TWITTER ကနေ အဝတ်ဗလာပုံတွေ ပို့ နေမိပြီလား...? - iT Guider
International News News Tech

TWITTER ကနေ အဝတ်ဗလာပုံတွေ ပို့ နေမိပြီလား…?

Written by Chan Myae Maung

Social Twitter News

နာမည်ကျော် လူမှုကွန်ရက် Twitter ကတော့ ကုမ္ပဏီအနေနဲ့ နှစ်ကိုယ်ကြား တိုးတိုးတိတ်တိတ် မက်ဆေ့တွေကို ကြားဖြတ် ဝင်ရောက်ဖတ်ရှုတာတော့ မလုပ်ပါဘူးတဲ့။ တစ်ခုရှိတာက မပေါ့်တပေါ်နဲ့ ပေါ်ပေါ်ထင်ထင် အဝတ်မဲ့ပုံတွေကိုတော့ Twitter ဘက်က ဝန်ထမ်းတစ်ချို့ က ဝင်ကြည့်နိုင်တယ်လို့ ဝန်ခံလိုက်ပါတယ်။

မကြာသေးခင်ကပဲ Twitter ဝန်ထမ်းတွေဆီကနေ တစ်ချို့ Twitter အကောင့်တွေထဲ ဝင်ပြီး သူတို့ အချင်းချင်းပို့ နေတဲ့ တိုက်ရိုက်မက်ဆေ့( DM ) တွေကို ခဏခဏ ကြည့်ဖြစ်တဲ့အကြောင်း ဗွီဒီယို ကစ်တစ်ခု ထွက်လာခဲ့ပါတယ်။ ဗွီဒီယိုထဲမှာ Twitter မှ လုံခြုံရေးအင်ဂျင်နီယာ ကလေးဟေးနက်စ်ဆိုသူက ကျွန်တော့်ဘဝမှာ မြင်ချင်ခဲ့တာထက် ပိုများတဲ့ ကျားအင်္ဂါတွေ တွေ့ လိုက်ရတယ်လို့ ဆိုပါတယ်။ တစ်ယောက်ကဆို ကျွန်တော်တော့ အစုံပလုံ မြင်ဖူးပြီဗျို့ လို့ တောင် ပြောထားပါတယ်။

ဒါတွေအပြင် DM လို့ ခေါ်တဲ့ ပါစင်နယ်မက်ဆေ့တွေပါ သူတို့ ဘယ်လို ဝင်ကြည့်တယ်ဆိုတာကို ဗွီဒီယိုမှာ ထည့်ပြောထားပါတယ်။ ဗွီဒီယိုထဲမှာပဲ စောင့်ကြည့်ရေး team အဖွဲ့ သားတွေထဲမှာ အဲဒီအပိုင်း အားသန်တဲ့ သူတွေဆို Twitter သုံးသူ ၃-၄ ရာနဲ့  တစ်နေ့ ကို အနည်းဆုံး ၃-၄ နာရီ အထိ ချက်တင်ထိုင်ကြတယ်တဲ့။

Twitter ဝန်ထမ်းတွေနဲ့ တွေ့ ဆုံမေးမြန်းခဲ့တဲ့ ယခုဗွီဒီယိုကို Project Veritas သတင်းဆိုက်ကနေ YouTube ပေါ်တင်ခဲ့တာပါ။ လူမှုကွန်ရက်သုံးသူတွေ အချင်းချင်း ပြောကြတဲ့ အတွင်းရေးတွေနဲ့ sex message တွေကို ကြည့်တဲ့အကြောင်းTwitter က ငြင်းထားပေမယ့် တစ်ချို့ ဝန်ထမ်းတွေကတော့ nude photo ကိုယ်တုံးလုံးပုံတွေ ကြည့်လို့ ရတယ်ဆိုတာကိုတော့ ဝန်ခံထားပါတယ်။ The Sun သတင်းစာကို Twitter ပြောခွင့်ရပုဂ္ဂိုလ်ပြောထားတာကတော့ တစ်ဦးချင်းအနေနဲ့ ဒါမျိုးပြောကောင်းပြောပေမယ့် ဒါဟာ Twitter ကို ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ပရာနေဆင်းဂ်ဆိုတဲ့ DM အင်ဂျင်နီယာပြောသလို ပြောမယ်ဆိုရင် အတော်ကြောက်ဖို့ ကောင်းနေပါတယ်။ သူ့ အဆိုအရ “ခင်ဗျားနဲ့ အခု အိပ်နေတဲ့ လင်ရှိမယားရော ၊ ရည်းစားရော ဘာညာသာရကာအားလုံး အခု ကျုပ်ဆာဗာပေါ် ရောက်နေပြီတဲ့”။ ဘာပဲဖြစ်ဖြစ် လူမှုကွန်ရက်တွေပေါ်က ချစ်ခန်းကြိုက်ခန်းတွေဟာ လွမ်းစရာထက် လန့် စရာကောင်းနေပြီ ဖြစ်သလို ကိုယ့်ကို စောင့်ကြည့်နေသူတစ်ဦးမက ရှိနေပြီဆိုတာလည်း သတိပြုမိဖို့ လိုပြီဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...