ဘက်ထရီအားနည်းမှ CHATTING ထိုင်လို့ ရတဲ့ အက်ပလီကေးရှင်း - iT Guider
International News News Tech

ဘက်ထရီအားနည်းမှ CHATTING ထိုင်လို့ ရတဲ့ အက်ပလီကေးရှင်း

Written by Chan Myae Maung

Die With Me

ဒီအက်ပလီကေးရှင်းသုံးမယ်ဆိုရင်တော့ ဖုန်းအားကုန်ခါနီးမှ သုံးရမှာ ဖြစ်လို့ ချက်တင်ထိုင်ရတာ ချစ်သူများအတွက် စိတ်ပျက်စရာပါ။ ဘက်ထရီအား ၅% နဲ့ အောက်ကျန်မှ သုံးလို့ ရမယ့် ဒီအက်ပလီကေးရှင်းဟာ ဘက်ထရီမကောင်းတဲ့ ဖုန်းတွေအတွက် အဓိကထားပြီး ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး အန်းဒရိုက်နဲ့ iOS စနစ်နှစ်မျိုးစလုံးမှာ သုံးနိုင်မှာပါ။

Die With Me လို့ ခေါ်တဲ့ ဒီအက်ပ်ကို ဘယ်လ်ဂျီယံမှ App developers များဖြစ်တဲ့ ဒရေးစ် ဒီပူးတာနဲ့ ဒေးဗစ်ဆာပရီနက်တို့ မှ ရေးဆွဲထားတာ ဖြစ်ပြီး ဘက်ထရီအားမခံတဲ့ ပြဿနာအတွက် အကောင်းမြင်တဲ့ သဘောနဲ့ ထုတ်ထားတာလို့ ဆိုပါတယ်။

၂၀၁၆ ခုနှစ်ကစပြီး ဒီအက်ပ်ကို ဒီဇိုင်းဆွဲလာတာ ဖြစ်ပြီး App Store ၊ Google Play နှစ်နေရာလုံးကနေ ဒေါင်းလုပ်ဆွဲ ရယူနိုင်ပြီ ဖြစ်ပါတယ်။

Die With Me မှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက ဒီအက်ပ်ကနေ ချက်တင်ထိုင်နေစဉ် ဘက်ထရီလယ်ဗယ်ကို အချင်းချင်း မြင်နေရတာပါ။ စကားပြောတိုင်း Chat box ဘေးနားမှာ ဘက်ထရီ % ကို ပြနေမှာ ဖြစ်လို့ ထူးဆန်းနေတာတော့ အမှန်ပါပဲ။ တကယ့်ချက်တင်လောကထဲက Chat app တွေကို ငြီးငွေ့ လာရင်တော့ စမ်းသုံးသင့်တယ်လို့ ဆိုရမှာပါ။

 

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...