ဘက်ထရီသက်တမ်းပေါ်လိုက်ပြီး iPhone တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းနိုင်
iOS Mobile Tech

ဘက်ထရီသက်တမ်းပေါ်လိုက်ပြီး iPhone တွေရဲ့ စွမ်းဆောင်ရည် ကျဆင်းနိုင်

Written by Chan Myae Maung

စမတ်ဖုန်းတစ်လုံးရဲ့ ဘက်ထရီဟာ ၂ နှစ်ပတ်ချာလည်လောက်ပဲ သုံးလို့ ကောင်းပါတယ်။ iPhone တစ်လုံးဟာ ဘယ်နည်းနဲ့ မဆို အန်းဒရိုက်ဖုန်းတစ်လုံးထက် သက်တမ်းအားဖြင့်ရော Performance ပိုင်းအရပါ သာပါတယ်။ တကယ်လို့  ကိုယ်ကိုင်နေတဲ့ iPhone အရင်လောက် မသွက်တော့ဘူးဆိုရင် ဒါဟာ ဘက်ထရီပိုင်းနဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။

ဖုန်းတွေရဲ့ Performance ကို တွက်ချက်တိုင်းတာတဲ့ Benchmarking ဆော့ဖ်ဝဲလ် Geekbench ကို ထုတ်တဲ့ Primate Labs တည်ထောင်သူ ဂျွန်ပိုးလ်ကတော့ ဒီအချက်ကို အသေးစိတ် ပြောထားတာ ရှိပါတယ်။ သူဟာ iPhone 6 နဲ့ iPhone 7 တို့ မှာ တွေ့ ရတဲ့ စွမ်းရည်ကျဆင်းမှု ပြဿနာကို သုံးသပ်ပြခဲ့တာ ဖြစ်ပြီး သူ့ အဆိုအရ ဒါဟာ ဖုန်းဘက်ထရီနဲ့ ဆိုင်တယ်လို့ ဆိုပါတယ်။

သက်တမ်းရင့်လာတဲ့ ဖုန်းဘက်ထရီတစ်လုံးကြောင့် စမတ်ဖုန်းတစ်လုံးရဲ့ Processor လုပ်ဆောင်ချက်ပါ ကျဆင်းလာတာကြောင့် အရင်လို သုံးလို့ သိပ်မမြန်တော့ဘူးဆိုတဲ့ အချက်ကို သူက တွေ့ ရှိခဲ့တာပါ။ သာမန်သုံးစွဲသူအများစုကတော့ ဖုန်းတစ်လုံးဟာ တစ်သက်လုံး ဒီအတိုင်း သုံးရ မြန်ဆန်နေဦးမယ်လို့ ထင်တာများပါတယ်။ ဂျွန်ပိုးလ်ကတော့ ဘက်ထရီသက်တမ်းရင့်သွားတဲ့ iPhone တစ်လုံးမှာ ရုတ်တရပ် Shut down ကျတာတွေ ဖြစ်ရင် ဘက်ထရီလဲသင့်တယ်လို့ အကြံပြုထားပါတယ်။

လက်ရှိ ခေတ်ပေါ် စမတ်ဖုန်းတွေမှာ သုံးနေတဲ့ လစ်သီယံအိုင်ယွန် ဘက်ထရီအများစုမှာ အားသွင်းစနစ် Full Charge ၊ Discharge Cycle ကို အနည်းဆုံး အကြိမ် ၅၀၀ အထိ ခံနိုင်အောင် ဒီဇိုင်းထုတ်ထားကြတာပါ။ ဆိုတော့ စမတ်ဖုန်းတစ်လုံးရဲ့ ဘက်ထရီဟာ ၂ နှစ်ပတ်ချာလည်လောက်ပဲ သုံးနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းရင့်ခြင်းဟာ ဖုန်းတိုင်းအတွက် စွမ်းရည်ကျဆင်းဖို့ အကြောင်းရင်းထဲက တစ်ချက်ဖြစ်နိုင်မလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်လာပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...