နောက်ဆုံးပေါ် ခေတ်မီကိုယ်ထည်ဒီဇိုင်းနဲ့ SONY ဖုန်းသစ် မကြာခင် မြင်ရဖို့ ရှိ
Mobile Tech

နောက်ဆုံးပေါ် ခေတ်မီကိုယ်ထည်ဒီဇိုင်းနဲ့ SONY ဖုန်းသစ် မကြာခင် မြင်ရဖို့ ရှိ

Written by Chan Myae Maung

Xperia XZ2 Compact

Sony Xperia ဖုန်းတွေဟာ 16:9 Screen ဒီဇိုင်းကိုပဲ အစဉ်အလာသုံးလာခဲ့ရာကနေ အခုဆို နာမည်ကြီးဖုန်းတွေမှာ မြင်နေရတဲ့ 18:9 Aspect ratio ကို ပြောင်းသုံးဖို့ ရှိနေပါတယ်။

FCC ဆက်သွယ်ရေးထောက်ခံချက်ရထားတဲ့ Xperia Compact စမတ်ဖုန်းသစ်တစ်လုံးမှာ သုံးသွားမယ်လို့ သတင်းထွက်နေပေမယ့် ဖုန်းနာမည်အတိအကျတော့ မသိရသေးပါဘူး။ အများကတော့ Xperia XZ2 Compact စမတ်ဖုန်းသစ်ဟာ 18:9 Aspect ratio ဒီဇိုင်းနဲ့ လာမယ်လို့ ထင်ကြေးပေးနေကြပါတယ်။

Xperia XZ2 Compact စမတ်ဖုန်းဟာ မျက်နှာပြင် ၅ လက်မရှိတဲ့ ဖုန်းတစ်လုံးအဖြစ် မြင်ရဖို့ ရှိပြီး Processor ကို နောက်ဆုံးထွက် Qualcomm Snapdragon 845 Chipset ကိုမှ RAM 4GB/Storage 64GB တွဲသုံးသွားဖို့ ရှိနေပါတယ်။ ဘက်ထရီကတော့ 3000 mAh ဘက်ထရီ ဖြစ်မယ်လို့ ဆိုပါတယ်။

ဒီဖုန်းဟာ Sony ရဲ့ ၂၀၁၈ flagship ဖုန်းတစ်လုံး ဖြစ်ပြီး ကျောဘက်မှာ 19MP နဲ့ 8MP နှစ်လုံးတွဲ ကင်မရာစနစ် ပါရှိမယ်လို့ ဆိုပါတယ်။ Sony ဟာ အခုချိန်အထိ Dual Camera စနစ် မသုံးဘူးသေးဘဲ ကုမ္ပဏီထုတ် နာမည်ကြီး ကင်မရာစနစ်အားကိုးနဲ့ Single camera သုံး စမတ်ဖုန်းတွေပဲ ထုတ်နေတာပါ။

ဒီနှစ်ထဲမှာ 4K Display သုံး Xperia XZ Pro ကို မိတ်ဆက်သွားဖို့ ရှိပြီး ဒီဖုန်းမှာ ထောင်လိုက် ကျောဘက်နှစ်လုံးတွဲ ကင်မရာစနစ် ပါရှိမယ်လို့ သတင်းထွက်နေပါတယ်။ တကယ်လို့ Xperia XZ2 Compact မှာသာ Dual Camera စနစ်သုံးမယ်ဆိုရင် ဒါဟာ Sony ရဲ့ Dual Camera သုံး စမတ်ဖုန်းသစ်များကို မိတ်ဆက်သွားမယ့် နှစ်တစ်နှစ် ဖြစ်လာနိုင်ပါတယ်။

Sony Xperia XZ2 Compact စမတ်ဖုန်းကို ဈေးကွက်မှာ ကြေငြာသွားမယ့်နေ့ နဲ့ အသေးစိတ်အချက်အလက်များကို မသိရသေးပါဘူး။ သတင်းတွေမှာတော့ ဒီဖုန်းကို ၄၉၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းခန့် ) ဈေးနဲ့ ရောင်းချသွားမယ်လို့ ခန့် မှန်းနေကြပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...