၂၀၁၇ ခုနှစ် အကောင်းဆုံး Gadget များစာရင်းမှာ iPhone X နံပါတ် ၂ နေရာရရှိ
Tech

၂၀၁၇ ခုနှစ် အကောင်းဆုံး Gadget များစာရင်းမှာ iPhone X နံပါတ် ၂ နေရာရရှိ

Written by Chan Myae Maung

အကောင်းဆုံး Gadget စာရင်းမှာ Apple Watch 3 လည်း ပါခဲ့ပါတယ်။ ယခုနှစ်အတွက် ထိပ်တန်းနည်းပညာအသုံးအဆောင် ပစ္စည်းများ စာရင်းကို Time မဂ္ဂဇင်းမှ အစဉ်အတိုင်း ထုတ်ပြန်ရာမှာ Apple ရဲ့ ထုတ်ကုန် ၂ ခုဟာ အကောင်းဆုံး gadget စာရင်းဝင်ခဲ့ပါတယ်။ နာမည်ကြီး iPhone X ကတော့ ဂိမ်းထုတ်ကုန်တစ်ခု ဖြစ်တဲ့ Nintendo Switch ပြီးရင် အကောင်းဆုံးနည်းပညာပစ္စည်း အဖြစ် သတ်မှတ်ခံရပါတယ်။

Time မဂ္ဂဇင်းရဲ့ ၂၀၁၇ ခုနှစ်အတွက် ထိပ်တန်း gadget ၁၀ မျိုး စာရင်းမှာတော့ iPhone X ကို FaceID မျက်နှာလုံခြုံရေးနည်းပညာသစ် ၊ iPhone တွေထဲမှာ ပထမဆုံးသုံးလာတဲ့ edge-to-edge display နဲ့ ကင်မရာနည်းပညာကို အလေးပေး ဖော်ပြသွားတာ ဖြစ်ပါတယ်။ ထိပ်တန်း gadget ၁၀ မျိုး စာရင်းရဲ့ တတိယနေရာမှာ Microsoft Surface Laptop ရှိထားပြီး Windows ကွန်ပျူတာတွေထဲမှာ ဒီဇိုင်းပိုင်း အားဖြင့် သားနားသပ်ရပ် ပေါ့ပါးပြီး ဘက်ထရီအားခံခြင်းကြောင့် အခုလို ရွေးချယ်သွားတာပါ။

DJI ရဲ့ နာမည်ကြီး လက်တစ်ဖဝါးစာ ဒရုန်းတစ်မျိုး ဖြစ်တဲ့ DJI Spark ဟာ သုံးစွဲသူရဲ့ လက်အမိန့် ပေးဟန်ကို လိုက်ပြီး ဦးတည်ရာ ပုံစံမျိုးစုံကို ပျံသန်းနိုင်တဲ့ ဒရုန်း ဖြစ်ပြီး Time ရဲ့ gadget စာရင်းမှာ စတုတ္ထနေရာမှာ ရှိခဲ့ပါတယ်။ Samsung ရဲ့ Infinity Display နည်းပညာသုံး ဒီဇိုင်းသစ်နဲ့ Galaxy S8 ကတော့ ပဉ္စမအဆင့်သတ်မှတ်ခံရပြီး Nintendo ရဲ့ game set တစ်မျိုး ဖြစ်တဲ့ Super Nintendo Entertainment System (SNES) Classic ကလည်း Galaxy S8 အောက် နံပါတ် ၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ Amazon Echo ဒုတိယမျိုးဆက် စမတ်စပီကာ ၊ Xbox One X ၊ Apple Watch 3 စမတ်နာရီ နဲ့ Sony Alpha A7R III ကင်မရာတို့ ကတော့ အစဉ်အတိုင်း သတ်မှတ်ခံရတာပါ။

iPhone X ဟာ ၂၀၁၇ ခုနှစ်ရဲ့ အဆန်းသစ်ဆုံးတီထွင်မှုထုတ်ကုန် ၂၅ ခု စာရင်းမှာ ပါဝင်ပြီး ယခု ထိပ်တန်း gadget ၁၀ မျိုးစာရင်းမှာတော့ ဒုတိယချိတ်ခဲ့တာလည်း ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...