သုံးရနှေးနေတဲ့ iPhone တစ်လုံးကို မြန်လာအောင် ဒီလိုလေးတွေ လုပ်ကြည့်ပါ
iOS Tech

သုံးရနှေးနေတဲ့ iPhone တစ်လုံးကို မြန်လာအောင် ဒီလိုလေးတွေ လုပ်ကြည့်ပါ

Written by Chan Myae Maung

လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းလေးတွေပါ။ မော်ဒယ်ဟောင်း iPhone တွေသုံးရတာနှေးနှေးလာပြီဆိုတာ Apple ရဲ့ စနက်နဲ့ မကင်းပါဘူး။ ဖုန်းဘက်ထရီထိသွားပြီး မထင်မှတ်ဘဲ Shut down တွေ ကျမသွားအောင် iOS 10.2.1 ကစပြီး Apple ဟာ iPhone 6 ၊ iPhone 6s နဲ့ iPhone SE တို့ မှာ ဖုန်းရဲ့ စွမ်းရည်ကို
ဆော့ဖ်ဝဲလ် update တင်ခိုင်းပြီး တမင် ချပစ်ခဲ့တာပါ။ ဒီတစ်ခါမှာတော့ iPhone တစ်လုံး သုံးရနှေးလာပြီဆိုရင် စမ်းကြည့်လို့ ရမယ့် နည်းလမ်းလေးတွေ ပြောပြသွားမှာ ဖြစ်ပါတယ်။

(၁) Space ထွက်လာအောင် လုပ်ပါ။

တစ်ခါတလေကတော့ iPhone တစ်လုံး သုံးလို့ သိပ်မသွက်ရတာက ကိုယ့်ဖုန်းထဲက မသုံးဖြစ်တဲ့ App တွေ နဲ့ နေရာသိပ်ယူတဲ့ ဓါတ်ပုံနဲ့ ဗွီဒီယိုတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဒါတွေကို ဖျက်မယ်ဆိုရင်တော့ Settings > General > Storage & iCloud Usage ကနေ သွားပြီး Storage section အောက်က
Manage Storage ကို ရွေးလိုက်ပါတယ်။ ဒီကနေမှ မသုံးဖြစ်တဲ့ Apps တွေကို ဖယ်ပြီး ပုံတွေကို iCloud နဲ့ ရွှေ့ တာ ၊ စကားပြောခဲ့တဲ့ texts တွေကို Auto Delete လုပ်တာကနေ Space ထွက်လာမှာပါ။

(၂) HEIF format သုံးပါ။

iOS 11 သစ်မှာ ပုံတွေနဲ့ ဗွီဒီယိုတွေကို ဖိုင်ဆိုဒ်လျှော့ပေးတဲ့ File formats ပါပါတယ်။ ဒီထဲကနေ ပုံဆို HEIF နဲ့ ဗွီဒီယိုဆိုရင် HEVC format ဆိုပြီး သုံးနိုင်ပါတယ်။

ဒီတော့ ပုံတွေကို ဖိုင်ဆိုဒ်လျှော့ဖို့ ဖုန်းနေရာလွတ်ရအောင်ဆိုရင်တော့ Settings > Camera > Formats ကနေ HEIF နဲ့ HEVC formats တွေ
သုံးနိုင်မယ့် High Efficiency ကို ရွေးလိုက်ပါ။ တစ်ခုရှိတာက မော်ဒယ်ဟောင်း iPhone တွေမှာတော့ ဒီ Format သစ်ပါမှာ မဟုတ်ပါဘူး။ iPhone 7 မှာ စပြီး သုံးနိုင်တာာ ဖြစ်လို့ ပါ။

(၃) Apps တွေကို update တင်လိုက်ပါ

အက်ပလီကေးရှင်းဟောင်းတွေဆို iOS 11 Update သစ်မှာ သုံးရ မသွက်တော့ပါဘူး။ ဒီတော့ update တင်ဖို့ App Store ကနေ Updates ကို သွားပြီး အက်ပလီကေးရှင်းအားလုံးကို Update All ဆိုပြီး တင်သင့်ပါတယ်။

(၄) Auto update တော့ ပိတ်ထားရမှာပါ။

အရင်ဗားရှင်းတွေလိုပဲ iOS 11 ကလည်း Background ကနေ အက်ပလီကေးရှင်းတွေ run နေတတ်ပါတယ်။

ဒီလိုမျိုး နောက်ကနေ ဆွဲနေပြီဆိုရင် App Store app ကနေ ကိုယ့်ဘာသာ update ကို ပိတ်ထားပေးရမှာပါ။ update ပိတ်ဖို့ ဆို Settings > iTunes & App Store ကနေ သွာပြီး Updates ကိုအလိုအလျောက် မတင်အောင် ပိတ်ထားပေးရမှာပါ။

(၅) Background app တွေ ကိုလည်း ပိတ်သင့်တာ ပိတ်ရပါမယ်။

Auto update တွေလိုပဲ နောက်ကွယ်ကနေ အက်ပလီကေးရှင်းတစ်ခု ဖွင့်တာနဲ့ Feeds သစ်တွေ တက်လာတာ ရှိပါတယ်။

Facebook တို့ Twitter တို့ မှာဆို သိသာပါတယ်။ ဒါကိုလည်း ပိတ်ရမှာမို့  Settings > General > Background App Refresh ကို သွားပြီး Switch Off ပိတ်ထားလိုက်ပါ။ ဒါဆိုရင်တော့နောက်ကွယ်က App တွေလည်း အလုပ်မလုပ်တော့ စက်ပေါ့သွားပါလိမ့်မယ်။

(၆) UI ပိုင်း ညှိထားပါ။

နောက်တစ်ခုက Reduce motion ဆိုပြီး ဖုန်းသုံးရသွက်အောင် လုပ်တဲ့အပိုင်းပါ။ သူကတော့ ဖုန်းရဲ့ Graphic လုပ်ဆောင်ချက်ကို သက်သာစေမှာပါ။

သူ့ ကို သွားဖို့ အတွက် Settings > General > Accessibility > Reduce Motion ထဲ ဝင်ပြီး on ပေးထားရမှာပါ။ ဒီကနေမှ Auto-Play Message Effects
တွေကိုလည်း ပိတ်ထားလို့ ရပါတယ်။ ဒီနည်းနဲ့ ဖုန်း Processor မှာ အလုပ်လုပ်ရတာ သက်သာသွားမှာ ဖြစ်ပါတယ်။

(၇) တည်နေရာပြစနစ် ပိတ်ထားကြည့်ပါ။

GPS ဖွင့်ထားတာကလည်း ဘက်ထရီသက်တမ်းကို ထိစေနိုင်ပါတယ်။ ဒီကနေမှ ဖုန်းသုံးလို့ မကောင်းတာလည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ အကောင်းဆုံးက Settings > Privacy > Location Services ထဲဝင်ပြီး ကိုယ်ဘယ်အက်ပလီကေးရှင်းမှာ Location services သုံးချင်သလဲ ချိန်ထားလိုက်ပါ။

(၈) Reboot လုပ်ကြည့်ပါ။

နောက်ဆုံးတစ်ခုက အလွယ်ဆုံးနဲ့ အသုံးအများဆုံးပါ။ ဖုန်းကို Restart တင်လိုက်တာကလည်း တစ်ချို့ Error တွေကို ပြန်ကောင်းသွားစေတာကြောင့် ဖုန်းကြပ်ကြပ်နှေးလာပြီဆိုရင် Reboot ချလိုက်ဖို့ အကြံပြုချင်ပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment

Please wait...

နေ့စဉ်သတင်းများရယူပါ

နေ့စဉ်သတင်းများအား သင်၏ အီးမေးလ်သို့ အလိုအလျောက်ရယူနိုင်ရန်အတွက် Submit ပြုလုပ်ထားလိုက်ပါ...