အများပိုင်ပစ္စည်းဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် လုံခြုံရေးစက်ရုပ် အလုပ်ပြုတ်သွား
International News News

အများပိုင်ပစ္စည်းဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် လုံခြုံရေးစက်ရုပ် အလုပ်ပြုတ်သွား

Written by Chan Myae Maung

တစ်နာရီ ၇ ဒေါ်လာနှုန်းနဲ့ ငှားလို့ ရတဲ့ စက်ရုပ်တွေလည်း ဖြစ်ပါတယ်။ စက်ရုပ်တွေဟာ လာမယ့် နှစ်အနည်းငယ်အတွင်း လူ့ အလုပ်အကိုင်တွေကို ဝါးမြိုသွားတော့မယ်လို့ ပညာရှင်တွေ ဟောကိန်းထုတ်ခဲ့ပေမယ့် ဆန်ဖရန်စစ္စကိုက လုံခြုံရေးစက်ရုပ်တစ်မျိုးကတော့ ခရစ္စမတ်အကြိုမှာ အလုပ်က ဖြုတ်ခံလိုက်ရပြီ ဖြစ်ပါတယ်။

ဆန်ဖရန်စစ္စကိုမြို့ ခံ တိရစ္ဆာန်စောင့်ရှောက်ရေးအသင်းဖြစ်တဲ့ SF SPCA ဟာ ကားပါကင်နဲ့ ခြံမြေလုံခြုံရေးအတွက် Knightscope စက်ရုပ်ကုမ္ပဏီထုတ် Knightscope K9 စက်ရုပ်တွေကို လုံခြုံရေးခန့် ခဲ့တာပါ။ အခုချိန်မှာတော့ ဒီစက်ရုပ်များကို သုံးပြီး အိမ်ခြေရာမဲ့ပုဂ္ဂိုလ်များနေထိုင်ရာ စခန်းများကို တိုက်ခိုက်ဖျက်ဆီးမှု လုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များ ပေါ်လာခဲ့ပြီးနောက် SF SPCA ဟာ Knightscope K9 စက်ရုပ်တွေရဲ့ အမှုကို အသေးစိတ်သုံးသပ်ခဲ့ကြပါတယ်။ ဒီနောက်မှာတော့ SF SPCA အသင်းဥက္ကဌဖြစ်သူ ဒေါက်တာ ဂျန်နီဖာ စကားလတ်ကိုယ်တိုင်က ဒီအလိုအလျောက်လုံခြုံရေးစက်ရုပ်တွေနဲ့ ပတ်သတ်ပြီး ပုဂ္ဂလိကနဲ့ အများပိုင်ပစ္စည်းများ ဖျက်ဆီးမှု ၊ ခြိမ်းခြောက်မှုအကြောင်း တိုင်စာ ရာနဲ့ ချီရပြီးနောက် အခုလို လုံခြုံရေးစက်ရုပ်သုံးစွဲမှုကို ရပ်တန့် လိုက်တာလို့ ဆိုပါတယ်။

ဆန်ဖရန်စစ္စကိုမြို့ SF SPCA မှာ သုံးတဲ့ လုံခြုံရေးစက်ရုပ်တွေဟာ လမ်းဘေးနေ အိမ်ခြေရာမဲ့များရဲ့ နေရာကို ဖျက်ဆီးခဲ့ပြီးနောက် အာဏာပိုင်များမှ စက်ရ်ုတွေကို လမ်းပေါ်ထွက်လာတာကို ထိန်းသိမ်းဖို့ အကြောင်းကြားခဲ့ပြီး အခွင့်မရှိဘဲ လမ်းပေါ် ရောက်လာမယ်ဆိုရင်တော့ တစ်နေ့ ကို ဒေါ်လာ ၁၀၀၀ ဒဏ်တပ်မယ်လို့ ကြေငြာခဲ့ပါတယ်။ SF SPCA ဟာ ဒီစက်ရုပ်တွေကို ကားပါကင်နေရာတွေမှာ သုံးခဲ့ပေမယ့် ဒီအသင်းပိုင်မြေထဲမှာကို အများပိုင်ပစ္စည်းကို စက်ရုပ်က ဖျက်ဆီးသွားတာ နှစ်ခါကြုံခဲ့ဖူးတယ်လို့ လည်း ဆိုပါတယ်။

Knightscope K9 စက်ရုပ်ဟာ အမြင့် ၅ ပေရှိပြီး စောင့်ကြည့်ရေးသုံး ကင်မရာလေးလုံးတပ်ထားတဲ့ ပေါင်ချိန် ၄၀၀ ရှိ စက်ရုပ်တစ်မျိုး ဖြစ်ပြီး တစ်နာရီ ၇ ဒေါ်လာနှုန်းနဲ့ အငှားချထားတဲ့ Knightscope ထုတ် စက်ရုပ်တွေလည်း ဖြစ်ပါတယ်။ ဒီစက်ရုပ်တွေကို အမေရိကန် ၅ ပြည်နယ်က ကုမ္ပဏီ ၁၉ ခုမှ ငှားရမ်းသုံးစွဲနေကြပြီး ဒီထဲမှာ Microsoft ၊ Uber နဲ့ Juniper Networks တို့ လို ကုမ္ပဏီကြီးတွေလည်း ပါဝင်နေပါတယ်။

လုံခြုံရေးစက်ရုပ်တွေရဲ့ ချို့ ယွင်းချက်များအကြောင်း အပြည့်အစုံမသိရပေမယ့် ယခုနှစ်လယ်ပိုင်းမှာလည်း Knightscope ထုတ် K5 လုံခြုံရေးစက်ရုပ်ဟာ ဂျော့ချတောင်းရှိ ရေပန်းကန်တစ်ခုထဲ ပြုတ်ကျနေခဲ့လို့ ဆယ်ယူခဲ့ရဖူးပါတယ်။ အရင် ၂၀၁၆ မှာလည်း စတန်းဖို့ ဒ်ဈေးဝယ်စင်တာတစ်ခုမှာ ကင်းလှည့်စက်ရုပ်ရဲတစ်ရုပ်ဟာ အသက် ၁၆ လသားကလေးငယ်ပေါ် မတော်တဆပြုတ်ကျသွားခဲ့ပြီး ကလေးမှာ ဒဏ်ရာအနည်းငယ်ရသွားခဲ့တဲ့ မှတ်တမ်းတွေ ရှိခဲ့ပါတယ်။

လက်ရှိ နာမည်ကြီး စက်ရုပ်ကုမ္ပဏီထုတ် AI နည်းပညာသုံး စက်ရုပ်တွေဟာ ဟက်ကာတွေရဲ့ လက်နက်တစ်ခု ဖြစ်သွားနိုင်တယ်လို့ IOActive ဆိုင်ဘာလုံခြုံရေးကုမ္ပဏီမှ ပညာရှင်များက အစီရင်ခံစာ တင်ထားဖူးပါတယ်။ မကြာသေးခင်ကလည်း Facebook ရဲ့ AI အဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ FAIR ထုတ် chatbot နှစ်ကောင် ကိုယ်ပိုင်ဘာသာစကားနဲ့ ဆက်သွယ်စကားပြောနေတာ တွေ့ ရပြီးနောက် Facebook ဟာ ဒီ chatbot တွေကို ချက်ချင်း shut down လုပ်ခဲ့ရပါတယ်။ စက်ရုပ်တွေဟာ လူသားတွေနဲ့ အတူ လက်တွဲနေထိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလားဆိုတာကိုတော့ သိပ္ပံသုတေသီများက အဖြေရှာရဦးမှာ ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...