ဈေးကွက်တစ်ခုမှ ဒေါ်လာ ၆၂ သန်းကျော်ကို ဟက်ကာတစ်ယောက် ခိုးယူ
News Tech

Bitcoin Mining ဈေးကွက်တစ်ခုမှ ဒေါ်လာ ၆၂ သန်းကျော်ကို ဟက်ကာတစ်ယောက် ခိုးယူ

Written by Chan Myae Maung

BTC ပေါင်း ၄၇၃၆.၄၂ ခု ကို ရယူသွားတာပါ။ Bitcoin တစ်ခုတန်ဖိုး ဒေါ်လာ ၁၄၀၀၀ ပေါက်နေချိန်မှာ NiceHash ဆိုတဲ့ Bitcoin ဈေးကွက်ဝက်ဘ်ဆိုက်ကို ဟက်ကာတစ်ဦးမှ ဖောက်ထွင်းပြီး ဒေါ်လာ ၆၂ သန်းကျော်တန် Bitcoin များ ရယူသွားပါတယ်။

NiceHash ဟာ ဒီနေ့ အစောပိုင်းကတည်းက ဝက်ဘ်ဆိုက် ဒေါင်းသွားပြီး နောက်ထပ် အနည်ဆုံး၂၄ နာရီအထိ အလုပ်လုပ်နိုင်ဦးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ လက်ရှိမှာ ယခု ဒေတာပေါက်ကြားမှုကို စိစစ်နေပြီး ဖြစ်စဉ်ကို Facebook လူမှုကွန်ရက်ပေါ်ကနေ ကြေငြာပေးသွားမယ်လို့ လည်း ပြောထားပါတယ်။ အခုထက်ထိ အမည်မသိရသေးတဲ့ ဒီဟက်ကာဟာ NiceHash ပေါ် BTC ပေါင်း ၄၇၃၆.၄၂ ခု ကို ရယူသွားတာ ဖြစ်ပြီး စုစုပေါင်း လက်ရှိပေါက်ဈေးဆို ဒေါ်လာ ၆၂ သန်းကျော် တန်မှာ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က တည်ထောင်ခဲ့တဲ့ NiceHash ဟာ သူ့ ရဲ့ အွန်လိုင်းဈေးကွက်ကနေ user တွေကို bitcoin အရောင်းအဝယ်လုပ်နေခွင့် ပေးထားတာပါ။ ဒီဆိုက်ပေါ်ကနေမှ Bitcoin Mining လုပ်ပြီး Bitcoin သစ်များကို ကိုယ့်ဘာသာ ဖန်တီးကြတာပါ။ Bitcoin တစ်ခုကို ဖန်တီးဖို့ အင်တာနက်ပေါ်က ရှုပ်ထွေးတဲ့ သချာင်္ပြဿနာများကို ဖြေရှင်းရတာပါ ။ ဒီနည်းနဲ့ Bitcoin ဆွဲမှုဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ တစ်နေ့ ကို Bitcoin အသစ်ပေါင်း ၃၆၀၀ ဝန်းကျင် ထွက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ထဲမှာလည်း အသက် ၁၉ နှစ်အရွယ် ဒန်နီရယ် ကယ်လီဆိုတဲ့ လူငယ်တစ်ဦးဟာ TalkTalk ပေါ်က ဒေါ်လာ ၂ သိန်း ၈ သောင်းတန် Bitcoin ဖောက်ထွင်းမှုနဲ့ ဆိုင်ဘာတရားရေးရင်ဆိုင်ခဲ့ရဖူးပါတယ်။ ယခုနှစ် စက်တင်ဘာထဲမှာလည်း မြောက်ကိုရီးယားဟက်ကာများဟာ တောင်ကိုရီးယားနိုင်ငံမှ Bitcoin Exchanges များကနေ ဒေါ်လာ သန်းချီ တန်ဖိုးရှိတဲ့ Bitcoin များ ဟက်ခ်ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ယနေ့ အစောပိုင်းမှာ ဖြစ်သွားခဲ့တာ ဒီဖြစ်ရပ်အတွက် NiceHash အနေနဲ့ လက်သည်တရားခံမတွေ့ ရသေးသလို စုံစမ်းနေဆဲသာ ဖြစ်တယ်လို့ ဆိုပါတယ်။ လောလောဆယ်မှာတော့ NiceHash users များကို Bictoin ကီးစကားဝှက်များ ပြောင်းထားဖို့ အကြံပြုထားတယ်လို့ လည်း ဆိုပါတယ်။

About the author

Chan Myae Maung

Leave a Comment