iPhone X ကို မြန်မာငွေ သိန်း ၅၄၀ ကျော်ဈေးနဲ့ ရောင်းချနေ
Mobile

အဖိုးတန်ကျောက်မျက်ရတနာ ၃၀၀ ကျော်ပါတဲ့ iPhone X ကို မြန်မာငွေ သိန်း ၅၄၀ ကျော်ဈေးနဲ့ ရောင်းချနေ

Written by Chan Myae Maung

စိန်အလုံးရေ ၃၄၄ လုံးနဲ့ ပတ္တမြား ၁၄ လုံးပါရှိပါတယ်။ ပင်ကိုယ်က ဈေးကြီးပြီးသား iPhone X ကို ရတနာနဲ့ အလှဆင်ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Caviar မှ ပြန်ရောင်းချချိန်မှာ ပေါင် ၃၄၂၀၀ (မြန်မာငွေ ကျပ်သိန်း ၅၄၀ ကျော်) သွားပါတယ်။

Imperial Crown နာမည်နဲ့ ထွက်လာတဲ့ iPhone X ဟာ ရုရှားရတနာကုမ္ပဏီ Caviar ရဲ့ လက်ရာဖြစ်ပြီး အထက်တန်းလွှာ လူတန်းစားများအတွက် luxury brand တစ်ခုအဖြစ် အသွင်ပြောင်းထုတ်လိုက်တာပါ။ ကျောဘက်မှာ အရွယ်အစား မတူညီတဲ့ စိန်ပေါင်း ၃၄၄ လုံး ပါရှိတဲ့အပြင် ပတ္တမြားအကြီးစားကချည်း ၁၄ လုံး အတန်းလိုက် စီထည့်ထားပါတယ်။ ဒါတင်မဟုတ်ဘဲ ကျောဘက်မှာ ရွှေပြားအုပ်ထားပြီး ဘောင်တွေကလည်း ရွှေနဲ့ ပဲ ကွပ်ထားတာပါ။

iPhone X Imperial Crown ရဲ့ တန်ဖိုးဟာ သာမန် iPhone X တစ်လုံးထက် အဆပေါင်း ၄၀ ကျော် ဈေးကြီးနေပေမယ့် အထဲမှာ သုံးထားတဲ့ ပစ္စည်းတွေကတော့ ထုံးစံအတိုင်း ဘာအသစ်အဆန်းမှ မပါပါဘူး။ Imperial Crown ဟာ 64GB မော်ဒယ်အနေနဲ့ ထွက်လာတာ ဖြစ်ပြီး Caviar ထုတ် iPhone X တွေထဲမှာ ဈေးအကြီးဆုံးလည်း ဖြစ်ပါတယ်။

Apple ရဲ့ iPhone X ဈေးကွက်ထဲ စတင်ဖြန့် ချိချိန် ထုတ်ခဲ့တဲ့ Caviar iPhone X Tesla ဆိုရင် 64GB မော်ဒယ်ကို ၄၄၄၅ ဒေါ်လာ (မြန်မာငွေ သိန်း ၆၀ ကျော်) နဲ့ 256GB ကို ဒေါ်လာ ၄၇၀၀ (မြန်မာငွေ ၆၃ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချခဲ့တာပါ။ ဒီဖုန်းကတော့ အရင်ဗားရှင်းထက် ဆယ်ဆ နီးနီး ဈေးပိုကြီးနေတာလည်း ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment