iPhone မော်ဒယ်ဟောင်းများ သုံးရနှေးကွေးခြင်းပေါ် Apple တောင်းပန် - iT Guider
International News News Tech

iPhone မော်ဒယ်ဟောင်းများ သုံးရနှေးကွေးခြင်းပေါ် Apple တောင်းပန်

နောက်လကစပြီး ဘက်ထရီသစ်များကို ၂၉ ဒေါ်လာဈေးနဲ့ ရောင်းချသွားမှာပါ။ ဘက်ထရီသက်တမ်းပေါ်လိုက်ပြီး iPhone တွေရဲ့ performance ကို တမင်လျှော့ချထားတယ်ဆိုတဲ့ စွပ်ဆွဲချက်တွေနဲ့ တရားရင်ဆိုင်နေရတဲ့ Apple ဟာ ဒီဖြစ်ရပ်ပေါ် တရားဝင် တောင်းပန်ချက် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။

iPhone 6s နဲ့ iPhone 7 အပါအဝင် iOS ဗားရှင်းအမျိုးမျိုး တင်ထားတဲ့ ဒီဖုန်းတွေဟာ ဘက်ထရီနဲ့ Performance ကို တွဲပြီး ချိန်ညှိထားတာ ဖြစ်လို့ ဘက်ထရီလဲလိုက်တာနဲ့ ဖုန်းသုံးရတာလည်း သွက်လာတယ်လို့ Reddit ပေါ်မှာ လူပြောများလာရာကနေ Apple ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ မော်ဒယ်အဟောင်း iPhone
တွေရဲ့လုပ်ဆောင်နိုင်စွမ်းကို လျှော့ချထားတာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်ရဲ့ နောက်ဆက်တွဲ အကျိုးကတော့ Apple ဟာ သူ့ ထုတ်ကုန်တွေကို စွဲစွဲလန်းလန်း သုံးတဲ့ fan တွေဆီက ခါးသီးတဲ့ တုန့် ပြန်မှုတွေ ရရှိခဲ့တာပါ။

အီလီနွိုက်စ်နဲ့ ကယ်လီဖိုးနီးယားပြည်နယ် တရားရုံးတွေမှာ iPhone users များ တရားစွဲခဲ့တဲ့အဖြစ်ဟာ အခုဆိုရင် နယူးယော့ခ်နဲ့ ပြင်သစ်ဘက်ဆီမှ iPhone သုံးသူများအထိ ရိုက်ခတ်လာပြီး တရားတဘောင်တွေ ဖြစ်ပွားနေကြပါတယ်။ Apple ဟာ ပြီးခဲ့တဲ့တစ်ပတ်ထဲမှာ iPhone 6 ၊ 6 Plus ၊ 6S ၊ 6S Plus နဲ့ iPhone
SE တို့ မှာ software update ကနေ ဖုန်းရဲ့ performance ကို ချထားတယ်လို့ ဝန်ခဲ့လိုက်ပါတယ်။ ဒီထဲမှာတော့ ဖုန်းဘက်ထရီ ရုတ်တရပ် Shut down ကျမယ့် အခြေအနေကနေ ဖုန်းကို ကာကွယ်ပေးဖို့ ဒီ Update ကို တင်ပေးတာလို့ ဆိုပါတယ်။ iPhone မှာ သုံးထားတဲ့ lithium-ion ဘက်ရီတွေဟာ ရာသီဥတု
အေးချိန် ၊ ဘက်ထရီအားနည်းချိန် နဲ့ သက်တမ်းကြာလာတဲ့ အချိန်မျိုးမှာ သုံးလို့ မကောင်းရာကနေ ဖုန်းအတွင်း ပစ္စည်းတွေ မထိစေဖို့  Shut down ကျသွားတတ်တယ်လို့ ဆိုပါတယ်။ iOS Update သစ်ကတော့ ဒီလိုမဖြစ်အောင် ကာကွယ်ပေးထားတာပါ။

Apple အနေနဲ့ ယခုဖြစ်ရပ်ပေါ် iPhone users များကို တောင်းပန်ချက်နဲ့ အတူ ကိုယ့်ဖုန်းဘက်ထရီ ကောင်းသေးလား ၊ ဖုန်းရဲ့ Performance ကို ထိခိုက်နိုင်သလားဆိုတာတွေကို User တွေ ကိုယ်တိုင်သိနိုင်တဲ့ iOS update သစ် တင်ပေးတော့မယ်လို့ လည်း ဆိုပါတယ်။ ဒါတင်မဟုတ်ဘဲ warranty ကုန်ပြီး
ဘက်ထရီများရဲ့ ဈေးကိုလည်း ရင် ၇၉ ဒေါ်လာကနေ ၂၉ ဒေါ်လာအထိ ၆၃% အထိ ဈေးချပေးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ဒီဈေးသစ်တွေနဲ့ ဘက်ထရီကိုတော့ ရှေ့ လကစပြီး iPhone 6 နဲ့ နောက်ထွက် ဖုန်းတွေမှာ သုံးနိုင်မှာ ဖြစ်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...