App Store ကနေ iOS App တွေ Preorder မှာနိုင်ပြီတဲ့ဗျို့... - iT Guider
iOS News Tech

App Store ကနေ iOS App တွေ Preorder မှာနိုင်ပြီတဲ့ဗျို့…

Written by Chan Myae Maung

App Store ပေါ် ၃ လ ကြိုပြီး တင်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ Apple ဟာ App Store မှာ အလန်းစား Feature သစ်တစ်ခုကို မိတ်ဆက်ဖြန့် ချီလိုက်ပါတယ်။ ဒီ Feature အရ App Store ပေါ် တင်တော့မယ့် app အသစ်တွေထဲက ကိုယ်ကြိုက်တဲ့ အက်ပလီကေးရှင်းကို အော်ဒါကြိုမှာနိုင်တော့မှာပါ။

iOS developer တစ်ယောက်ဟာ သူ့ ရေးတဲ့ အက်ပလီကေးရှင်းကို တကယ် release လုပ်ပြီး မဖြန့် ခင် App Store ပေါ် ၃ လ ကြိုပြီး တင်ထားနိုင်တော့မှာ ဖြစ်ပါတယ်။ အက်ပလီကေးရှင်းကို သုံးမယ့်သူဟာ ဒီအက်ပလီကေးရှင်းတွေထဲက သူသဘောကျတဲ့ အက်ပလီကေးရှင်းကို တွေ့ တာနဲ preorder မှာထားနိုင်မှာပါ။ တကယ်တမ်း ဖြန့် ချိချိန်မှာတော့ ဒီအက်ပလီကေးရှင်းဟာ အော်ဒါမှာထားသူရဲ့ စက်ထဲကို အလိုလို ဒေါင်းလုပ်ဆွဲပေးသွားမှာ ဖြစ်ပါတယ်။

ယခု feature ဟာ iOS ၊ macOS နဲ့ tvOS အက်ပလီကေးရှင်းတွေ အတွက်ပါ သုံးနိုင်မှာ ဖြစ်ပြီး တစ်ချို့ အက်ပလီကေးရှင်းတွေ ကိုတော့ developer တွေက free ပေးထားပြီး တစ်ချို့ ကိုတော့ ဝယ်သုံးနိုင်မယ်လို့ ဆိုပါတယ်။ တစ်ခုရှိတာက ဒီ feature ဟာ ဂိမ်းတစ်ချို့ မှာတော့ အဆင်ပြေမှာ မဟုတ်ဘူးလို့ လည်း ဆိုပါတယ်။ Apple ဟာ pre-order feature အပြင် Sales and Trends ဆိုပြီး feature သစ်များကို ဆက်လက်ဖြန့် ချီသွားဖို့ စီစဉ်နေပါတယ်။ pre-order စနစ်နဲ့ အက်ပလီကေးရှင်းတွေ မှာယူမှုကို ဒီဇင်ဘာလ ၁၁ ရက်နေ့ ကတည်းက စတင်ဖြန့် ချီနေပြီ ဖြစ်ပါတယ်။

App Store နဲ့ အပြိုင် Google Play Store ကလလည်း ယခုလို feature ကို အရင်ကတည်းက မိတ်ဆက်ပြီးသား ဖြစ်နေပါတယ်။ Google Play Store မှာတော့ pre-register ဆိုတဲ့ နာမည်နဲ့ ထွက်လာပြီး ဒီ feature သုံးထားတဲ့ အက်ပလီကေးရှင်း Play Store ပေါ် ရောက်ချိန်မှာ user အနေနဲ့ သိနိုင်တော့မှာ ဖြစ်ပါတယ်။ တစ်ခုရှိတာက pre-register မှာတော့ pre-order လိုမျိုး ဈေးမပါဘဲ ဒေါင်းလုပ်လည်း ကိုယ့်ဘာသာ ဆွဲယူရမှာပါ။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...