ကိုယ်ဖျက်ပစ်တဲ့ မက်ဆေ့ခ်ျတွေ တကယ်ပျက်သွားရဲ့လား - iT Guider
Tech

ကိုယ်ဖျက်ပစ်တဲ့ မက်ဆေ့ခ်ျတွေ တကယ်ပျက်သွားရဲ့လား

Written by Chan Myae Maung
ဖုန်းမော်ဒယ်ပေါ်လိုက်ပြီး ရှာရလွယ်မလွယ် ရှိပါတယ်

တိုးတိုးတိတ်တိတ် ပို့ ခဲ့ဖူးတဲ့ SMS တစ်ချို့ ဖုန်းထဲက Delete လုပ်လိုက်ချိန်မှာ ဘယ်တော့မှ ပြန်မတွေ့ ရတော့ဘူးလို့ ထင်ပါသလား။ ကိုယ်ဖျက်ပစ်တဲ့ မက်ဆေ့တစ်ခု အစရှာမရအောင် ပျက်သွားဖို့ ဆိုတာ အကြောင်းရှိပါတယ်။

ဆိုင်ဘာနဲ့ ဒစ်ဂျစ်တယ်မူခင်းရေးဆိုင်ရာ ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Decipher Forensics ရဲ့
ကွန်ပျူတာမူခင်းပညာရှင်နဲ့ မန်နေဂျာ ထရန့် လစ်ဗစ်ကတော့ ဖုန်းတစ်လုံးထဲက ဖျက်ထားတဲ့ မက်ဆေ့တွေပြန်ရှာလို့ ရမရဆိုတာ အကြမ်းအားဖြင့် ဖုန်းမော်ဒယ်ပေါ် မူတည်တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အန်းဒရိုက်ဖုန်းတွေမှာဆို ပြန်ဆယ်နိုင်တာများပါတယ်။ မော်ဒယ်နံပါတ်မတူတဲ့ အန်းဒရိုက်ဖုန်း ၂ လုံးထဲ ဝင်လို့ ရမယ်ဆိုရင် ဖျက်ထားတဲ့ မက်ဆေ့တွေ ပြန်ပြီး ဆယ်ထုတ်နိုင်မှာပါ။ ဒီနေရာမှာ သူက နေရာအသီးသီးက ထုတ်လုပ်လိုက်တဲ့ Samsung Galaxy S5 ကို နမူနာပေးပြီး ပြောပါတယ်။
ဖုန်းမော်ဒယ်ပေါ်လိုက်ပြီး ဖုန်းထဲက ဒေတာထုတ်လို့ ရမရဆိုရာမှာ iPhone တွေမှာတော့ ဒေတာဆွဲထုတ်ဖို့ ခက်တယ်လို့ လည်း သူက မှတ်ချက်ချပါတယ်။

iPhone တွေထဲ ဝင်ပြီး အချက်အလက်တွေ ရယူနိုင်တဲ့ ကုမ္ပဏီကလည်း လက်တစ်ဆုပ်စာပဲ ရှိတယ်လို့ သူက ဆိုပါတယ်။ တစ်ခုရှိတာက iPhone ထဲက ဖျက်ထားတဲ့ စာသား text မက်ဆေ့တွေကို ပြန်ဆွဲထုတ်ရတာ အန်းဒရိုက်ထက် ပိုလွယ်ပါတယ်တဲ့။ အကြောင်းကတော့ iPhone ရဲ့ Database ဟာ ဖျက်ထားတဲ့
စာသားတွေကို အန်းဒရိုက်တွေထက် ပိုပြီး ကြာကြာသိမ်းထားနိုင်တာကြောင့် ဖြစ်ပါတယ်။

iPhone မှာ စာသားမက်ဆေ့တွေကို ပြန်ရှာမရအောင် ဖျက်ပစ်ချင်တယ်ဆိုရင်တော့ Settings> General > Reset > Erase All Content and Settings > Erase iPhone > Erase iPhone ကနေ သွားပြီး ဖျက်သင့်ပါတယ်။ အန်းဒရိုက်ဖုန်းတွေမှာလည်း ဒီအတိုင်း ဝင်ဖျက်ရမှာပါ။

SMS RECOVERY

လစ်ဗစ်ရဲ့ အဆိုအရ ပျက်သွားတဲ့ဖုန်းတစ်လုံးဆီက ဒေတာယူဖို့ ဆိုတာကတော့ အတော်လေး ခက်ခဲပြီး iCloud တို့ PC backup ထားတာတို့ ကနေ ဝင်ယူရမှာ ဖြစ်လို့ လျှို့ ဝှက်ကုဒ်တွေကိုလည်း ပညာရှင်တွေအကူအညီနဲ့ ဖျက်ဝင်ရမှာလို့ ဆိုပါတယ်။

သေချာတာကတော့ ဖုန်းထဲကနေ ဖျက်ပစ်လိုက်တဲ့ဒေတာတွေဟာ ရှာမရအောင် ထာဝရပျက်တာလို့ ပြောမယ်ဆိုရင် မှားပါလိမ့်မယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...