Mobile Payment စနစ်ကို တရုတ်နိုင်ငံမှ သူတောင်းစားများလည်း ကျင့်သုံးလာ
International News News

Mobile Payment စနစ်ကို တရုတ်နိုင်ငံမှ သူတောင်းစားများလည်း ကျင့်သုံးလာ

Written by Chan Myae Maung

သူတောင်းစားတွေကလည်း Alipay နဲ့ WeChat အကောင့်ဖွင့်ထားပြီး ငွေတောင်းကြပါတယ်။ ဒစ်ဂျစ်တယ်ငွေချေစနစ် ထွန်းကားနေတဲ့ တရုတ်နိုင်ငံမှာတော့ လမ်းဘေး သူတောင်းစားများပါ ကိုယ်ပိုင် Mobile Payment အကောင့် ရှိနေပြီ ဖြစ်လို့ အလှူ့ ရှင်များအနေနဲ့ ငွေသားအစား QR code နဲ့ လှူနိုင်ပြီ ဖြစ်ပါတယ်။

တရုတ်နိုင်ငံသားတိုင်းလိုလို ငွေသားမသုံး လူ့ အဖွဲ့ အစည်းထဲ ရောက်နေချိန်မှာ သူဖုန်းစားများအတွက်လည်း ငွေတောင်းနည်းဗျူဟာသစ်ကို ပထမဆုံး ကျင့်သုံးလိုက်တာပါ။ ခေတ်သစ် ငွေအလှူခံနည်းမှာတော့ လမ်းသွားလမ်းလာတွေဆီကနေ ငွေတောင်းမယ်ဆိုရင် လက်ထဲမှာ ကိုယ့်အကောင့်ရဲ့ QR code ပါ စာရွက်လေး ကိုင်ထားရုံနဲ့ သဒ္ဓါသူတွေကနေ သူတို့ ဖုန်းထဲက ပေးလိုသမျှ ငွေကြေးကို ဒီကုဒ်ကို စကင်ဖတ်ပြီး လှူဒါန်းသွားမှာပါ။

များသောအားဖြင့် တရုတ်မှာတော့ WeChat နဲ့ Alipay mobile payment စနစ်သုံးတာ ဖြစ်လို့ သူတောင်းစားတွေကလည်း ဒီအက်ပလီကေးရှင်း နှစ်ခုစလုံးအတွက် အကောင့်ဖွင့်ထားပြီး ငွေတောင်းကြပါတယ်။ အထူးသဖြင့် တရုတ်အရှေ့ ပိုင်း ရှန်ဒေါင်းပြည်နယ် ဂျီနန်က သူတောင်းစားတွေဟာဆို ကမ္ဘာပေါ်မှာ နောက်ဆုံးပေါ် အလှူခံနည်းကို လက်တွေ့ ကျကျ အသုံးချနေတာ ဖြစ်လို့ ကမ္ဘာလှည့်ခရီးသည်များအကြား စိတ်ဝင်စားစရာ ဖြစ်နေခဲ့ပါတယ်။

တရုတ်နိုင်ငံသား အတော်များများကလည်း ငွေစက္ကူကို တစ်လလုံးနေလို့ မှ အများဆုံး ၁၅ ဒေါ်လာပဲ ကိုင်သုံးတော့တာ ဖြစ်လို့ အခုလို အလှူခံခြင်းဟာ အတော်လေး တာသွားဖို့ ရှိပါတယ်။

လက်ရှိ စစ်တမ်းများအရ တရုတ်နိုင်ငံအတွင်း ဖုန်းနဲ့ ငွေပေးငွေချေလုပ်တဲ့ ပမာဏဟာ ဒေါ်လာ ၁၅ ထရီလီယံအထိ ရှိလာပြီ ဖြစ်ပြီး အမေရိကန်ရဲ့ ဒစ်ဂျစ်တယ်ငွေချေစနစ်ထက် အဆ ၅၀ ကျော်နေပြပီ ဖြစ်ပါတယ်။ ဒီထဲကမှ တရုတ်ပြည်တွင်း ဒီဂျစ်တယ်ငွေချေစနစ်ရဲ့ ထက်ဝက်ကျော် ၅၄% ဟာ Alipay သုံးနေတာပါ။ WeChat ကတော့ Digital Payment စနစ်ရဲ့ ၄၀% နဲ့ လက်ကျန်ဝေစုထဲက ၁.၈% ကို Apple Pay က ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...