အသုံးများသော Online ပေါ်မှ ပိုက်ဆံပေး၍၀ယ်ယူရသော Gift Card များအကြောင်း
iOS Mobile Tech

အသုံးများသော Online ပေါ်မှ ပိုက်ဆံပေး၍၀ယ်ယူရသော Gift Card များအကြောင်း

Written by Chan Myae Maung

မင်္ဂလာပါ…။ ဒီနေ့ ကျွန်တော်တို့ iT Guider မှ ဝေမျှပေးမယ့် နည်းပညာဆောင်းပါးလေးကတော့ ခေါင်းစဉ်အတိုင်းပဲ… “Online ပေါ်မှ ပိုက်ဆံပေး၍၀ယ်ယူအသုံးပြုနိုင်သော Gift Card များအကြောင်း” ဖြစ်ပါတယ်။ တစ်ချို့ သာမာန် အွန်လိုင်းအသုံးပြုသူများ နားမလည်သေးလို့၊ လာလာမေးနေကြတော့… အကုန်လုံးလဲ အကြမ်းဖျင်း သိသွားအောင် ရေးသားဝေမျှပေးလိုက်တာပါ။

iTunes Gift Card

” iTunes Gift Card” ဆိုတာ မိတ်ဆွေတို့ လက်ဝယ် နေ့စဉ်အသုံးပြုနေကြတဲ့ iDevice တွေဖြစ်တဲ့ iPod, iPhone, iPad, Macbook စတဲ့ iOS Devices များစွာအတွက် Apple ရဲ့ iTunes Store မှတစ်ဆင့် Applications, Games, Songs, TV Shows များနဲ့ Audiobooks များအား ၀ယ်ယူနိုင်တဲ့ ကဒ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။

ဘယ်လို Redeem လုပ်ရမလဲ?

iTunes Gift Card တွေ ၀ယ်ယူပြီးတဲ့ အချိန် ရရှိလာတဲ့ Code အချို့ကို ကိုယ်ကိုတိုင် ဘယ်လို ဖြည့်သွင်းရမလဲဆိုတာ အောက်က အဆင့်လေးတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။

  1. မိတ်ဆွေတို့ရဲ့ iTunes Software အတွင်းသို့ အကောင့်ဖြင့် Login ၀င်ပေးလိုက်ပါ။ (အဲ့အဆင့်မပါပဲ မရဘူးနော်…)
  2. အကောင့် Logged in ဖြစ်ပြီးတဲ့အချိန် အောက်ဆုံနားထိ Scroll Down လုပ်ပြီး ဆွဲလိုက်ပါ။ ပြီးတာနဲ့ “Redeem” ဆိုတဲ့ Link လေးကို မြင်ရင် နှိပ်ပေးလိုက်ပါ။
  3. ပြီးရင်တော့ မိတ်ဆွေတို့ ၀ယ်ယူထားတဲ့ iTunes Gift Card အချက်အလက်တွေကို မှန်ကန်စွာဖြည့်သွင်းပြီး၊ Confirm အားနှိပ်ကာ Redeem လုပ်ခြင်း အောင်မြင်ပါပြီ။

သတိပြုရမည့် အရာများ

Gift Card ရောင်းချနေသူအများသည် USD Card အမျိုးအစားဖြစ်တဲ့အတွက်ကြောင့် United State (USA) နိုင်ငံ ဖြင့် Apple ID ပြုလုပ်ထားကြတဲ့ Users တွေ အတွက်သာလျှင် အသုံးပြုလို့ရပါတယ်…။ တစ်ခြား Region ဆိုရင် မရဘူးနော်…။

Google Play Giftcard

” Google Play Giftcard” ဆိုတာ Android Platform ပေါ်မှာ ယနေ့ ကျွန်တော်တို့ အများအပြား Download လုပ်ယူအသုံးပြုနေကြတဲ့ Play Store ပေါ်မှ ပိုက်ဆံဖြင့် ပေးချေမှ ၀ယ်ယူလို့ရတဲ့ Android Game Credits Card အမျိုးအစားဖြစ်ပါတယ်။

ဘယ်လို Redeem လုပ်ရမလဲ?

Google Play Gift Card တွေ ၀ယ်ယူပြီးတဲ့ အချိန် ရရှိလာတဲ့ Code အချို့ကို ကိုယ်ကိုတိုင် ဘယ်လို ဖြည့်သွင်းရမလဲဆိုတာ အောက်က အဆင့်လေးတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ။

  1. https://play.google.com/store?code သို့ သွားရောက်ပြီး မိတ်ဆွေတို့ရဲ့ အဆင်သင့်ရှိတဲ့ Gmail အကောင့်ဖြင့် Login ၀င်ပေးလိုက်ပါ။
  2. အဲ့ဒီနောက် မိတ်ဆွေတို့ ၀ယ်ယူထားတဲ့ အချက်အလက်တွေထဲက Code အချို့ကို ဖြည့်စွက်ပြီး၊ “Confirm” အား နှိပ်ကာ ဖြည့်သွင်း အသုံးပြုနိုင်ပါပြီ။

 Skype Gift Card

ဒီ Skype Gift Card ဆိုတာကတော့ ကမ္ဘာ့နေရာအနှံ့အပြားသို့ အွန်လိုင်း (Internet) ကနေ ဖုန်းခေါ်ဆိုလို့ရတာပဲ ဖြစ်ပါတယ်။ အဆိုပါ  Skype VOIP Prepaid Card တွေနဲ့ မိတ်ဆွေတို့ရဲ့ Skype Account ထဲသို့ ငွေဖြည့်သွင်းပြီး လိုင်းပေါ်(Online) ကနေတစ်ဆင့်၊ ကမ္ဘာ့နေရာအနှံ့အပြားမှာရှိတဲ့  Landline (or) Mobile ဖုန်းများသို့ ဖုန်းခေါ်ဆိုလို့ရတဲ့ ကဒ်အမျိုးအစားပဲ ဖြစ်ပါတယ်။

ဘယ်လို Redeem လုပ်ရမလဲ?

အောက်ပါ အချက်များကို ကြည့်ပြီး လုပ်ဆောင်နိုင်ပါသည်။

  1. ပထမဦးစွာ https://www.skype.com/en/ သို့ သွားလိုက်ပါ။
  2. ဒုတိယအဆင့်အနေနဲ့ Skype Website အတွင်းသို့ ရောက်ပြီဆိုရင်တော့ မိတ်ဆွေတို့ရဲ့ အကောင့် Username နဲ့ လျှို့ဝှက်နံပါတ် တို့ဖြင့် ၀င်ပေးလိုက်ပါ။
  3. အကောင့်ဝင်ရောက်ပြီးပါက Account Overview ဆိုတဲ့နေရာလေးမှာ “Redeem Voucher” ဆိုတာကို နှိပ်ပေးလိုက်ပါ။
  4. ၀ယ်ယူထားပြီးသော မိတ်ဆွေတို့ရဲ့ Skype VOIP Prepaid အချက်အလက်များကို မှန်ကန်စွာဖြည့်သွင်း ပြီး Submit ဆိုတာကို နှိပ်ပေးလိုက်ပါ။
  5. ဒီအဆင့်ကတော့ အပေါ်က အဆင့်တွေကို မှန်ကန်စွာ ဖြည့်သွင်းပြီးပြီဆိုရင်တော့ စတင် အသုံးပြုနိုင်မှာပဲ ဖြစ်ပါတယ်။

Facebook Gift Card

ဒီ ကဒ်ကတော့ တစ်ကမ္ဘာလုံး လူအသုံးအများဆုံးဖြစ်တဲ့ ကဒ်တစ်ခုပါ။ Facebook Social Network မှာ ငွေဖြည့်သွင်းနိုင်ပြီး Facebook Social Game များတွင် iTems များဝယ်ယူခြင်း၊ Game များ၊ Apps များတွင် ငွေဖြည့်သွင်းခြင်းများ ဆောင်ရွက်နိုင်တဲ့ ကဒ်အမျိုးအစားပေါ့။ 🙂

ဘယ်လို Redeem လုပ်ရမလဲ?

သိပ်အခက်ကြီးတော့ မဟုတ်ပါ။ အောက်ပါနည်းအတိုင်း ဖြည့်စွက် ဆောင်ရွက်နိုင်ပါသည်။

  1. အရင်ဆုံး Facebook အကောင့်ကို Login ၀င်ထားလိုက်ပါ။
  2. ပြီးရင် https://www.facebook.com/credits?a=gc တွင် Click တစ်ချက်နှိပ်ပြီး ၀ယ်ယူရရှိထားသော အချက်အလက်များကို ငွေဖြည့်သွင်းပြီး၊ အသုံးပြုနိုင်ပါတယ်။

Steam Wallet Gift Card

ဒီ Card ကတော့ www.steampowered.com တွင် ငွေဖြည့်သွင်းပြီး Online Games များ၊ Software များ ၀ယ်ယူနိုင်သည့် ကဒ်အမျိုးပဲ ဖြစ်ပါတယ်။

ဘယ်လို Redeem လုပ်ရမလဲ?

အောက်ပါ ဖော်ပြထားသော အချက်အလက်များနှင့်တစ်ကွ ဆောင်ရွက်နိုင်ပါသည်။

  1. မိတ်ဆွေတို့ရဲ့ Steam Account ကို Login ၀င်လိုက်ပါ။
  2. store.steampowered/account/redeemwalletcode သို့ သွားရောက်ကာ… ၀ယ်ယူထားတဲ့ အချက်အလက် ကုဒ်များကို မှန်ကန်စွာ တိုက်ရိုက်ဖြည့်စွက် နိုင်မှာပဲ ဖြစ်ပါတယ်။

အပေါ်မှာ ကျွန်တော်တို့ ဖော်ပြပေးထားခဲ့သလိုပဲ… ယနေ့ အသုံးပြုမှုအများဆုံးဖြစ်တဲ့ Online Gift Card အမျိုးအစားတွေကိုပဲ အကြမ်းဖျင်း ရေးပေးလိုက်ပါတယ်။ ဒီလောက်နဲ့ ပဲ ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် နည်းပညာနဲ့ သက်ဆိုင်တဲ့ ဆောင်းပါးလေးတွေကို အလျဉ်းသင့်ရင်သင့်သလို ဆက်လက် ဖော်ပြရေးသွားပေးသွားမှာပါ။

အပေါ်မှာ ရှင်းပြထားတဲ့ Online Gift Card အမျိုးအစားအားလုံးကို ယခု ကျွန်တော်တို့ iT Guider နည်းပညာ စာမျက်နှာကနေ ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးနေတာမို့ ယုံကြည်စိတ်ချစွာ ပိတ်ရက်မရှိ ၀ယ်ယူနိုင်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Written by : Chan Myae Maung (အဂ္ဂမဟာအဘဆရာသခင်မောင်ချမ်း)

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...