Xiaomi ရဲ့ ဘက်ဂျက်ဖုန်း Redmi 5A ဒီဇင်ဘာ ၇ ရက်နေ့ စတင်ရောင်းချသွားမည်
Mobile

Xiaomi ရဲ့ ဘက်ဂျက်ဖုန်း Redmi 5A ဒီဇင်ဘာ ၇ ရက်နေ့ စတင်ရောင်းချသွားမည်

Written by Chan Myae Maung

တန်ဖိုးနည်း ဖုန်းကောင်းတစ်လုံး ဖြစ်မှာပါ။ အိန္ဒိယဈေးကွက်ထဲ နောက်ထပ် ဝင်ရောက်လာတဲ့ Xiaomi brand တစ်ခုကတော့ မြန်မာငွေ ၁ သိန်း ၂ သောင်းကျော်တန် Redmi 5A ပဲ ဖြစ်ပါတယ်။

အစောပိုင်းသတင်းများအတိုင်းပဲ Redmi 5A ဟာ RAM ဗားရှင်း ၂ မျိုးနဲ့ ထွက်လာတာ ဖြစ်ပြီး တကယ့် ဘက်ဂျက်ဖုန်းစစ်စစ်တန်းဝင် ဖုန်းဖြစ်ပါတယ်။ ဘက်ဂျက်ဖုန်းတစ်လုံးဘက်က ကြည့်ရင်တော့ စိတ်ချမ်းသာစရာတွေကို ဒီဖုန်းမှာ မြင်ရမှာပါ။ dual SIM သုံး 4G ဖုန်းတစ်လုံးဖြစ်တဲ့ Redmi 5A ဟာ မျက်နှာပြင် ၅ လက်မ 720p display သုံးထားပြီး processor ကတော့ 1.4GHz မြန်နှုန်းရှိ Snapdragon 425 chipset ဖြစ်ပါတယ်။ ထူးခြားတာက ဒီဖုန်းမှာလည်း Xiaomi ရဲ့ နောက်ဆုံးထွက် MIUI 9 တစ်ခါတည်း ပါလာတာပါ။

Redmi 5A ဟာ onboard storage အနေနဲ့ 16GB နဲ့ 32GB ပဲ ပါရှိပေမယ့် တကယ်တမ်း storage လိုသူတွေအတွက် microSD card အကူအညီနဲ့ 128GB အထိ ထပ်စိုက်နိုင်မှာ ဖြစ်လို့ မဆိုးဘူးလို့ ပြောနိုင်ပါတယ်။ Android ဗားရှင်းအနေနဲ့ Android 7.1.2 Nougat တစ်ခါတည်း ပါလာလို့ အန်းဒရိုက်ဗားရှင်းအမြင့်စား ပါလာတာကလည်း ဒီဖုန်းရဲ့ အားသာချက်တစ်ခုပါ။ ကင်မရာပိုင်းမှာတော့ HDR အမြင့်စား ရိုက်ချက်တွေ ရိုက်နိုင်တဲ့ 13MP ကျောဘက်ကင်မရာနဲ့ auto focus ကောင်းပါတဲ့ 5MP ဆယ်လ်ဖီကင်မရာ သုံးထားတာ တွေ့ ရပါတယ်။

ဒီဖုန်းဟာ အရောင် အနေနဲ့ ရွှေရောင် ၊ မီးခိုးမှိုင်း နဲ့ ပန်းနုရောင် ၃ မျိုးနဲ့ လာပြီး ဘက်ထရီကိုတော့ 3000 mAh ဘက်ထရီကို သုံးထားတာပါ။ ဈေးကွက်ထဲမှာ အနိမ့်ဆုံးဗားရှင်း ဖြစ်တဲ့ RAM 2GB ကို ၅၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၂ သောင်းခွဲ) နဲ့ RAM 3GB ဗားရှင်းကို ၆၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်းခွဲခန့် ) ဈေးနဲ့ လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

About the author

Chan Myae Maung

Leave a Comment