ဆယ်လ်ဖီကနေ ယာဉ်မောင်းရဲ့ ID ကို စစ်ဆေးနိုင်မယ့် စနစ် အိန္ဒိယမှာ UBER ကျင့်သုံးနေ - iT Guider
International News News Tech

ဆယ်လ်ဖီကနေ ယာဉ်မောင်းရဲ့ ID ကို စစ်ဆေးနိုင်မယ့် စနစ် အိန္ဒိယမှာ UBER ကျင့်သုံးနေ

Written by Chan Myae Maung

တစ်ခုခုဆိုရင် ရဲစခန်းနဲ့ UBER TEAM နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်အကူအညီတောင်းနိုင်တော့မှာပါ။

နည်းပညာဟာ ယနေ့ ခေတ်ရဲ့ နိစ္စဓူဝ လိုအပ်ချက်များကို လွယ်ကူလျင်မြန်စွာ ဖြေရှင်းပေးနိုင်ပြီ ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကမ္ဘာကျော် အငှားကား ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Uber ဟာ ဆဲလ်ဖီရိုက်လိုက်ရုံနဲ့ စီးမယ့်သူရော မောင်းနှင်သူ နှစ်ဦးစလုံးကို အက်ပလီကေးရှင်းကနေ သိမယ့် စနစ်ကို အိန္ဒိယမှာ သုံးသွားတော့မှာပါ။

Uber တက္ကဆီကုမ္ပဏီကနေ သုံးသွားမယ့် စနစ်ကတော့ Real -Time ID Check လို့ ခေါ်ပြီး စမတ်ဖုန်းကင်မရာကနေ ဆဲလ်ဖီရိုက်ပြီး ID စစ်တာ ဖြစ်ပါတယ်။ Real-Time ID Check ဆိုတာကတော့ Microsoft Cognitive Services ကို သုံးထားတဲ့ လုံခြုံရေး Feature တစ်ခုဖြစ်ပြီး ယာဉ်မောင်းရော စီးသူပါ လုံခြုံမှု ရှိအောင် ကာကွယ်ပေးသွားမှာပါ။ ကားမောင်းမယ့် ဒရိုင်ဘာများဟာ ကားမောင်းဖို့ အတွက် ကားမမောင်းခင် Uber app နဲ့ ချိတ်ပြီး ဆဲလ်ဖီအရင် ရိုက်ရပါတယ်။

ပြီးတာနဲ့ Microsoft Cognitive Services ကို သုံးပြီး ဒီဓါတ်ပုံနဲ့ အက်ပလီကေးရှင်းထဲမှာ စာရင်းသွင်းထားတဲ့ အကောင့်ထဲက ပုံနဲ့ တူမတူ ချက်ချင်း တိုက်စစ် သွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ဒီပုံနှစ်ပုံ မတူရင် အကောင့်ဟာ ယာယီလော့ခ်ကျသွားမှာ ဖြစ်ပြီး Uber team ကနေ အခြေအနေကို စစ်ဆေးပေးနေမှာပါ။

Uber launches selfie-powered real-time ID check in India

ဒရိုက်ဘာတစ်ယောက်ဟာ ကားအော်ဒါအမှာတစ်ခုကို လက်ခံလိုက်ပြီ ဆိုတာနဲ့ ကားငှားမယ့်သူဟာ မောင်းသူရဲ့ ပထမနာမည် ၊ ဓါတ်ပုံ ၊ လိုင်စင်နံပါတ်နဲ့ မောင်းနှင်ရမယ့် Rating များကို အက်ပလီကေးရှင်းများကနေ တွေ့ နေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကားမောင်းသူကလည်း ခရီးသည်ရဲ့ ပထမနာမည် နဲ့ rating ကိုတွေ့ နေမှာပါ။ ဒရိုက်ဘာနဲ့ ခရီးသည်အကြား အက်ပလီကေးရှင်းကနေ အပြန်အလှန်ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

ဒီနည်းနဲ့ လိုရာခရီးရောက်ပြီဆိုတာနဲ့  မောင်းသူဟာ သွားသမျှ ခရီးလမ်းကြောင်းကို အက်ပလီကေးရှင်းကနေ အလိုအလျောက် တွက်ချက်ရယူနိုင်မှာပါ။ ဒီအက်ပလီကေးရှင်းမှာပါတဲ့ မြေပုံပေါ်မှာ ကားသွားနေတာဟာ လမ်းကြောင်းအမှန်လား မှားနေသလားဆိုတာကို ဖော်ပြပေးနေတာမို့ စိတ်ပူစရာ မရှိပါဘူး။

ကားပေါ်မှာ လိုက်ပါနေသူများဟာ သွားတဲ့ လမ်းကြောင်းနဲ့ ခန့် မှန်းရောက်မယ့်အချိန် အပါအဝင် သူတို့ ရဲ့ ခရီးစဉ်အသေးစိတ်ကို မိမိရဲ့ မိသားစုနဲ့ သူငယ်ချင်းများကို ပြန်လည် Share လုပ်ပြီး မျှဝေနိုင်ပါတယ်။ ဒါဆိုရင် ကားလိုက်စီးသူရဲ့ မိဘဆွေမျိုးသူငယ်ချင်းများကလည်း ကားမောင်းသူရဲ့ ဓါတ်ပုံ နဲ့ နာမည် အပါအဝင် စီးလာတဲ့ ကား နဲ့ သွားခဲ့တဲ့ လမ်းကြောင်းကို သိနေမှာ ဖြစ်ပါတယ်။

ဒီစနစ်ကြောင့် ယာဉ်စီးခရီးသည်ကိုလည်း Uber Team ကနေ စောင့်ကြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ Real-Time ID စစ်တဲ့ စနစ်အတွက် ယာဉ်မောင်းတစ်ယောက်ပဲ ဆယ်လ်ဖီဆွဲပြီး ID အတည်ပြုပေးရမှာ ဖြစ်ပြီး ဒီအတွက် အတည်ပြုစနစ်ကြာချိန်ကလည်း မပြောပလောက်တဲ့ စက္ကန့် ပိုင်းပဲ ကြာတယ်လို့ ဆိုပါတယ်။

အိန္ဒိယမှာ ပြေးဆွဲသွားမယ့် Uber အငှားကားများမှာ Real-Time ID စနစ်အပြင် လုံခြုံရေးအနေနဲ့ အရေးပေါ် အကူအညီတောင်းနိုင်တဲ့ Safety Features များလည်း ပါဝင်ပါတယ်။ ခရီးတစ်ခု စပြီး ထွက်လိုက်တာနဲ့ ခရီးဆုံးတဲ့အထိ သွားရေး လာရေးအနေအထားများကို ဘေးကင်းစိတ်ချရပြီး အဆင်ပြေအောင် စီစဉ်ထားပါတယ်။

အိန္ဒိယမှာ သုံးသွားမယ့် SoS င်္unction ကတော့ EMERGENCY button လို့ ခေါ်ထားပြီး တစ်ခုခုဆိုရင် ရဲစခန်းနဲ့ Uber team နဲ့ ချိတ်ဆက်ပြီး တိုက်ရိုက်အကူအညီတောင်းနိုင်တော့မှာပါ။ Real-Time ID check စနစ်ကို အမေရိကန်တစ်ခွင်မှာ အောင်အောင်မြင်မြင် သုံးစွဲနိုင်ခဲ့သလို တောင်အာဖရိက ၊ အီဂျစ် ၊ ရုရှား ၊ ဘာရိန်း ၊ ယူအေအီး ၊ ကာတာ ၊ ဖိလစ်ပိုင် ၊ စကာၤပူ ၊ ၾသစေၾတးလ် ၊ ဘရာဇီး ၊ အင္ဒိုနီးရွား ၊ ပါကစ္စတန် နဲ့ ဗီယက်နမ်တို့ မှာလည်း အသုံးပြုနေကြတယ်လို့ သိရပါတယ်…။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...