အစည်းအဝေးတွေမှာ မှတ်စုစာအုပ်တွေနဲ့ရေးမှတ်နေတုန်းပဲလား ...
Mobile

အစည်းအဝေးတွေမှာ မှတ်စုစာအုပ်တွေနဲ့ရေးမှတ်နေတုန်းပဲလား …

Written by Chan Myae Maung

S-Pen လုပ်ဆောင်ချက်က စာအုပ်နဲ့မှတ်စုလိုက်တာထက်ပိုပြီ စမတ်ကျ ထိရောက်တာကိုတွေ့ရမှာပါ။ စမတ်ဖုန်းတွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတာ ၄ ၊ ၅ နှစ်လောက်တောင်ရှိနေပြီဆိုပေမယ့် ဒီနေ့အချိန်ထိ ရုံးအစည်းအဝေးတွေမှာပဲဖြစ်ဖြစ်၊ တခြားမှတ်စုလိုက်စရာရှိတဲ့နေရာတွေမှာပဲဖြစ်ဖြစ် လူအများစုက မှတ်စုစာအုပ်တွေ၊ ဘောပင်တွေကိုအသုံးပြုနေကြတုန်းပါပဲ။

ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုတော့ စမတ်ဖုန်းတွေမှာ မှတ်စုလိုက်ဖို့အတွက် လုပ်ဆောင်ချက်တွေပါဝင်ပေမယ့် တကယ်တမ်းအသုံးပြုတဲ့အခါမှာ စာအုပ်နဲ့ဘောပင်လောက် အဆင်မပြေလို့ပါ။

ဒါပေမဲ့ Samsung ကနေ မြန်မာနိုင်ငံကို အသစ်တင်သွင်းလာတဲ့ Galaxy Note Fan Edition စမတ်ဖုန်းမှာပါဝင်တဲ့ S-Pen လုပ်ဆောင်ချက်ကတော့ စာအုပ်၊ဘောပင်တို့နဲ့မှတ်စုလိုက်တာထက်ပိုပြီးအဆင်ပြေပြေ၊ စမတ်ကျကျ နဲ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်စွမ်း ရှိတာကိုတွေ့ရမှာပါ။

Note Fan Edition ရဲ့ S Pen ဟာဆိုရင် ဘောပင်အစစ်နဲ့ရေးသလို စာလုံးတွေကိုတိတိကျကျရေးမှတ်နိုင်ပါတယ်။ ဒါ့အပြင် မှတ်စုရေးမှတ်ခါနီးမှာဖုန်းကို Lock ဖွင့်နေစရာမလိုတဲ့ Screen Off Memo ကိုအသုံးပြုနိုင်တာကြောင့် သွားရင်း၊ လာရင်း အရေးပေါ်အခြေအနေတွေမှာတောင် အလွယ်တကူရေးမှတ်နိုင်စေမှာပါ။ ဒါ့အပြင် Smart Select နဲ့ GIF animation တွေဖန်တီးမျှဝေတာ၊ Magnify နဲ့ Screen ကိုချဲ့ကြည့်တာ၊ ဘာသာစကားတစ်ခုကနေတစ်ခုဘာသာပြန်ဖို့ Translate လုပ်ဆောင်ချက်ပါဝင်တာ တို့ကြောင့် အလုပ်အတွက်ပဲဖြစ်ဖြစ်၊ တခြားကိစ္စတွေမှာပဲဖြစ်ဖြစ် တကယ့်ကို စမတ်ကျကျ၊ ထိထိရောက်ရောက်နဲ့အသုံးချနိုင်မှာပဲဖြစ်ပါတယ်။

Galaxy Note Fan ဟာလုံခြုံရေးပိုင်းမှာလည်း Iris recognition နည်းပညာ၊ လက်ဗွေနည်းပညာတို့နဲ့အတူ Samsung ရဲ့ကိုယ်ပိုင်အဆင့်မြင့်လုံခြုံရေးစနစ်တွေပါဝင်တာကြောင့် ကိုယ်ရဲ့မှတ်စုတွေကိုသာမက တခြားအရေးကြီး အချက်အလက်တွေကိုပါ လုံလုံခြုံခြုံသိမ်းဆည်းထားနိုင်မှာပဲ ဖြစ်ပါတယ်။ Digital နည်းပညာနဲ့မှတ်သားထားတာဖြစ်တာ ကြောင့် မှတ်စုစာအုပ်နဲ့မှတ်ထားသလို စာအုပ်ပျောက်မှာ၊ ကိုယ့် မှတ်စုစာအုပ်ကိုသူများခိုးဖတ်မှာတွေလည်း ပူနေစရာမလိုတော့ပါဘူး။

Galaxy Note Fan Edition ဟာဆိုရင် ၅.၇ လက်မ အရွယ်အစားရှိတဲ့ QHD Super AMOLED မျက်နှာပြင်နဲ့ ပိုမိုတောက်ပတဲ့အရောင်၊ ပိုမိုနက်မှောင်တဲ့ အနက်ရောင်တို့ပါဝင်တာကြောင့် ရုပ်ရှင်ကြည့်၊ ဂိမ်းကစား တဲ့အခါတွေမှာလည်း အလင်းအမှောင်တိကျပြတ်သားမှု၊ အရောင်အသွေးတောင်ပစုံလင်မှုတွေကြောင့် ဘယ်စမတ်ဖုန်းနဲ့မှ မတူဘဲ ပြိုင်ဘက်ကင်းတဲ့ဖျော်ဖြေရေးအတွေ့အကြုံတွေကို ရရှိနိုင်မှာပါ။

Note Fan Edition မှာဆိုရင် Note 7 စမတ်ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ပိုမိုကောင်းမွန်စိတ်ချရအောင် ပြန်လည်ပြင်ဆင်ထားတဲ့ အစိတ်အပိုင်းတွေ ပါဝင်လာပြီး 8 Point Battery Safety Check စနစ်နဲ့ စမ်းသပ်စစ်ဆေးထားတဲ့ 3200 mAh ဘက်ထရီအသစ်တွေကိုတပ်ဆင်ထားတာကြောင့် စိတ်ချလက်ချအသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပြန်လည်ဆန်းသစ်ထားတဲ့ အနုစိတ်ဖန်တီးမှုလက်ရာ၊ အရည်အသွေးမြင့်ပစ္စည်းတွေနဲ့ ထူးခြားဆန်းသစ်တဲ့ မျက်နှာပြင်ခုံးဒီဇိုင်းတို့ဖန်တီးထားပြီး ရေစိုခံနိုင်တဲ့ IP68 အဆင့်ရှိကိုယ်ထည်နဲ့ဖြစ်တာကိုလည်း တွေ့ရပါတယ်။

ကင်မရာပိုင်းမှာတော့ အနောက်ဘက်ကင်မရာက Dual Pixel 12 MP ရှိပြီး အရှေ့ဘက်ကင်မရာက 5 MP ဖြစ်ကာ ဆမ်ဆောင်းရဲ့အဆင့်မြင့်ကင်မရာလုပ်ဆောင်ချက်တွေပါဝင်တာကြောင့် အကောင်းဆုံးပုံရိပ်တွေကိုဖမ်းယူပေးနိုင်စွမ်း ရှိပါတယ်။

စွမ်းဆောင်ရည်ပိုင်းကိုကြည့်မယ်ဆိုရင် RAM 4GB ၊ Octa-core (2.3GHz Quad + 1.6GHz Quad), 64-bit, 14 nm processor ၊ Android Version 7.0 နဲ့ဖြစ်ကာ အချက်အလက်တွေသိမ်းဆည်းဖို့အတွက် 64 GB Memory ပါဝင်ပါတယ်။
တခြားအဆင့်မြင့်စမတ်ဖုန်းတွေမှာပါဝင်တဲ့ Audio ပိုင်း၊ Sensor ပိုင်း နဲ့ Connectivity ပိုင်းလုပ်ဆောင်ချက်တွေအားလုံး အပြည့်အစုံပါဝင်မယ်ဆိုတာကိုတော့ အထူးပြောနေဖို့လိုမယ်မထင်ပါဘူး။
Galaxy Note Fan Edition ရဲ့ဈေးနှုန်းက ၇၉၉၀၀၀ ကျပ်ဖြစ်ကာ လက်ရှိမြန်မာနိုင်ငံမှာဝယ်ယူရရှိနိုင်နေပြီဖြစ်ပြီး အပြာရောင် (Blue Coral ) နဲ့ အနက်ရောင် (Black Onyx) ဆိုပြီးအရောင်နှစ်ရောင် ရွေးချယ်နိုင်မှာပါ။

အထူးအစီအစဉ်အနေနဲ့ကတော့ Galaxy Note Fan Edition မိတ်ဆက်တဲ့အထိမ်းအမှတ်အနေနဲ့ Ooredoo Myanmar နဲ့ပူးပေါင်းပြီး Note Fan Edition ဝယ်ယူတဲ့သူတိုင်း အူရီဒူးဖုန်းဘေလ် ၁၀၀၀၀ ငွေဖြည့်ရုံနဲ့ အင်တာနက်လက်ဆောင် 1GB ကို (အများဆုံး ၉၉ ကြိမ်အထိ) ၃ လက်ဆက်တိုက်ရရှိမယ်လို့ သိရပါတယ်။ ဒါ့အပြင် KBZ ဘဏ်နဲ့ချိတ်ဆက်ပြီး Galaxy Note Fan Edition ကို အတိုးနှုန်းမဲ့ ၆ လအရစ်ကျဝယ်ယူနိုင်ဖို့လည်း Samsung Myanmar ကစီစဉ်ပေးထားပါ သေးတယ်။

Powered by Samsung

About the author

Chan Myae Maung

Leave a Comment