ရုံးသစ်တစ်ရုံး ထပ်ဆောက်ဖို့ အလုပ်သမား ၂၀၀၀၀ အထိ APPLE ခေါ်ယူသွားမည်
International News News Tech

အမေရိကန်မှာ ရုံးသစ်တစ်ရုံး ထပ်ဆောက်ဖို့ အလုပ်သမား ၂၀၀၀၀ အထိ APPLE ခေါ်ယူသွားမည်

Written by Chan Myae Maung

Apple ကုမ္ပဏီဟာ အမေရိကန်မှာ ရုံးသစ်ဖွင့်လှစ်ဖို့ ငါးနှစ်အတွင်း အလုပ်သမား ၂ သောင်း ငှားရမ်းသွားမယ်လို့ ဆိုပါတယ်။ ရုံးသစ်ကို ဘယ်နေရာမှာ ဖွင့်မလဲ ဆိုတဲ့ သတင်းအချက်အလက်ကိုတော့ ယခုနှစ်ကုန်ပိုင်းလောက်မှာ ကြေငြာသွားဖို့ ရှိပြီး ဒါဟာ အမေရိကန်စီးပွားရေးကဏ္ဍပံ့ပိုးရေးမှာ
အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။

အစောပိုင်းကတည်းက Apple ဟာ အမေရိကန်တစ်ဝှမ်းမှာ အလုပ်အကိုင် ၂ သန်းကျော်အထိ ဖော်ဆောင်သွားဖို့ လည်း တာဝန်ယူထားတာပါ။ အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်လက်ထက်မှာ အမေရိကန်ပြည်တွင်းဖြစ် အားပေးလာခြင်းနဲ့ အတူ Apple ထုတ်ကုန်များကို ပြည်တွင်းမှာ ထုတ်လုပ်ဖို
့ဖိအားပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် သတင်းများအရ Apple ရဲ့ CEO တင်မ်ကွတ်မှ ထရမ့်နဲ့ တွေ့ ဆုံပြီး အကြီးစား စက်ရုံ ၃ ခု တည်ဆောက်သွားမယ်ဆိုပြီး ကတိပြုခဲ့တယ်လို့ သမ္မတဒေါ်နယ်ထရန့် က အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။ ဒီသတင်းကို Apple ကတော့ ဒီအကြောင်းကို မှတ်ချက်ပြုဖို့ ငြင်းဆန်ထားခဲ့ပါတယ်။ Apple ဟာ
တက္ကဆက်ပြည်နယ် အော်စတင်မှာလည်း ကုမ္ပဏီရုံးခန်းတစ်ခု ဖွင့်ထားပြီ ဖြစ်ပါတယ်။

ဒီရုံးမှာတော့ ဝန်ထမ်း ၆၀၀၀ ခန့် အပ်ထားတာပါ ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆိုရင် Apple ဟာ ဝန်ထမ်းပေါင်း ၈၄၀၀၀ ရှိပြီး ရုံးချုပ်ကတော့ ကယ်လီဖိုးနီးယားပြည်နယ် ကူပါတီနိုမှာ ရုံးစိုက်ထားပါတယ်။ Campus 2 ခေါ် ဒီရုံးချုပ်ဟာ ဒေါ်လာ ၅ ဘီလျံအကုန်အကျခံ တည်ဆောက်နေတဲ့ ပရောဂျက်ကြီးလည်း
ဖြစ်ပါတယ်။

ဒီလုပ်ငန်းတွေကတော့ နည်းပညာပံ့ပိုးမှုပိုင်းပဲ ပါရှိပြီး ထုတ်လုပ်ရေးပိုင်းများကိုတော့ အမေရိကန်ပြင်ပမှ supplier စက်ရုံပေါ် မှီခိုနေရတာပါ။ အမေရိကန်သမ္မတသစ်အနေနဲ့ Apple လိုမျိုး ကိုယ်တိုင်ထုတ်လုပ်ရေးပိုင်း မလုပ်ဆောင်တဲ့ ကုမ္ပဏီတွေကြောင့် အမေရိကန်နိုင်ငံဟာ အလုပ်အကိုင်အခွင့်အလမ်းသစ်တွေ
အများကြီး ဆုံးရှုံးနေရတယ်လို့ ပြစ်တင်ခဲ့ဖူးပါတယ်။ ဘာပဲဖြစ်ဖြစ် နောက်ထပ် Apple ရုံးချုပ်တွေမှာလည်း iPhone ထုတ်လုပ်ဖို့ အစီအစဉ် မရှိဘူးလို့ ယူဆရပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...