Facebook Messenger Game တွေ ဆော့ရင်း Live လွှင့်နိုင်ပြီ - iT Guider
Tech

Facebook Messenger Game တွေ ဆော့ရင်း Live လွှင့်နိုင်ပြီ

Written by Chan Myae Maung

Live မလွှင့်ချင်တဲ့သူတွေ အတွက် Screen Record လည်း ဖမ်းထားနိုင်ပါတယ်။ Messenger ဆိုတာ လစဉ် လူပေါင်း ၁၀၂ သန်းကျော် အသုံးပြုနေတဲ့ application တစ်ခု ဖြစ်လာတယ်လို့ Facebook ရဲ့ Statistics 2017 မှာ ဖော်ပြထားပါတယ်။ ခု Messenger Application Version အသစ်မှာ ဆိုရင် Messenger Game တွေ ကို ဆော့ရင်း Live stream လွှင့်တာ ကို ပြုလုပ်လို့ ရနေပါပြီ။

တစ်ယောက်တည်း messenger game တွေ ကို ဆော့ရင်း live လွှင့်နိုင်သလို ကိုယ့် သူငယ်ချင်းတွေ နဲ့ Video Chat ပြုလုပ်ရင်းလဲ Game ကစားနိုင်အောင် Feature အသစ် ထည့်သွင်းလိုက်ပါတယ်။ Live မလွှင့်ချင်တဲ့ သူတွေ အတွက်လဲ screen record ဖမ်းထားတာမျိုး ပြုလုပ်ထားနိုင်ပါတယ်။ Facebook Messenger မှာ ကစားနိုင်တဲ့ game ပေါင်း ၇၀ ကျော်ရှိနေပြီး အရင် Facebook Game အဟောင်းတွေ ဖြစ်တဲ့ Teris တို့၊ 8 Ball Pool တွေပါ ပါဝင်နေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မှာတော့ EverWing ဆိုတဲ့ Facebook Messenger Game ကို ဆော့ကစားသူ များနေပြီး ဒီ EverWing Game အတွက် Group Chat ဖွဲ့ ဆော့သူများပါ ရှိနေပါတယ်။ လာမည့် 2018 မှာလဲ Angry Birds Game ကို Messenger Game ထဲသို့ ထည့်သွင်းပေးမှာ ဖြစ်ပြီး အခြား SEGA က ထုတ်တဲ့ Game တွေ လဲ ထည့်သွင်းဖို့ ရှိနေပါတယ်။

Facebook ဟာ Livestream လောကထဲ နေရာဝင်ယူလာရုံသာမက သူ့ရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ Messenger ဟာလည်း Livestream လောကထဲ Youtube တို့ Twitch တို့ ထက် နေရာဝင်ယူလာနိုင်တယ်လို့ ပညာရှင်အချို့ က သုံးသပ်ပြောကြားလာကြပါတယ်။

About the author

Chan Myae Maung

Leave a Comment