ဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ကို ပိတ်ခဲ့သူ ဂျာမဏီနိုင်ငံသား ဖြစ်နေ
Tech

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ကို ပိတ်ခဲ့သူ ဂျာမဏီနိုင်ငံသား ဖြစ်နေ

Written by Chan Myae Maung

ပင်ပန်းတာကြောင့် အမှားလုပ်မိတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုဝင်ဘာ ၂ ရက်နေ့ က ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ကို ယာယီ Deactivate လုပ်ခဲ့သူဟာ အခုတော့ လူမြင်ကွင်းထဲ ရောက်လာခဲ့ပါတယ်။

စုံစမ်းစစ်ဆေးချက်များအရ Twitter ပေါ်မှာ Follower ၄၅သန်းကျော် ရှိသူ ဒေါ်နယ်ထရမ့်ရဲ့ Twitter အကောင့်ကို ခတ္တပိတ်ခဲ့သူဟာ Twitter ကုမ္ပဏီနဲ့ ချိတ်ဆက်ပြီး Trust & Safety ဌာနခွဲကနေ ဖောက်သည်ကူညီဝန်ဆောင်ပေးတဲ့ Pro Unlimited ဆိုတဲ့ လုပ်ငန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး တူရကီနွယ်ဖွား ဂျာမန်နိုင်ငံသား ဖြစ်ပါတယ်။

ဘက်တီယာ ဒူးဆက်ခ်လို့ ခေါ်တဲ့ ဒီဝန်ထမ်းဟာ ထရမ့်ရဲ့ အကောင့်ကို မတော်တဆပိတ်မိသွားတာ ဖြစ်ပြီး အခုလို deactivate လုပ်ဖို့ ဘယ်တော့မှ မစဉ်းစားခဲ့ဘူးလို့ ဆိုပါတယ်။

Twitter မှာ နောက်ဆုံး အလုပ်ဆင်းရမယ့်နေ့ မှာ ဒီဖြစ်ရပ်ဟာ မတော်တဆတိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာလို့ လည်း သူက ဖြေရှင်းချက်ပေးထားပါတယ်။ သူ့ အဆိုအရ အမေရိကန်မှာ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ပင်ပန်းတာကြောင့် အမှားလုပ်မိတာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘာပဲ ဖြစ်ဖြစ် သူ့ ရဲ့ အမှားကြောင့် ဖြစ်စေ ၊ တမင်ကြံစည်မှုကြောင့် ဖြစ်စေ နိုဝင်ဘာ ၂ ရက်နေ့ မှာတော့ ထရမ့်ရဲ့ အကောင့်ထဲကို ၁၁ မိနစ်ကြာအောင် ဝင်လို့ မရခဲ့တာ ကြုံခဲ့ရပြီး ဒီ page မရှိဘူးဆိုတဲ့ မက်ဆေ့ကိုသာ ထရမ့်အကောင့်ထဲ အလည်လာသူတွေ မြင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

နယူးယော့ခ်တိုင်းမ်းရဲ့ အဆိုအရ လူမှုကွန်ရက်ဝန်ထမ်း ရာပေါင်းများစွာမှာ လူတစ်ယောက်ရဲ့ အကောင့်ကို အခုလိုမျိုး disable လုပ်ပြီး ပိတ်နိုင်ခွင့် ရှိပေမယ့် အခုလိုမျိုး ဖောက်သည် ဝန်ဆောင်မှုက ဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်ခြားလူတွေရဲ့ အကောင့်ကို တိုက်ရိုက် မက်ဆေ့ပို့ ခြင်း ၊ tweet လုပ်ခြင်းတွေအတွက် အခွင့်မရှိဘူးလို့ ဆိုပါတယ်။ Twitter ကတော့ ယခုဖြစ်ရပ်မှာ ဒူးဆက်ခ်အနေနဲ့ အကောင့်တစ်ခုကို ဖျက်ခွင့် ရှိမရှိဆိုတာကို အတည်ပြုမှတ်ချက်မပေးထားပါဘူး။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment