နောက်နှစ်ကစပြီး အိမ်သုံး 5G အင်တာနက်ဝန်ဆောင်မှုကို Verizon စတင်တော့မည်
Tech

နောက်နှစ်ကစပြီး အိမ်သုံး 5G အင်တာနက်ဝန်ဆောင်မှုကို Verizon စတင်တော့မည်

Written by Chan Myae Maung

၂၀၁၈ နှစ်လယ်ပိုင်းကစပြီး အိမ်သုံးအင်တာနက် ဝန်ဆောင်မှုအဖြစ် ရရှိမှာပါ။ မျိုးဆက်သစ်အင်တာနက်ကွန်ရက် နည်းပညာသစ် ဖြစ်တဲ့ 5G wireless ဝန်ဆောင်မှုကို Verizon ၂၀၁၈ ခုနှစ်ကစပြီး အမေရိကန်မြို့ ကြီး ၅ မြို့ မှာ စတင်ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ 4G ကွန်ရက်နည်းပညာထက် အနည်းဆုံး ၁၀ ဆကနေ အဆ ၁၀၀ အထိ မြန်ဆန်တဲ့ 5G ကွန်ရက်နည်းပညာကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဆက်ခရန်မန်တိုမြို့ မှာ ပထမဆုံး စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဆက်ခရန်မန်တိုမြို့ မှာ 5G အင်တာနက်ကွန်ရက်စနစ်ကို ၂၀၁၈ နှစ်လယ်ပိုင်းကစပြီး အိမ်သုံးအင်တာနက် ဝန်ဆောင်မှုအဖြစ် ရရှိမှာပါ။

Verizon ဟာ လာမယ့်နှစ်ထဲမှာ အမေရိကန်နိုင်ငံအနှံ့ 5G broadband အိမ်သုံးအင်တာနက်ဝန်ဆောင်မှုကို အိမ်ခြေ သန်း ၃၀ ခန့် အတွက် ဝန်ဆောင်မှုပေးနိုင်မယ်လို့ ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ Verizon ဟာ ယခုဝန်ဆောင်မှုကို ဈေးကွက် ၅ နေရာမှာ ဖြန့် ကျက်နိုင်မယ်လို့ ဆိုပါတယ်။

အစောပိုင်းသတင်းများအရ 5G ကွန်ရက်ကို လာမယ့် ၂၀၁၉ ခုနှစ်မှာမှ စတင် ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ယူဆခဲ့တာ ဖြစ်လို့ အခုလို 5G ကွန်ရက်အမြန် ဖွံ့ ဖြိုးလာတာဟာ အားရစရာ ဖြစ်နေပါတယ်။ အမေရိကန်မှာတော့ 5G ကွန်ရက်နည်းပညာကို Verizon အပြင် AT&T တယ်လီကွန်းကလည်း ဖေဖော်ဝါရီလကတည်းက အမေရိကန်နိုင်ငံ သြစတင်မြို့ နဲ့ အင်ဒီယာနာပိုလစ်မြို့ တွေမှာ စမ်းသပ်ထားပါတယ်။

AT&T ရဲ့ 5G ကွန်ရက်ဟာ 400Mbps speed ပဲ သုံးနိုင်သေးတာ ဖြစ်ပါတယ်။ ယခုလက်ရှိမှာ 4G LTE ဟာ 100Mbps နဲ့ အများဆုံး speed ထားသုံးနိုင်ပြီး 3G ကွန်ရက်ထက် ၁၀ ဆပိုမြန်တယ်လို့ ဆိုပါတယ်။ တကယ့် 5G ကွန်ရက်စစ်စစ်မှာတော့ 1Gbps အထိ သုံးနိုင်မယ်လို့ လည်း ဆိုပါတယ်။ Apple ဟာလည်း 5G အင်တာနက်ကွန်ရက်သုံးနိုင်တဲ့ iPhone သစ်ကို လာမယ့် ၂၀၁၉ ခုနှစ်မှာ မိတ်ဆက်သွားဖို့ ရှိပါတယ်။

Via : DUWUN

About the author

Chan Myae Maung

Leave a Comment