မြန်မာငွေ ၂၅ သိန်း ကျော်တန် Samsung အဆင့်မြင့်ခေါက်ဖုန်းကို မိတ်ဆက်
Mobile

အနည်းဆုံး မြန်မာငွေ ၂၅ သိန်း ကျော်တန် Samsung အဆင့်မြင့်ခေါက်ဖုန်းကို မိတ်ဆက်

Written by Chan Myae Maung

ဒေါ်လာ ၃၀၀၀ ကျော်ဖို့ လည်း ရှိပါတယ်။ တရုတ်နိုင်ငံ ရှီမင်မှာ မိတ်ဆက်သွားတဲ့ Samsung W2018 ဟာ ပရီမီယံခေါက်ဖုန်းဖြစ်ပြီး Samsung W စီးရီးတွေရဲ့ ဆယ်နှစ်ပြည့်ဖုန်းလည်း ဖြစ်ပါတယ်။ ဒီဖုန်းဟာ လက်ရှိစမတ်ဖုန်းဈေးကွက်မှာ ဈေးအကြီးဆုံးဆိုတဲ့ iPhone X ထက် အနည်းဆုံးဈေး ၂ ဆပိုကြီးဖို့ ရှိပါတယ်။

Samsung W2018 ဟာ ရွှေရောင်နဲ့ ပလက်တီနမ်ကာလာ ၂ မျိုးနဲ့ ထွက်လာတာ ဖြစ်ပြီး သတ္ထုနဲ့ မှန်စပ် ကိုယ်ထည်သုံး high-end ဖုန်းတစ်လုံး ဖြစ်ပါတယ်။ ကီးပတ်ဟန်းဆက်တစ်လုံးအနေနဲ့ ထွက်ထားပေမယ့် flip phone တွေရဲ့ ဟန်အတိုင်း dual screen နှစ်မျိုးနဲ့ လာတာပါ။ display နှစ်ခုလုံးဟာ မျက်နှာပြင်ဆိုဒ် ၄.၂ လက်မ AMOLED touchscreen တွေ ဖြစ်ပြီး ရုပ်ထွက်အနေနဲ့ 1080p ပါရှိလို့ ကီးပတ်ဖုန်းတွေထဲမှာ ရုပ်ထွက်အလန်းဆုံး ဖြစ်နေပါတယ်။ touch သုံးနိုင်သလို ကီးပတ်ကိုပဲ နှစ်သက်သူများအတွက်တော့ မျက်စိကျစရာပါ။

ထူးခြားတာတစ်ခုက Galaxy S8 တို့ Note 8 တို့ လိုပဲ processor ပိုင်းမှာ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 835 SoC နဲ့ လာတာ ဖြစ်ပြီး RAM နဲ့ Storage ပမာဏကလည်း 6GB နဲ့ 64GB အထိ ပါရှိတာက လေးစားလောက်တယ်လို့ ဆိုနိုင်ပါတယ်။ dual SIM သုံး ဟန်းဆက်ဖြစ်တဲ့ Samsung W2018 ဟာ ကျောဘက်မှာ fingerprint သုံးထားသလို Samsung ရဲ့ ကိုယ်ပိုင် digital assistant နည်းပညာသစ်ဖြစ်တဲ့ Bixby ကိုသုံးဖို့ အတွက်ပါ ခလုတ်လေးထည့်ပေးထားတာ တွေ့ ရပါတယ်။ တစ်ခါက ကီးပတ်များရဲ့ ရှေးဟန်နဲ့ ဒီနေ့ နောက်ဆုံးထွက် ခေတ်သစ်နည်းပညာတို့ ကို ဟန်ချက်ညီညီ ပေါင်းစပ်ထုတ်ထားတာလည်း ဖြစ်ပါတယ်။

Samsung W2018 မှာ နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာက ကင်မရာပါ။ အလင်းအားနည်းချိန်မှာ ရှိသမျှအလင်းကောင်းကောင်းနဲ့ပုံထွက်အကောင်းဆုံး ဖြစ်အောင် ရိုက်ကူးနိုင်တဲ့ 12MP ကင်မရာနဲ့ ရှေ့ ဘက် 5MP ဆယ်လ်ဖီကင်မရာကလည်း ဒီဖုန်းရဲ့ အားသာချက်ပါ။ ကင်မရာတွေမှာ သုံးထားတဲ့ အပါချာကလည်း အလင်းအမှောင်အခြေအနေ အမျိုးမျိုးမှာ အကောင်းဆုံး ဓါတ်ပုံရိုက်နိုင်မယ့် နည်းပညာတွေ ပါရှိပါတယ်။ ဘက်ထရီကတော့ 2300 mAh ဘက်ထရီ ဖြစ်ပြီး Android စနစ်ကတော့ Android 7.1.1 Nougat နဲ့ ထွက်လာတာပါ။ လာမယ့် နှစ်ဆန်းမှာတော့ Android 8.0 Oreo ကို update တင်သွားမယ်လို့ Samsung က ကတိပေးထားပါတယ်။

တကယ်တော့ Samsung W2018 ရဲ့ ဈေးနှုန်းအတိအကျကို ပွဲမှာ မကြေငြာသွားပါဘူး။ အနည်ဆုံး ဒေါ်လာ ၂၀၀၀ (မြန်မာငွေ ၂၆ သိန်းကျော်) နဲ့ ရောင်းသွားဖို့ ရှိတယ်လို့ တစ်ချို့ က ခန့် မှန်းထားပေမယ့် အရင်နှစ်က ထွက်ခဲ့တဲ့ W2017 တောင် ဒေါ်လာ ၃၀၀၀ (မြန်မာငွေ သိန်း ၄၀) လောက်နဲ့ ရောင်းချခဲ့တာ ဖြစ်လို့ Samsung W2018 ဟာ ဒေါ်လာ ၃၀၀၀ မကျော်ဘူးလို့ ပြောမရပါဘူး။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment