iPhone and iPad ပေါ်က Apps တွေကို သူများမမြင်အောင် ဘယ်လို ၀ှက်ထားမလဲ?
iOS Tech

iPhone and iPad ပေါ်က Apps တွေကို သူများမမြင်အောင် ဘယ်လို ၀ှက်ထားမလဲ?

Written by Chan Myae Maung

ဒီနည်းလမ်းကို iOS User တော်တော်များများသိပြီးကြပြီးပြီထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် နောက်တစ်ခေါက် ထပ်ဝေမျှပေးမယ်နော်…။

ကျွန်တော်တို့ နေ့စဉ်သုံးနေကြ Apps တွေ (ကျွန်တော် Apps လို့ပဲ သုံးနှုန်းတော့မယ်နော်) iPA လို့ မပြောတော့ဘူး။ သာမာန် သုံးနေကြ Apps တွေကို Screen ပေါ်မှာတင်ထားတာကတော့ ကိစ္စမရှိဘူး။ ဒါပေမယ့် တစ်ချို့ ကိုယ်မသိစေချင် မမြင်စေချင်တဲ့ ကိစ္စတွေကတော့ လူတိုင်းရှိတတ်ကြမှာပါပဲ။ ဟုတ်ပြီ။။

ကျွန်တော် ထွေထွေထူးထူး မပြောတော့ဘူး။ ဘယ်နေရာကနေ ဘယ်လိုဝင်လုပ်ရမယ်ဆိုတာကိုပဲ ပုံလေးတွေနဲ့ ပြပေးလိုက်တော့မယ်… လိုက်ပြီးတော့ လေ့ကြကြည့်ကြတာပေါ့နော်… J

ပထမဦးဆုံး ကျွန်တော်တို့ရဲ့ iPhone ထဲက Setting ဆိုတဲ့ နေရာကိုနှိပ်ပြီး၊ General ဆိုတဲ့ Tab ကို နှိပ်ပေးလိုက်ပါ။

ပြီးရင် Restriction ဆိုတာလေးထပ်နှိပ်ပေးလိုက်ပါ။

Restriction ဆိုတဲ့နေရာလေးက မှိန်နေတယ်ဆိုရင် ပုံပါအတိုင်း Enable လုပ်ပေးလိုက်ပါ။ Enable လုပ်တဲ့အချိန် ကျွန်တော်တို့ နောက်ထပ် အသုံးပြုဖို့အတွက် Passcode တခု ထပ်ထည့်ပေးရမှာပါ။

Passcode ထည့်ပြီးနောက်မှာတော့ အဲ့ထဲမှာ ကိုယ်ဖွင့်ထားတဲ့ Apps တွေကို တွေ့ရမှာပါ။ စိမ်းနေတဲ့ Button တွေကို Off လိုက်ရင် ကိုယ်မမြင်စေချင်တဲ့ Apps တွေကို Hide ထားတာပဲဖြစ်ပါတယ်။

ပုံမှာမြင်ရတဲ့အတိုင်း ကျွန်တော် မလိုချင်တဲ့ Apps တွေကို Enable လုပ်ထားတာကို မြင်ရမှာပါ။ သာမာန်အားဖြင့်တော့ iTunes Store, Music Profiles & Post, iBooks Store, Podcasts တို့တွေက ကျွန်တော်တို့တွေ အများစု မသုံးကြတဲ့ Apps တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင်းဖွင့်ထားမယ့်အတူတူ Data ကုန်သက်သာအောင် ပိတ်ထားလိုက်တာပဲ ကောင်းပါတယ်။

တစ်ခုပြောပါရစေ…။ အောက်နားလေးမှာ Installing Apps ဆိုတာလေးကို ရှာကြည့်ပါ။ အဲ့ဒါကို ဖွင့်ထားလိုက်မယ်ဆိုရင်တော့ ကျွန်တော်တို့ App Store ကနေ Get လုပ်ပြီး Download ဆွဲပြီးတဲ့အခါမှာ Auto Install လုပ်ထားတာကို ပိတ်ပေးပါတယ်။ ထပ်ပြီးတော့နောက်ထပ် Apps တွေကို Install & Download လုပ်လို့မရတော့ဘူးလို့ ကျွန်တော် ဆိုလိုချင်တာပါ။

ပြီးတော့ အဲ့ဒီအောက်မှာပဲ Deleting Apps ဆိုတာကို ထပ်တွေ့ရမှာပါ။ အဲ့ဒါကတော့ ရိုးရှင်းပါတယ်။ ဘာလဲဆိုတော့ “ကျွန်တော်တို့ ဖုန်းကို ကလေးတွေကို ပေးတဲ့အချိန်” သူတို့တွေ Apps တွေကို ဖိလိုက်ရင် Crossing Sign (အမှားကြက်ခြေခတ်လေး) ပေါ်လာတာ လူတိုင်းသိပါလိမ့်မယ်။ အဲ့ဒီ အမှားလေးကို နှိပ်လိုက်ရင် ကျွန်တော်တို့ ထည့်ထားတဲ့ Apps တွေကို Uninstall & Delete တခါတည်း လုပ်လိုက်တာပါ။ အဲ့တော့ အဲ့ဒီ Deleting Apps ကို Off ထားလိုက်ရင် Apps တွေကို ပြန်ဖျက်လို့ ရမှာ မဟုတ်တော့ပါဘူး။

အောက်က Allowed Content ဆိုတာတဲ့အပိုင်းကို နောက်မှ ရှင်းပြပေးပါတော့မယ်။ ဒီနေ့တော့ ဒီလောက်ပါပဲ။ ကျေးဇူးတင်ပါတယ်။

Written by : CHAN MYAE MAUNG

About the author

Chan Myae Maung

Leave a Comment