FB မှာ စိတ်ရှုပ်စရာ ဘော်ဒါတွေရဲ့ပို့ စ်ကို တစ်လတိတိ မမြင်အောင် ရှောင်နိုင်တဲ့ feature သုံးနိုင်ပြီတဲ့ဗျို့...
News Tech

Facebook မှာ စိတ်ရှုပ်စရာ ဘော်ဒါတွေရဲ့ပို့ စ်ကို တစ်လတိတိ မမြင်အောင် ရှောင်နိုင်တဲ့ feature သုံးနိုင်ပြီတဲ့ဗျို့…

Written by Chan Myae Maung

Unfriend လုပ်စရာ မလိုဘဲ ရက် ၃၀ အထိ ပိတ်ထားလို့ ရမှာပါ။ လူမှုကွန်ရက် သုံးကြသူအချင်းချင်းကြား အာရုံနောက်စရာ ပို့ စ်တွေ ဆက်တိုက်တင်တတ်တဲ့ friend တွေရဲ့ News Feed တွေကို ရက် ၃၀ အထိ မျက်စိအနောက်သက်သာစေမယ့် Feature သစ်ကို Facebook မှာ ဒီနေ့ ပဲ ဖြန့် ချီလိုက်ပါတယ်။

ဒီ Feature ကို Snooze လို့ နာမည်ပေးထားပြီး ကိုယ်မမြင်ချင်တဲ့ သူရဲ့ ပို့ စ်တွေကို Unfriend လုပ်စရာ မလိုဘဲ ရက် ၃၀ အထိ ပိတ်ထားလို့ ရမှာပါ။ Unfollow တို့ Hide တို့ လို Feature တွေကတော့ Page နဲ့ Friend တွေ တင်သမျှကို ကိုယ့် Wall ပေါ်ကနေ အမြဲဖယ်ရှားလိုက်တာ ဖြစ်လို့ တကယ်လို့ သူ့ အကြောင်း အသစ်တင်သမျှကို ပြန်ကြည့်ချင်တယ်ဆိုရင် ဒီ Page နဲ့ Friend တွေရဲ့ Wall ထဲအထိ ဝင်ရှာပြီး ကြည့်ရမှာပါ။

Snooze ကတော့ Facebook ပေါ်ကနေ Friends တွေ Page တွေနဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်တွေကို မမြင်ရအောင် အမြဲ ဖြုတ်သွားတာ မဟုတ်လို့ ကိုယ်ကြိုက်တဲ့အချိန် သူ့ ရဲ့ နောက်ဆုံးတင်ထားတဲ့ ပို့ စ်တွေကို ဝင်ကြည့်လို့ ရမှာပါ။ ဒီ Feature သစ်ဟာ Social Network ပေါ်က စိတ်ရှုပ်စရာ လူတွေနဲ့ ကင်းကင်းရှင်းရှင်း နေချင်သူများအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။

Facebook ဟာ ယခု Feature ကို ပြီးခဲ့တဲ့ စက်တင်ဘာလကထဲက စမ်းသပ်ခဲ့တာဖြစ်ပြီး Facebook မှာ စိတ်ရှုပ်စရာ မမြင်ချင်သူတွေအတွက်တော့ သက်သာစရာ feature တစ်ခုလို့ လည်း ပြောနိုင်ပါတယ်။

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...