ဂျပန် COINCHECK ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းပိုင် ဒေါ်လာ သန်း ၅၀၀ ကျော်ကို ဟက်ကာများ ခိုးယူ - iT Guider
International News News Tech

ဂျပန် COINCHECK ဒစ်ဂျစ်တယ်ငွေကြေးလုပ်ငန်းပိုင် ဒေါ်လာ သန်း ၅၀၀ ကျော်ကို ဟက်ကာများ ခိုးယူ

Written by Chan Myae Maung

၂၄ နာရီအတွင်း ဈေးကွက်ဝေစု ၁၁% တန်ဖိုးကျသွားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးလဲလှယ်ရေးတစ်ခုဖြစ်တဲ့ Coincheck လုပ်ငန်းစုဟာ ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ကြုံတွေ့ ရပြီး ဒေါ်လာ ၅၄၃ သန်း (ပေါင်သန်း ၃၈၀) ဆုံးရှုံးသွားခဲ့ရတာကြောင့် သမိုင်းမှာ အကြီးဆုံး ဒစ်ဂျစ်တယ်ငွေကြေးစောရမှုကြီးတစ်ခု အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

Coincheck ရဲ့ ထုတ်ပြန်ချက်အရ ကုမ္ပဏီရဲ့ Digital Currency တစ်ခု ဖြစ်တဲ့ NEM tokens ပေါင်း ၅၄၃ သန်း ကျော်ဟာ ပြီးခဲ့တဲ့ သောကြာနေ့ မှာ ဟက်ကာများလက်ထဲ ရောက်သွားခဲ့ဖွယ်ရှိတာကြောင့် ဒီဖြစ်ရပ်ကို စုံစမ်းနေတယ်လို့ ဆိုပါတယ်။

အခုထိတော့ ဒီစုံစမ်းမှုကနေ ဘာရလဒ်မှ ထွက်ပေါ်မလာသေးပါဘူး။ တကယ်လို့ ဒီပမာဏသာ ဟက်ကာများ ခိုးယူနိုင်ခဲ့တာ မှန်မယ်ဆိုရင်တော့ သမိုင်းတစ်လျှောက် ပမာဏအများဆုံး ဒစ်ဂျစ်တယ်ငွေကြေးအခိုးယူခံရမှု ဖြစ်သွားမှာပါ။

NEM ဟာ Bitcoin ၊ Ethereum ၊ Litecoin တို့ လို Crypto-currency တွေထဲက တစ်ခုဖြစ်ပေမယ့် လူသိနည်းတဲ့ ငွေကြေးစနစ်လည်း ဖြစ်ပါတယ်။ ယခုလို NEM များ သန်းရာနဲ့ ချီ ခိုးယူခံရပြီးနောက် NEM အသွင်းအထုတ် လုပ်တဲ့ ကိစ္စအားလုံးကို တရားဝင် ဆိုင်းငံ့ထားတယ်လို့ ကြေငြာထားပါတယ်။

World’s biggest ever digital currency ‘Theft’

NEM ဟာ ကမ္ဘာ့ Crypto currency ဈေးကွက်မှာ ဈေးကွက်တန်ဖိုးအရ ၁၀ ခုမြောက်အကြီးဆုံး ငွေကြေးစနစ်ဖြစ်ပြီး ယခုဖြစ်ရပ်ကြောင့် ၂၄ နာရီအတွင်း ဈေးကွက်ဝေစု ၁၁% တန်ဖိုးကျသွားခဲ့တယ်လို့ Bloomberg သတင်းများမှာ ဖော်ပြထားပါတယ်။

အလားတူ Bitcoin နဲ့ Ripple တို့ လို တစ်ခြားဒစ်ဂျစ်တယ်ငွေကြေးများကလည်း ၃.၄% နဲ့ ၉.၉% စီ ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ကလည်း ဂျပန်မှ Mt Gox လုပ်ငန်းစုဟာ Bitcoin ပေါင်း ၈ သိန်းခွဲ (ထိုစဉ်က ဒေါ်လာ သန်း ၄၀၀ ကျော်) အခိုးခံရပြီး စီးပွားပျက်တဲ့အဆင့်ထိ ရောက်သွားခဲ့ပါတယ်။ ယခုဖြစ်ရပ်ကြောင့် NEM ရဲ့ ရှယ်ယာတန်ဖိုးဟာ ၁.၀၁ ဒေါ်လာဈေးကနေ ၀.၈၃ ဒေါ်လာအထိ ကျဆင်းနေပါတယ်။

ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပထမဆုံး Crypto exchange လုပ်ငန်းမှတ်ပုံတင်ထားတဲ့ နိုင်ငံဖြစ်တာကြောင့် ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုပိုင်းမှာ သက်တမ်းရင့်နေပြီ ဖြစ်ပါတယ်။ CoinCheck အနေနဲ့ ယခုအခြေအနေကို အသေးစိတ်စုံစမ်ပြီး နစ်နာသူများကို လျော်ကြေးပေးသွားဖို့ လည်း ရှိနေပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...