Nokia 9 စမတ်ဖုန်းသစ်မှာ IP67 rating ရေစိုခံနှုန်း ပါရှိမည် - iT Guider
Mobile

Nokia 9 စမတ်ဖုန်းသစ်မှာ IP67 rating ရေစိုခံနှုန်း ပါရှိမည်

Written by Chan Myae Maung

Wireless charging ကို support ပေးသွားဖို့ ရှိပါတယ်။ ဒီနှစ်မကုန်ခင် မြင်ရဖို့ ရှိတဲ့ HMD ရဲ့ နောက်လာမယ့် အဆင့်မြင့် high-end ဖုန်း Nokia 9 ဟာ မှန်အခုံးဒီဇိုင်းကိုမှ ရေလုံတဲ့ဖုန်းတစ်လုံးအဖြစ် မြင်ရတော့မှာပါ။

၂၀၁၇ တစ်နှစ်တာအတွင်း စမတ်ဖုန်းကုမ္ပဏီတိုင်း အကြိုက်သုံးလာတဲ့ 18:9 aspect ratio ကို Nokia 9 မှာ ဆက်ခံသွားမှာ ဖြစ်ပြီး display ဒီဇိုင်းကိုပါ ဘေးနှစ်ဘက်အကွေး မှန်အခုံးပုံစံနဲ့ ထွက်လာမှာပါ။ ဒီလိုမျိုး curved display ကို Samsung ရဲ့ flagship ဖုန်းတွေဖြစ်တဲ့ Galaxy S8 နဲ့ Note 8 တို့ မှာ မြင်နေကျ ဖြစ်ပေမယ့် Nokia စီးရီးတွေအတွက်တော့ ဒါဟာ အသစ်ပဲ ဖြစ်နေပါတယ်။ ကိုယ်ထည်ပိုင်းဖွဲ့ စည်းမှုအရ ပြောမယ်ဆိုရင် ရှေ့ နောက် မှန်ကာဗာကိုမှ အလယ်ဖရိမ်ကို သတ္ထုကွပ်ထားတာ ဖြစ်လို့ Nokia 9 ဟာ wireless charging ကို support ပေးသွားမလားဆိုတာ စိတ်ဝင်စားစရာကောင်းလာပါတယ်။

ဒီဇိုင်းပိုင်းသတင်းအပြင် တစ်ခြား ကြားသိသမျှအရတော့ ကျောဘက်မှာ ထောင်လိုက် dual camera နဲ့ fingerprint သုံးထားတာတွေ့ ရပါတယ်။ ဒီဖုန်းဟာ Nokia စီးရီးတွေထဲမှာ အမြင့်ဆုံး ရေစိုခံအဆင့်ဖြစ်တဲ့ IP67 rating ရေစိုခံလာတာကြောင့် ရေအနက် ၁ မီတာကို မိနစ် ၃၀ ကြာအောင် ရေစိမ်ခံနိုင်တော့မှာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာက ဒီဖုန်းကလည်း iPhone တွေလို 3.5mm နားကြပ်ပေါက် ပါမလာတော့ပါဘူး။

လက်ရှိမှာ Nokia 9 အကြောင်း သတင်းအတိအကျ ပြောမရပေမယ့် processor ပိုင်းမှာ Snapdragon 835 ၊ RAM 6GB/storage 64GB ကို သုံးသွားဖို့ ရှိသလို OS စနစ်ပိုင်းမှာလည်း Android 8.0 Oreo ကို သုံးသွားဖို့ များနေပါတယ်။ ဘက်ထရီပိုင်းမှာ Quick Charging 3.0 စနစ်ပါတဲ့ 3800 mAh ဘက်ထရီအကြီးစားကို သုံးသွားဖို့ ရှိပါတယ်။ မကြာခင် ရက်ပိုင်းမှာတော့ Nokia 9 ကို ဈေးကွက်မှာ မိတ်ဆက်သွားဖို့ ရှိတာကြောင့် ဆက်လက်စောင့်ဆိုင်းကြည့်ရဦးမှာပါ။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment