Mobile Tech

iPhone X မှာ သုံးသွားမယ့် RAM က ထင်သလောက် မြင့်ဖို့ မရှိ

Written by Chan Myae Maung

RAM အမြင့်စား ပါလာမယ်လို့ ထင်နေသူများအတွက် နည်းနည်း စိတ်ပျက်စရာ ဖြစ်ဖို့ ရှိပါတယ်။ မနက်ဖြန်မှာ မြင်ရမယ့် Apple ရဲ့ ဆယ်နှစ်ပြည့် Special Edition iPhone သစ်အကြောင်း သတင်းတစ်ချို့ ထွက်လာချိန်မှာတော့ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ အချက်တွေ ပါမလာတာ တွေ့ ရပါတယ်။

အရင်နှစ်က iPhone 7 စီးရီးတွေနဲ့ ဒီနှစ်ထွက်မယ့် iPhone သစ်တွေအကြား ပြောင်းလဲသွားမယ့် နည်းပညာသစ်များ ၊ ဒီဇိုင်းများ ၊ fetures များအကြောင်း မပြောခင် စိတ်ပျက်စရာ သတင်းတစ်ခုက iPhone သစ် သုံးမျိုးမှာ သုံးသွားမယ့် RAM ပမာဏဟာ iPhone 7 Plus ထက်မမြင့်ဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ် iPhone 7 မှာ RAM 2GB နဲ့ iPhone 7 Plus ကို RAM 3GB သုံးခဲ့ပါတယ်။ ဒီဘက်နှစ်မှာတော့ အလတ်တန်းစားဖုန်းတွေကနေ flagship ဖုန်းတွေအထိ အနည်းဆုံး RAM 4GB ကနေ 8GB အထိသုံးလာတာ ဖြစ်လို့ iPhone သစ်တွေမှာလည်း အနည်းဆုံး RAM 4GB လောက် ပါမယ်လို့ မျှော်လင့်ခဲ့တာပါ။

iPhone ဆော့ဖ်ဝဲလ်ပိုင်းတွေ အဓိက ရေးနေတဲ့ အိုင်းရစ်လူမျိုး developer တစ်ဦး ဖြစ်သူ စတီဗင်ထရော့တန် စမစ်ရဲ့ Tweet မှာတော့ ဒီမျှော်လင့်ချက်ကို ရိုက်ချိုးထားပါတယ်။ စမစ်ဟာ iPhone လောကမှာ နာမည်ကြီး ပညာရှင်တစ်ယောက်ဖြစ်လို့ သူ့ ဆီက သတင်းကို အလေးအနက် ထားသင့်တယ်လို့ ထင်ပါတယ်။

Twitter မှာ သူတင်ထားတဲ့ အတိုင်းဆိုရင် အရင်က iPhone 7s လို့ သတင်းထွက်ထားခဲ့တဲ့ အနိမ့်ဆုံး iPhone 8 ဟာ RAM 2GB သုံးသွားမယ်လို့ ဆိုပြီး iPhone 8 Plus နဲ့ အမြင့်ဆုံးဗားရှင်း iPhone X မှာတောင် RAM 3GB ပဲ သုံးသွားမယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ iPhone သစ်မှာ RAM အမြင့်စား ပါလာမယ်လို့ ထင်နေသူများအတွက် နည်းနည်း စိတ်ပျက်စရာ ဖြစ်ဖို့ ရှိပါတယ်။

ကင်မရာနည်းပညာပိုင်းမှာတော့ iPhone X ဟာ 60fps နှုန်းနဲ့ 4K ဗွီဒီယို ရိုက်ကူးနိုင်တဲ့ 12MP ကျောဘက်ကင်မရာနှစ်လုံး သုံးသွားမယ်လို့ စမစ်ရဲ့ Tweet မှာ တင်ထားပါတယ်။ ရှေ့ ကင်မရာကတော့ iPhone 8 to feature 2GB of RAM, iPhone 8 Plus and iPhone X to pack 3GBအရင်က 8MP လို့ သတင်းထွက်ပေမယ့် စမစ်ရဲ့ အဆိုအရ 30fps နှုန်းနဲ့ 1080p ရုပ်ထွက်မြင့် ကင်မရာရိုက်ချက်တွေ ရိုက်ကူးနိုင်တဲ့ 7MP ကင်မရာ သုံးသွားမယ်လို့ ဆိုပါတယ်။ဒီရက်ပိုင်း iPhone X နဲ့ ပတ်သတ်ပြီး ထွက်ခဲ့တဲ့ သတင်းအရ ဒီဖုန်းဟာ စွမ်းရည်မြင့် high performance cores နှစ်ခုနဲ့  လုပ်ဆောင်ချက်မြင့်မားတဲ့ high efficiency cores လေးခု ၊ စုစုပေါင်း 6 core features ပါ iOS 11 processro သုံးသွားမယ် လို့ သိရပါတယ်။ ဒါ့အပြင် မျက်နှာနဲ့ လော့ခ်ဖွင့်နိုင်တဲ့ Face ID စနစ်များလည်း သုံးသွားဖို့ ရှိပတယ်။ အသေးစိတ်ကိုတော့ လာမယ့် အင်္ဂါနေ့ ည Steve Jobs Theater မှာ ကျင်းပသွားမယ့် Apple ရဲ့ မိတ်ဆက်ပွဲမှာ တွေ့ မြင်ရတော့မှာ ဖြစ်ပါတယ်။

About the author

Chan Myae Maung

Leave a Comment

error: