အထူးထုတ်ထားတဲ့ Galaxy S8+ Limited Edition ကို စပိန်မှာ မိတ်ဆက်
Mobile

အမျိုးသမီးများအတွက် အထူးထုတ်ထားတဲ့ Galaxy S8+ Limited Edition ကို စပိန်မှာ မိတ်ဆက်

Written by Chan Myae Maung

ဒီဇင်ဘာလ ၁ ရက်နေ့ မှာ ရောင်းချသွားမှာပါ။ Samsung ဟာ ကုမ္ပဏီရဲ့ flagship စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S8+ ကို Limited Edition အမျိုးမျိုးနဲ့ မိတ်ဆက်ခဲ့ရာမှာ ဒီတစ်ကြိမ်မှာတော့ အမျိုးသမီးများအတွက် ရည်ရွယ်ပြီး SMARTgirl ဆိုပြီး ဗားရှင်းသစ်တစ်မျိုးကို စပိန်မှာ ထုတ်ဖော်ကြေငြာသွားပါတယ်။

SMARTgirl Edition Galaxy S8+ ဟာ ပန်းနုရောင် သတ္ထုကိုယ်ထည်နဲ့ လာပြီး ကိုယ်ထည် case ဒီဇိုင်းကိုတော့ Swarovski ဆိုတဲ့ ကုမ္ပဏီက ထုတ်ပေးထားတာပါ။ Limited Edition ဖြစ်တဲ့အတိုင်း အရေအတွက် အကန့် အသတ်နဲ့ ထုတ်သွားမှာ ဖြစ်ပြီး သတင်းအရတော့ အလုံးရေ ၇၀၀၀ ပဲ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ Edition အနေနဲ့ သာ သက်သက်ခွဲထွက်လာပေမယ့် တကယ်တမ်းတော့ Galaxy S8+ ရိုးရိုးမော်ဒယ်နဲ့ အတူတူပါပဲ။

Samsung ဟာ ယခုနှစ်ထဲမှာ Exynos 8895 chipset သုံး Galaxy S8 နဲ့ S8+ စမတ်ဖုန်းနှစ်မျိုးကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီထဲမှာမှ Galaxy S8+ ဟာ မျက်နှာပြင် ၆.၂ လက်မ ရှိတဲ့ Quad HD+ display နဲ့ ထွက်လာတာပါ။ Infinity Display လို့ နာမည်ကျော်တဲ့ ဒီ display ဒီဇိုင်းကိုမှ ရှေ့ နောက်ဖုန်းမှန်ပြင်တွေကို အကြမ်းခံတဲ့ Gorilla Glass 5 နဲ့ ကာထားတာ ဖြစ်ပါတယ်။ RAM အနေနဲ့ 4GB ၊ Storage 64GB သုံးထားတာ ဖြစ်ပြီး Samsung Pay သုံးနိုင်တာကလည်း အားသာချက်တစ်ခု ပါပဲ။

ရှေ့ ဘက်မှာ 8MP ကင်မရာနဲ့ နောက်ဘက်မှာ 12MP DualPixel ပင်မကင်မရာတစ်လုံးပါဝင်တဲ့ Galaxy S8+ ဟာ ရေစိုခြင်းနဲ့ ဖုန်တင်ခြင်းကို IP68 rating အထိ ခံနိုင်ပါတယ်။ ဒီဖုန်းမှာ ပါတဲ့ ဘက်ထရီကတော့ 3500 mAh ဘက်ထရီ ဖြစ်ပြီး ကိုယ်ပိုင် digital assistant ဖြစ်တဲ့ Bixby ကို သုံးထားပါတယ်။

စပိန်မှာတော့ ဒီဖုန်းကို ၉၄၉ ပေါင် (မြန်မာငွေ ၁၇ သိန်းဝန်းကျင်ခန့် ) ဈေးနဲ့ လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ မှာ ရောင်းချသွားမှာဖြစ်ပြီး တစ်ခြားဈေးကွက်တွေမှာ ရောင်းချမယ် မရောင်းချဘူးတော့ မသိရသေးပါဘူး။

Via : GSMRENA

About the author

Chan Myae Maung

Leave a Comment