သင့်ရဲ့ဖုန်းကိုအားပြည့်မြန်စေမယ့်နည်းလမ်း ၇ ခု - iT Guider
News Tech

သင့်ရဲ့ဖုန်းကိုအားပြည့်မြန်စေမယ့်နည်းလမ်း ၇ ခု

Written by Chan Myae Maung

သွားစရာလာစရာကိစ္စတွေရှိတဲ့အချိန် ဖုန်းအားသွင်းတဲ့အခါ အားသွင်းတာကြာလို့စိတ်ညစ်ရတဲ့အခိုက်အတန့်ကို တော်တော်များများ ကြုံဖူးကြမယ်ထင်ပါတယ်။ အကယ်၍များသင့်ဖုန်းဟာ အားသွင်းအရမ်းကြာနေတယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့အချက် ၇ချက်နဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပြီး ပြောထားတဲ့အတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။

ဈေးပေါတဲ့ USB Hub တွေမသုံးပါနဲ့
ကွန်ပျုတာ က USB Port တွေ USB ခေါင်းတွေအများကြီးပါတဲ့ ခပ်ပေါပေါ USB Hub တွေနဲ့အားမသွင်းပါနဲ့။ ပုံမှန်အားသွင်းခေါင်းတစ်ခုဟာ ဖုန်းအတွက် 1amp ပမာဏကိုထုတ်ပေးပါတယ်။ ဒါပေမယ့် ကွန်ပျူတာမှာပါဝင်တဲ့ USB port တွေကတော့ Data ကူးဖို့အတွက်သာ ရည်ရွယ်တာဖြစ်တဲ့အတွက် 0.5amp သာထုတ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကွန်ပျူတာကနေ ဖုန်းကိုအားပြန်သွင်းတဲ့အခါ အားသွင်းနှေးပါတယ်။ Battery mAh များတဲ့ဖုန်းတွေမှာဆို အားမဝင်တဲ့အပြင် ရှိတဲ့အားပါ ပြန်ကုန်သွားတတ်ပါတယ်။ ဒါကြောင့် မူလ အားသွင်းခေါင်းကိုသာ အသုံးပြုပါ။

Charger နဲ့ Cable တွေကို Original သို့မဟုတ် အရည်သွေးကောင်းတာပဲသုံးပါ

ဖုန်းတစ်လုံးဝယ်လိုက်ပြီဆိုရင် သက်ဆိုင်ရာ အားသွင်းခေါင်းနဲ့ ကြိုးကပါပြီးသားပါ။ ဒါဟာ ဖုန်းအတွက် လိုအပ်တဲ့ Power ကို သင့်လျော်အောင် ချိန်ညှိပြီးထုတ်ပေးတာဖြစ်တဲ့အတွက် အကောင်းဆုံးဖြစ်ပါတယ်။ အကယ်၍ အားသွင်းခေါင်း ဒါမှမဟုတ် USB ကြိုးပျက်သွားခဲ့မယ်ဆိုရင်တော့ နီးစပ်ရာမှာ ခပ်ပေါပေါနဲ့ Brand မရှိပဲရောင်းနေတဲ့ ပစ္စည်းတွေကို ဝယ်မသုံးသင့်ပါဘူး။ ၄င်းပစ္စည်းတွေက ဘူးခွံမှာဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ တစ်ကယ့်လက်တွေ့မှာ ကိုက်ညီမှုမရှိနိုင်ပါဘူး။ ဒါကြောင့် ဖုန်းအတွက် အားသွင်းတဲ့အခါ မလိုလားအပ်တဲ့ပြသနာတွေကိုဖြစ်ပေါ်စေနိုင်ပြီး အခန့်မသင့်ရင် ဖုန်းရဲ့ Power ပိုင်းဆိုင်ရာတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်
အထောက်အကူဖြစ်တဲ့ Fast Charger တွေ
Fast Charger တွေကိုအသုံးပြုနိုင်ပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ဖုန်းအတော်များများဟာ Quick Charge လို့ခေါ်တဲ့သာမန်ထက်ပိုမြန်တဲ့ အားသွင်းနိုင်တဲ့စနစ်တွေပါဝင်လာပါတယ်။ အဲ့လိုပါဝင်တဲ့ဖုန်းတွေဆိုရင်တော့ Quick Charger တွေ သီးသန့်ဝယ်ယူပြီး အသုံးပြုနိုင်ပါတယ်။ တစ်ကယ်ကို သိသိသာသာ လျင်မြန်လာတာကိုတွေ့ရပါတယ်။(မှတ်ချက်။ ။ Quick Charge Support လုပ်သည့်ဖုန်းများသာမြန်ပါမည်)

Flight Mode (or) Airplane Mode ကိုဖွင့်ပြီးသွင်းပါ

ဖုန်းတစ်လုံးဟာ လိုအပ်တဲ့ကွန်ယက်တွေကိုချိတ်ဆက်နိုင်ဖို့အတွက် Network ပိုင်းဆိုင်ရာ Hardware အစိတ်အပိုင်း တွေက အမြဲတမ်း အလုပ်လုပ်နေရပါတယ်။ အကယ်၍များ Flight Mode ကိုဖွင့်လိုက်မယ်ဆိုရင်တော့ Network နဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေအကုန်လုံးရပ်ဆိုင်းလိုက်မှာဖြစ်တာကြောင့် အားသွင်းရင်လည်းပိုမိုမြန်ဆန်လာသလို ဖုန်းအားလည်း ပိုခံမှာဖြစ်ပါတယ်။

Power ပိတ်ပြီးသွင်းပါ

ဒီနည်းကတော့ အရေးပေါ်နည်းလမ်းဖြစ်ပါတယ်။ ဘယ်ဖုန်းမဆို အသိသာဆုံး နဲ့ ဖုန်းရဲ့ လက်ခံနိုင်သမျှအားကို အမြန်ဆုံးသွင်းပေးနိုင်တဲ့နည်းလမ်းဖြစ်ပါတယ်။ ဖုန်းတစ်ခုလုံးရဲ့ Software/Hardware လုပ်ဆောင်ချက်တွေအားလုံးကို 90% လောက်အနားပေးထားတဲ့အတွက် ဖုန်းအားကို လွတ်လပ်မြန်ဆန်စွာသွင်းပေးနိုင်ပါတယ်။
ဖုန်းကိုအေးမြတဲ့နေရာမှာထားပါ ဖုန်းလည်း ပူရင်စိတ်ရှုပ်ပါတယ်

ဖုန်းပူရင် Battery ၊ Display နဲ့ Hardware ပိုင်းဆိုင်ရာအစိတ်အပိုင်းတွေအကုန်လုံး Heat တက်ပြီး လုပ်ဆောင်ချက်တွေနှေးကွေးသွားပါတယ်။ ဒါကြောင့်ဖုန်းကို အားသွင်းတဲ့အခါမှာ အေးအေးဆေးဆေးဖြစ်နေအောင်ထားပါ။ 7/ အားသွင်းနေတုန်း ဘာမှမလုပ်ပါနဲ့ အပေါ်မှာပြောခဲ့သလိုပါပဲ အားသွင်းနေတဲ့အချိန် အလုပ်တွေလုပ်တဲ့အခါ ဖုန်းကို သာမာန်အချိန်ထက် အလုပ်ပိုစေပါတယ် ၊ Power management ပိုင်းမှာပြသနာတွေရှိလာနိုင်တဲ့အတွက် အခန့်မသင့်ရင် အပူလွန်ကဲပြီး ဖုန်းပါဝါသေသွားတဲ့အထိ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုလည်း သတိကြီးစွာထားပြီးရှောင်သင့်ပါတယ်။ အထကမှာဖော်ပြပေးခဲ့တဲ့နည်းလမ်းတွေကတော့ အားသွင်းလည်းမြန် ၊ ဖုန်းရဲ့ Battery စွမ်းဆောင်ရည်ကျမသွားစေမယ့်နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

About the author

Chan Myae Maung

Leave a Comment