Mobile Tech

Vivo က စမတ်ဖုန်းမော်ဒယ်သစ်တစ်မျိုး မိတ်ဆက်ရောင်းချမယ်

Written by Chan Myae Maung

ပြည်တွင်းဈေးကွက်တွင်းမှာ အရည်အသွေးမြင့် ကင်မရာပါဝင်တဲ့ V5 series ကို ဖြန့်ဝေခဲ့ပြီး ၈ လကျော် အကြာမှာ Vivo ကနေပြီးနောက်ထပ် စမတ်ဖုန်းမော်ဒယ်အသစ်တစ်မျိုးကို ထပ်မံ မိတ်ဆက်ရောင်းချတော့မယ်လို့ သိရပါတယ်။

V5 ဟာ 20MP Softlight Camera ကြောင့် Selfie ဝါသနာရှင်တွေ အကြိုက်တွေ့ခဲ့တဲ့ စမတ်ဖုန်းတစ်မျိုး ဖြစ်ခဲ့ပါတယ်။ Limited Edition အနေနဲ့ V5 Matte Black ကို ထုတ်လုပ်ရောင်းချခဲ့ရာမှာလည်း လူကြိုက်များပြီး အောင်မြင်ခဲ့တာကို တွေ့ရမှာပါ။

ပြိုင်ဘက် မိုလ်ဘိုင်းကုမ္ပဏီကြီးတွေက ပိုကောင်းတဲ့ နည်းပညာတွေ၊ function တွေနဲ့ ထုတ်ကုန်သစ်တွေကို ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းနေကြချိန်မှာ Vivo ကလည်း MWC Shanghai တုန်းက သူတို့ရဲ့ နည်းပညာအသစ်တွေနဲ့ တိုးတက်မှုတွေကို ပြသသွားခဲ့ပါတယ်။အဲဒီပြပွဲမှာ ပြသသွားတဲ့နည်းပညာတွေကြောင့် Vivo ရဲ့ စမတ်ဖုန်းမော်ဒယ်အသစ်က ပိုပြီး စိတ်ဝင်စားစရာကောင်းလို့ နေပါတယ်။ အထူးသဖြင့် မြန်မာပြည်ဈေးကွက်အတွင်း ပြိုင်ဆိုင်မှု မြင့်မားနေတဲ့ တရားဝင် အမှတ်တံဆိပ်တွေဖြစ်ကြတဲ့ Samsung, Huawei, Oppo စတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ ထုတ်ကုန်တစ်ခု ဖြစ်မဖြစ်ကို စိတ်ဝင်တစား စောင့်ကြည့်သွားရမှာပါ။

နာမည်ကျော် နည်းပညာ website တွေမှာတော့ Vivo ကနေပြီး V Series ထုတ်ကုန်သစ်ကို မိတ်ဆက်တော့မှာဖြစ်ကြောင်း ဖော်ပြနေတာတွေ့ရပါတယ်။ နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ Vivo ရဲ့ ထုတ်ကုန်သစ်မှာ V7+ ဖြစ်ကြောင်းသိရပြီး အသေးစိတ်အချက်အလက်တွေကိုတော့ အတိအကျဖော်ပြထားခြင်းမရှိပါဘူး။

ဒါပေမဲ့ Vivo ရဲ့ စမတ်ဖုန်းအသစ်မှာ High end product ဖြစ်ပြီး အရည်အသွေးမှာ V5 ထက် ပိုမိုမြင့်မားမယ်လို့တော့ သိရပါတယ် ။ အရည်အသွေးမြင့်မားပေမယ့် V7+ ရဲ့ဈေးနှုန်းကတော့ အရမ်းကြီး မြင့်မားသွားမှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

About the author

Chan Myae Maung

Leave a Comment

error: