ငွေ ၁သိန်းလောက်နဲ့ အဆင့်မြင့်မြင့်ကိုင်ရမယ့် 10.or D လို့ခေါ်တဲ့ စမတ်ဖုန်းကို Amazon မိတ်ဆက်
Mobile Tech

ငွေ ၁သိန်းလောက်နဲ့ အဆင့်မြင့်မြင့်ကိုင်ရမယ့် 10.or D လို့ခေါ်တဲ့ စမတ်ဖုန်းကို Amazon မိတ်ဆက်

Written by Chan Myae Maung

လာမယ့် ဇန်န၀ါရီလ ၅ရက်နေ့၊ အိန္ဒိယမှာ စတင်ပွဲဦးထွက်ရောင်းချမယ်လို့ သိရပါတယ်။ 2GB RAM, 16GB နဲ့ 3GB RAM, 32GB ဆိုပြီး ၂မျိုးဝယ်ယူရရှိနိုင်မှာပဲဖြစ်ပါတယ်။

Storage ပမာဏအပေါ်မူတည်ပြီးတော့ ဈေးနှုန်းအနည်းငယ်လောက်ပဲ ကွာခြားသွားမှာပါ။

အာမခံအနေနဲ့ ၁နှစ်တိတိ အာမခံပေးထားပါတယ်။ လက်ရှိမှာတော့ မြန်မာပြည်ဈေးကွက်ထဲကို ၀င်လာဖို့ မရှိသေးပါဘူး။ ဒါပေမယ့် အိန္ဒိယမှာ မိတ်ဆက်ပြီးတဲ့အချိန် တစ်ပတ်အတွင်းလောက်မှာ မြန်မာပြည်ဈေးကွက်ထဲကို ၀င်လာဖို့လည်းရှိပါတယ်။ ဒီအတွက်တော့ အချိန်အတိုင်းအတာတခုအထိ စောင့်ပေးရမှာပေါ့နော်။

မျက်နှာပြင် နှင့် ဒီဇိုင်း

10.or D လို့အမည်ပေးထားတဲ့ အဆိုပါ စမတ်ဖုန်းဟာ ၅.၂ လက်မရှိတဲ့ ကျယ်ပြန့်တဲ့ မျက်နှာပြင်နဲ့အတူ၊ 1280 x 720 HD အရည်အသွေးကြောင့် ကြည်လင်ပြတ်သားမှု ပုံရိပ်တွေကို ကောင်းကောင်းခံစားနိုင်မှာပါ။

အနောက်ဘက်မှာ ၀.၂ စက္ကန့်အတွင်း လျှင်မြန်စွာ ဖွင့်ပေးနိုင်တဲ့ Fingerprint Sensor ကလည်း သင့်ကို ကျေနပ်မှုတခု ပေးနိုင်မှာပါ။ သေချာတာတခုကတော့ ယခု စမတ်ဖုန်းရဲ့ ဒီဇိုင်းက သင့်နဲ့ သဟဇာတ ကျမယ့် အနေအထားနဲ့ အဆင်ပြေအောင် ထုတ်လုပ်ပေးထားတာမို့ သင့်အတွက် တကယ်အဆင်ပြေမှာပါ။

Hardware ပိုင်း

အဆိုပါ 10.or D စမတ်ဖုန်းဟာ 64bit ကို အခြေခံထားပြီး၊ Processor ပိုင်းအနေနဲ့ 1.4GHz Snapdragon 425 SoC  ကိုအသုံးပြုပေးထားပြီး၊ Game ပိုင်းဆိုင်ရာအတွက် လုံလောက်တဲ့ Adreno 308 GPU ကိုထည့်သွင်းအသုံးပြုပေးထားတာကြောင့် တကယ့်ကို ပေးရတဲ့ဈေးနဲ့ တန်တဲ့ စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

ကင်မရာပိုင်း

ကင်မရာအကြောင်းပြောရမယ်ဆိုရင်တော့ 13-Megapixel အနောက်ကင်မရာနဲ့၊ အလိုအလျောက် Focus ဖမ်း၍ရိုက်ယူနိုင်ကာ LED Flash ကိုတပ်ဆင်ပေးထားပါတယ်။ အရှေ့ဘက် ကင်မရာကတော့ 5-Megapixel ကိုသုံးပေးထားတာပဲ ဖြစ်ပါတယ်။ ချမ်းမြေ့ ဒီနေရာကနေ အဓိကတခု ပြောချင်တာရှိပါတယ်။ အဲ့ဒါကတော့ ယခုနောက်ပိုင်း စမတ်ဖုန်း အများစုဟာ ကင်မရာပိုင်းဆိုင်ရာကို အထူးပြင်ဆင်ဖြည့်စွက်ပေးလာတာကြောင့် သုံးစွဲသူကိုယ်တွေအနေနဲ့ကတော့ တခုခုဆိုရင် “မင်းကင်မရာက ဘယ်လောက်အရည်အသွေးရှိလို့လဲကွာ…” ဘာညာ…သာရကာဆိုပြီး အမြဲတမ်းကြားနေရပါတယ်။ အကြံပြုချင်တဲ့အရာကတော့- အတော်အသင့်ကောင်းတဲ့ ကင်မရာအရည်အသွေးနဲ့ Hardware ပိုင်းကောင်းတဲ့ အရည်အသွေးကောင်းရင်ပဲ အဓိက ထားပြီးဝယ်ယူကြပါ။

ဘက်ထရီပိုင်းဆိုင်ရာ

3500mAh ပမာဏရှိပြီး လက်ရှိ ဘက်ထရီ အမျိုးအစားထဲမှာ အရည်အသွေးကောင်းတဲ့ Li-Po တံဆိပ်ကို အသုံးပြုပေးထားတာပဲ ဖြစ်ပါတယ်။ ထူးခြားချက်လေးပြောမယ်နော်။ အဲ့ဒါကတော့- “Mp3 သီချင်းချည်းပဲကို နာရီပေါင်း ၇၀ အထိ တောင်တောက်လျှောက်နားထောင်လို့ရတယ်တဲ့ဗျာ!” ဒါ့အပြင် “ဖုန်းပြောမယ်ဆိုရင်တော့ ၂၅နာရီတိတိ အသုံးပြုလို့ရတယ်” ဒါတွေကြောင့် သင့်လို အမြဲ Online တက်နေတက်တဲ့ လူတစ်ယောက်အတွက်တော့ တကယ့်ကို ကောင်းတဲ့ အချက်တခုပေါ့ဗျာ။

တစ်ခြားလုပ်ဆောင်ချက်များ

အဲ့ဒါတွေတော့ ထွေထွေထူးထူးမပြောတော့ပါဘူး။ တကယ့်ကို ဈေးသက်သာပြီး အရည်အသွေးမြင့်မားတဲ့ နည်းပညာတွေ ပေါင်းစပ်ဖန်တီးပေးထားတာကြောင့် သာမာန်ပြည်သူတွေ အစဉ်ပြေပြေ၀ယ်ယူအသုံးပြုနိုင်မှာပါ။

ကျေးဇူးတင်ပါတယ်နော်။

ရေးသားသူ : CHAN MYAE MAUNG (iT Guider – Chanlay)

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...