မြန်မာငွေ ၃ သိန်းကျော်တန် AI နည်းပညာသုံး CLIPS CAMERA တစ်မျိုး GOOGLE စတင်ရောင်းချ - iT Guider
News Tech

မြန်မာငွေ ၃ သိန်းကျော်တန် AI နည်းပညာသုံး CLIPS CAMERA တစ်မျိုး GOOGLE စတင်ရောင်းချ

Written by Chan Myae Maung

ကင်မရာမှန်ဘီလူးနဲ့ အတူ ထူးထူးခြားခြား AI နည်းပညာကြောင့် လူမျက်နှာများကို ဖတ်ရှုသိရှိနိုင်တဲ့ Google ရဲ့ Clips ကင်မရာများကို အရင်နှစ်အောက်တိုဘာလကတည်းက မိတ်ဆက်ခဲ့တာပါ။

Google Clips

တကယ်တမ်း ဈေးကွက်မှာ စတင်ရောင်းချချိန်မှာတော့ ပစ္စည်းပါပြတ်လပ်သွားလို့ အခုဆို Pre-order ပဲ မှာလို့ ရတော့မယ်လို့ ဆိုပါတယ်။ Clips ကင်မရာရဲ့ အဓိကအားသာချက်က သူ့ ရှေ့ မှာ စိတ်ဝင်စားစရာတစ်ခုခု တွေ့ လိုက်တာနဲ့ အလိုအလျောက် ရိုက်ကူးနိုင်တာပါပဲ။

ဒီကင်မရာမှာ Display မထားဘဲ ရှေ့ မှာ Shutter ခလုတ်တစ်ခုထည့်ထားတာေ တွ့ ရပါတယ်။ ဒီခလုတ်မသုံးဘဲ ရိုက်ချင်တယ်ဆိုရင်လည်း သူ့ မှာပါတဲ့ Machine learning နည်းပညာသုံးပြီး လူတွေရဲ့ မျက်နှာကို ဖတ်ရှုမှတ်သားနိုင်တာပါပဲ။ ဒါကြောင့် ဒီကင်မရာကို AI ကင်မရာလို့ ဆိုတာပါ။

ကိုယ်ထည်ဆိုဒ်က ၂ လက်မအရွယ် ကင်မရာအငယ်စားလေး ဖြစ်ပေမယ့် သူ့ မှာ သုံးထားတာက 130 ဒီဂရီ Field of View နဲ့ လာတဲ့ 12MP ကင်မရာပါ။ ပတ်ပတ်လည် မှာ ရှိတဲ့ ပုံတွေ ၊ ဗွီဒီယိုတွေ အေးဆေးရိုက်လို့ ရမှာပါ။ ရိုက်ထားတဲ့ ပုံတွေကိုလည်း ကိုယ့်ရဲ့ Google Image အကောင့်မှာ သွားသိမ်းပေးမှာ ဖြစ်ပြီး ဒီပုံတွေ Share မယ်ဆိုရင်လည်း အေးဆေးပါပဲ။

Google ဟာ ကင်မရာကျွမ်းကျင်ပညာရှင်များရဲ့ အကူအညီနဲ့ ဒီကင်မရာစနစ်မှာ အကောင်းဆုံး ပုံတွေ ရိုက်ဖြစ်စေဖို့ AI ကို Training ထားတာပါ။ သုံးထားတဲ့ Onboard Storage ကလည်း 16GB ဖြစ်လို့ ၃ နာရီစာ ဗွီဒီယိုတွေအထိတောင် ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

Clips ဟာ လွယ်လင့်တကူသယ်နိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်လို့ နောက်ဆုံး ကိုယ့်ဘောင်းဘီမှာတောင် ချိတ်ပြီး ရိုက်ကူးရေးမှာ သုံးလို့ ရပါတယ်။ ဒီထုတ်ကုန်ဟာ ကိုယ်ပိုင် Hardware နဲ့ အလုပ်လုပ်တဲ့ ကင်မရာမျိုး ဖြစ်ပြီး ပြင်ပ Servers တွေဆီကိုလည်း ဒေတာတွေ သွားပို့ တာမျိုး မလုပ်လို့ တစ်ကိုယ်ရေလုံခြုံမှုအတွက် စိတ်ချရမှာပါ။

ဈေးကတော့ ၂၄၉ ဒေါ်လာ (မြန်မာငွေ ၃ သိန်း ၂ သောင်းကျော်) ဈေးနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

Via : Internet

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...