သူတို့သတ်မှတ်ထားတဲ့ အချိန်ကျော်သွားတာနဲ့ Paid App အဖြစ် ပိုက်ဆံပေးဝယ်မှ ရတော့မှာပါ။

ဒါ့ကြောင့်မို့ ယခုပဲ အမြန်ဆုံး Download ရယူကာ Install လုပ်ထားလိုက်ပါ။ အဆိုပါ App တွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

Cranky Weather

(ဒါကတော့ ရာသီဥတုကို အချိန်မှန်ညွှန်ပြပေးတဲ့ App ပါ။)

( GET HERE! )

Calming Meditation Oasis 

(ဒါကတော့ သင့်ရဲ့ စိတ်ကို အတတ်နိုင်ဆုံရှင်းလင်းအောင် တရားမှတ်ပေးဖို့ လမ်းညွှန်ထားတဲ့ App ကောင်းလေးတခုပါ။)GET HERE! )

Rainbow

(ဒီကောင်ကတော့ အမိုက်ဆုံးပဲ။ ရောင်စုံကာလာနဲ့ iOS Keyboard တခုပါ။)GET HERE! )

Throwback Stories

(သင့်ရဲ့စိတ်ခံစားချက်တွေကို ဝေမျှခံစားပေးနိုင်မယ့် App ကောင်းလေးတခုပါ။)GET HERE! )

CalcKey

(ဒီAppလေးကတော့ နေ့စဉ်သုံးလိုအပ်ချက်တွေကို တွက်ချက်ပေးနိုင်တဲ့ ဂဏန်းပေါင်းစက်လေးတခုပါ။)

( GET HERE! )

GlowOrbX

(ဒါကတော့ Game ပါ။ ဟိုရွှေ့ဒီရှောင် ကစားလို့ကောင်းပြီး၊ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Game App တခုပါ။)

( GET HERE! )

အထက်ပါ ဖော်ပြပေးထားတဲ့ App တွေက ယခု အချိန် အမြန်ဆုံး ရယူထားသင့်တာမို့ Download ယူထားပါ။

ထပ်ပြောမယ်နော်… အချိန်ကန့်သတ်ချက်ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။

Written by : Chan Myae Maung

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...