Shazam ကုမ္ပဏီကို Apple ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူလိုက်ပြန်ပြီ - iT Guider
International News iOS News Tech

Shazam ကုမ္ပဏီကို Apple ဒေါ်လာ သန်း ၄၀၀ နဲ့ ဝယ်ယူလိုက်ပြန်ပြီ

Written by Chan Myae Maung

၂၀၁၄ က Dr Dre နားကြပ်ကုမ္ပဏီ Beats Electronics ကို ဒေါ်လာ ၃ ဘီလျံနဲ့ ဝယ်ခဲ့ပါတယ်။ တစ်ခါက ဒေါ်လာ ၁ ဘီလျံတန်တဲ့ လန်ဒန်အခြေစိုက် စမတ်ဖုန်း music ဆိုင်ရာ startup ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Shazam ကို Apple ဟာ ဒေါ်လာ သန်း ၄၀၀ နဲ့ တရားဝင်ဝယ်ယူသွားပြီ ဖြစ်ပါတယ်။

မိုဘိုင်းဂီတပလက်ဖောင်းမှာ Spotify နဲ့ အပြိုင် နာမည်ကြီးခဲ့တဲ့ ရှေးဦး players တွေထဲက တစ်ခု ဖြစ်တဲ့ Shazam ဟာ သက်တမ်း ၁၈ နှစ်ရှိပြီ ဖြစ်ပြီး လစဉ်သုံးစွဲသူ သန်း၁၀၀ ကျော် ရှိထားခဲ့ပါတယ်။ ၂၀၁၆ ထဲမှာကိုပဲ Shazam ထုတ် အက်ပလီကေးရှင်းတွေကို ဒေါင်းလုပ်ဆွဲမှုပေါင်း အကြိမ်ရေ ၁ ဘီလျံ ရှိခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။ Shazam စပြီး ဖြန့် ချိချိန်ကဆိုရင် သုံးစွဲသူတွေဟာ အကြိမ်ရေ ဘီလျံ ၃၀ အထိ ရှိခဲ့တာပါ။

Shazam ပလက်ဖောင်းကနေတစ်ဆင့် သီချင်း ၊ ရုပ်ရှင် ၊ တီဗွီရှိုး နဲ့ စီးပွားရေးကြော်ငြာများနဲ့ အသံဖိုင်များကို တင်ပေးခဲ့ပြီး ကမ္ဘာ့အကြီးဆုံး Music platform ဆယ်ခုစာရင်း ဝင်ခဲ့ပါတယ်။ သို့ သော်လည်း စီးပွားရေးမော်ဒယ်အပြောင်းအလဲမှာတော့ Shazam ဟာ ခက်ခဲတဲ့ကာလတွေ ဖြတ်သန်းခဲ့ရပါတယ်။ ၂၀၁၆ အတွင်း ဝင်ငွေကို ပြန်ကြည့်ရင် ဒေါ်လာ ၅၄ သန်းပဲ ဝင်ခဲ့တာပါ။ ဒီနောက်မှာတော့ iPod ကို တစ်ခေတ်ဆန်းဖို့ အားထည့်လာတဲ့ Apple ရဲ့ အရောင်းအဝယ်သဘောတူညီမှုမှာ ဒေါ်လာ သန်း ၄၀၀ လောက်နဲ့ အတည်ဖြစ်သွားခဲ့ပါတယ်။

ယခုအရောင်းအဝယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၄ က Dr Dre နားကြပ်ကုမ္ပဏီ Beats Electronics ကို ဒေါ်လာ ၃ ဘီလျံနဲ့ ဝယ်ပြီးနောက် Apple ရဲ့ အကြီးဆုံး ဝယ်ယူမှုတစ်ခုလည်း ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...