INSTAGRAM မှာလည်း ACTIVE NOW ဖြစ်နေတဲ့ သူငယ်ချင်းတွေ ကြည့်နိုင်ပြီ
News Tech

INSTAGRAM မှာလည်း ACTIVE NOW ဖြစ်နေတဲ့ သူငယ်ချင်းတွေ ကြည့်နိုင်ပြီ

Written by Chan Myae Maung

Instagram Active Now New Feature

Last Active ဆိုတာ Instagram မှာ ကိုယ့် သူငယ်ချင်းတွေ ဘယ်အချိန် နောက်ဆုံး သုံးသွားတယ်ဆိုတာကို ပြောနေတဲ့ Feature သစ်ပါ။ တရားဝင် မကြေငြာသေးဘဲ လူမသိသူမသိ ထွက်လာတဲ့ Feature သစ်လည်း ဖြစ်ပါတယ်။

Facebook ရဲ့ Messenger သုံးသူတိုင်း ကိုယ့်ဘော်ဒါတွေ ဘယ်အချိန်က လိုင်းပေါ်ရှိခဲ့တယ်ဆိုတာကို အချိန်နဲ့ ပြခဲ့တဲ့ Feature နဲ့ တူပါတယ်။ iOS နဲ့ Android စနစ်နှစ်မျိုးစလုံးအတွက် ထုတ်ထားတာ ဖြစ်ပေမယ့် လူတိုင်းတော့ သုံးနိုင်ဦးမှာ မဟုတ်ပါဘူး။

သိပ်မကြာခင်မှာတော့ ဒီ Feature က Instagram Users တိုင်း သုံးနိုင်မှာပါ။ Last Active feature ဟာ Instagram settings မှာ အသေ Default ပါလာတာ ဖြစ်ပြီး ကိုယ့် Instagram မှာ ဆက်သွယ်ထားတဲ့ သူတွေ ဘယ်အချိန်မှာ active ဖြစ်ခဲ့တယ် ဆိုတာကို သူတို့ အကောင့်နာမည်အောက်မှာ တစ်ခါတည်း ပြသနေမှာ ဖြစ်ပါတယ်။ လက်ရှိ လိုင်းပေါ် ရောက်နေတဲ့သူတွေကိုတော့ သူတို့ ရဲ့ အကောင့်အောက်မှာ Active Now ဆိုပြီး ပြနေမှာပါ။

ဒီ Feature ဟာ Chatting သိပ်စိတ်မဝင်စားသူများအတွက်တော့ မျက်စိနောက်ဖို့ ကောင်းနေမှာ ဖြစ်ပါတယ်။ ကောင်းတာတစ်ခုက တကယ်လို့ ဒီ Feature ကို မကြိုက်ရင် ပိတ်ထားလို့ ရပါတယ်။ ကိုယ် Instagram ပေါ် တစ်နေ့ တစ်နေ့ ဘယ်လောက် ရောက်နေမိသလဲဆိုတာကို တစ်ခြားသူများ မသိစေချင်ဘူးဆိုရင်တော့ Instagram ပေါ်က ကိုယ့်ရဲ့ Profile နေရာကို သွားပြီး ဒီကနေမှ Edit Profile ဘေးမှာ ရှိတဲ့ ဂီယာပုံလေးကို နှိပ်ရမှာပါ။

ဒီကနေမှ Settings ဝင်သွားပြီး Show Activity Status ဆိုတဲ့ Tab ကို ပိတ်ထားလို့ ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကိုယ် Follow လုပ်ထားတဲ့ အကောင့်တွေ ၊ ကိုယ်နဲ့ မက်ဆေ့ပို့ ထားသူတွေကနေ ကိုယ် Active ဖြစ်မဖြစ် ကို ကြည့်လို့ ရတော့မှာ မဟုတ်ပါဘူး။

Instagram ဟာ Facebook ပိုင် Photo-sharing app ဖြစ်တာကြောင့် Facebook ရဲ့ Messenger တို့ WhatsApp တို့ လို Chat App တွေမှာပါတဲ့ နာမည်ကြီး Features တွေကို Instagram မှာ ပြန်သုံးတာလို့  ဆိုရမှာပါ။ ၂၀၁၂ ခုနှစ်မှာ Facebook ဟာ Instagram ကို ဒေါ်လာ ၁ ဘီလျံ ပေးဝယ်ခဲ့ပြီးနောက် အခုဆို လစဉ် သုံးစွဲသူ သန်း ၈၀၀ ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...