သက်တမ်းကြာ iPhone များ သုံးမကောင်းခြင်းကြောင့် Apple တရားစွဲခံရ - iT Guider
International News iOS Mobile Tech

သက်တမ်းကြာ iPhone များ သုံးမကောင်းခြင်းကြောင့် Apple တရားစွဲခံရ

iphone user တွေကတော့ ဒါဟာ တမင်ရည်ရွယ်ချက်နဲ့ လုပ်ထားတာလို့ စွပ်စွဲထားပါတယ်။ အချိန်ကြာတာနဲ့ အမျှ iPhone တွေ သုံးရသိပ်မသွက်တော့တဲ့ အကြောင်းရင်းကို Apple ဘက်မှ ရှင်းချက်ထုတ်ပြီး နောက်တစ်ရက်မှာပဲ အမေရိကန်မှ iPhone user များ အဖွဲ့  ၂ ဖွဲ့ ဟာ Apple ကို တရားစွဲလိုက်ပါတယ်။

ဒီတစ်ပတ်ထဲမှာပဲ iphone များ သက်တမ်းကြာလေ သုံးရနှေးကွေးသွားလေ ဖြစ်တဲ့အပေါ် Apple က ရှင်းလင်းတင်ပြခဲ့တာပါ။ Apple ရဲ့ အဆိုအရ အခုလို သက်တမ်းကြာ iPhone မော်ဒယ်များ သုံးရတာ သိပ်မသွက်တော့တာဟာ ဖုန်းကို အကောင်းဆုံး performance နဲ့ သုံးနိုင်ဖို့ ဖြစ်သလို ဖုန်းဘက်ထရီဟောင်းကနေ စွမ်းအင်ကို မထိန်းနိုင်တာကြောင့် ဖုန်း shut down ကျမယ့်အခြေအနေတွေကို ကာကွယ်ပေးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ iPhone users တွေကတော့ Apple ဟာ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်းကို တမင်လျှော့ထားတာဖြစ်တယ်လို့ စွပ်စွဲထားတာပါ။

ဒီဖြစ်ရပ်တွေရဲ့ အကျိုးဆက်ကတော့ iPhone သုံးသူများကို ကိုယ်စားပြုထားတယ်ဆိုတဲ့ အဖွဲ့ တွေကနေ ကယ်လီဖိုးနီးယားနဲ့ ချီကာဂိုမြို့ တရားရုံးတွေမှာ Apple ကို တရားစွဲလိုက်တာ ဖြစ်ပါတယ်။ သူတို့ ရဲ့ စွဲချက်အရ iPhone ကိုင်သူတွေကို ဘယ်တော့မှ ကိုယ့်ခြေကိုယ့်လက် သုံးခွင့်မပေးဘဲ ကုမ္ပဏီရဲ့ ဆန္ဒတစ်ခုတည်းနဲ့ ချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။ ဒီထဲမှာ ဖုန်းတစ်လုံးရဲ့ တန်ဖိုး ကျသွားတာ ၊ ဘက်ထရီသစ်ပြန်ဝယ်ရတာတွေအတွက် လျော်ကြေးတောင်းတာတွေပါ ပါဝင်လာပါတယ်။

ယခုအမှုကို လော့စ်အိန်ဂျလိစ်နေ စတီဖင်ဘော့ဂ်ဒါနိုဗစ်ခ်ျ နဲ့ ဒါကိုတာ စပီးယားစ်တို့ မှ Apple ကို သုံးစွဲသူများ သဘောထားမပါဘဲ လက်ဝါးကြီးအုပ် ကြားဖြတ်နှောင့်ယှက်မှုနဲ့ ကယ်လီဖိုးနီးယား ဗဟိုတရားရုံးမှာ တရားစွဲခဲ့တာပါ။ ဒုတိယအမှုကိုတော့ တရားလို ၅ ဦးမှ Apple ဟာ iPhone သစ်တွေရောင်းအားကောင်းဖို့ မော်ဒယ်ဟောင်းတွေရဲ့ စွမ်းအင်စီမံတဲ့ စနစ်အကြောင်း ရေငုံနှုတ်ပိတ်နေခဲ့တယ်ဆိုပြီး အီလီနွိုက်စ် တရားရုံးမှာ တရားစွဲဆိုထားတာပါ။ iPhone မော်ဒယ်ဟောင်းတွေ ဆိုရာမှာ iPhone 6 နဲ့ iPhone 7 အထိ ပါဝင်နေတာလည်း ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...