အင်တာနက်သုံးမကုန်တဲ့ Twitter Lite ကို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ သုံးနိုင်ပြီ
Tech

အင်တာနက်သုံးမကုန်တဲ့ Twitter Lite ကို နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ သုံးနိုင်ပြီ

Written by Chan Myae Maung

ဒေတာကို ၇၀% အထိ လျှော့ပြီး သုံးစွဲပါတယ်။ အင်တာနက်လိုင်းမကောင်းတဲ့ ဒေသများအတွက် ရည်ရွယ်ပြီး Lite ဗားရှင်းနဲ့ ထုတ်ထားတဲ့ Twitter Lite ကို အာရှ ၊ အာဖရိက ၊ ဥရောပ ၊ အရှေ့ အလယ်ပိုင်း နဲ့ လက်တင်အမေရိကများဆီမှ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ သုံးလို့ ရပြီ လို့ ဆိုပါတယ်။

Lite ဗားရှင်းဖြစ်ပေမယ့် မူရင်း Twitter နဲ့ သိပ်မကွာတဲ့ ဒီအက်ပလီကေးရှင်းဟာ အန်းဒရိုက်အက်ပလီကေးရှင်းအနေနဲ့ ထွက်လာတာ ဖြစ်ပြီး Twitter Lite အက်ပလီကေးရှင်းဟာ ဒေတာကို ၇၀% အထိ လျှော့ပြီး သုံးစွဲတာဖြစ်ပြီး နဂိုသုံးစွဲတာထက် ၃၀% ပိုမြန်လာတာ ဖြစ်ပါတယ်။အထူးသဖြင့် 2G ၊ 3G လောက်ပဲ ရတဲ့ မိုဘိုင်းကွန်ရက်တွေမှာ အင်တာနက်ဒေတာ သိပ်မသုံးဘဲ အလုပ်လုပ်ပေးမှာ ဖြစ်ပါတယ်။ ဖိုင်ဆိုဒ်အနေနဲ့ လည်း 3MB ပဲ ရှိလို့ ဖုန်းမှာ နေရာယူမှာ မဟုတ်ပါဘူး။

Twitter Lite ဗားရှင်းကို အယ်လ်ဂျီးရီးယား ၊ ဘင်္ဂလားဒေ့ခ်ျ ၊ ဘိုလီးဗီးယား ၊ ဘရာဇီး ၊ ချီလီ ၊ ကိုလံဘီယာ၊ ကော်စတာရီကာ ၊ အီကွေဒေါ ၊ အီဂျစ် ၊ အစ္စရေး ၊ ကာဇက်စတန် ၊ မက္ကဆီကို ၊ မလေးရှား ၊ နိုင်ဂျီးရီးယား ၊ နီပေါ ၊ ပနားမား ၊ ပီရူး ၊ ဆားဘီးယား ၊ အယ်ဆယ်ဗေဒါ ၊ တောင်အာဖရိက ၊ ထိုင်း ၊ တူနီးရှား ၊ တန်ဇနီးယားနဲ့ ဗင်နီဇွဲလားတို့ မှာ သုံးနိုင်ပြီ ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ Twitter Lite ကို စတင်ဖြန့် ချိစမ်းသပ်ပြီးနောက် လစဉ် tweet တင်တဲ့ ပမာဏဟာ ၅၀% ကျော် မြင့်တက်လာတာကြောင့် Twitter ကုမ္ပဏီအနေနဲ့ ဈေးကွက်အသစ်တွေ ဖော်ထုတ်နိုင်တော့မှာပါ။

လက်ရှိမှာ Twitter ကို လစဉ်သုံးနေကြသူ သန်း ၃၃၀ ကျော် ရှိပြီး ဒီထဲက ၈၀% ကျော်ဟာ US ပြင်ပကနေ သုံးနေကြတာပါ။ Twitter ဟာ ဈေးကွက်သစ်များကို ဖော်ဆောင်တဲ့အနေနဲ့ အခုလို အင်တာနက်လိုင်းမကောင်းတဲ့ ဒေသများကို Twitter Lite ဗားရှင်းအသွင်နဲ့ ဖြန့် ချိခဲ့တာဖြစ်ပြီး နောက်ထပ်လည်း ဈေးကွက်သစ်များကို ဖြန့် ကျက်သွားဖို့ ရှိပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment