Mobile Tech

Bezel-less display နဲ့ တရားဝင်မိတ်ဆက်လိုက်တဲ့ Xiaomi Mi Mix 2

Written by Chan Myae Maung

ကျောဘက်မှာ ကင်မရာ ၁ လုံးပဲ ပါရှိပါတယ်။ ဘေးဘောင်ပျောက်စမတ်ဖုန်း ဖြစ်မယ်လို့ နာမည်ကြီးနေတဲ့ Xiaomi Mi Mix 2 ကတော့ သတင်းအတိုင်း တကယ့်ကို bezel less စမတ်ဖုန်းတစ်လုံးအဖြစ် တရားဝင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ဘောင်လေးဘက်လုံး ကွေးညွတ်ထားတဲ့ ceramic ကိုယ်ထည်ပါ ဒီဖုန်းဟာ ဒီနှစ်အတွက် Xiaomi ရဲ့ အထူးခြားဆုံး flagship ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။Xiaomi Mi Mix 2 မှာ အမြင်သာဆုံးအပြောင်းအလဲက display နဲ့ design ပဲ ဖြစ်ပါတယ်။ 7000 series အလူမီနီယံဖရိမ်နဲ့ ဘေးလေးဘက်စလုံး ကွေးထားတဲ့ ceramic ကိုယ်ထည်ပါတဲ့ ဒီဖုန်းဟာ အပေါ်ဘေးအနားသတ် bezel မထားတော့တာ တွေ့ ရပါတယ်။ ဖုန်းအောက်ခြေအနားသတ်ကလည်း အရင် Mi Mix ထက် ၁၂% ပိုပြီး ပါးသွားပါတယ်။ bezel ပိုင်းတင်မဟုတ်ဘဲ ကိုယ်ထည်အထူပိုင်းမှာလည်း အရင် Mi Mix ထက် ၂.၅% ပိုပါးပြီး ၁၁.၅% ပိုပေါ့တယ်လို့ ဆိုပါတယ်။

မျက်နှာပြင်ဆိုဒ်မှာတော့ ၅.၉၉ လက်မ FullHD display ပါရှိသလို 2160 x 1080p resolution ပါရှိတာ ဖြစ်လို့ ဒီဖုန်းရဲ့ ရုပ်ထွက်ပိုင်းကတော့ အမြင့်ဆုံးစံနဲ့ ချိန်ကြည့်လို့ ရပါတယ်။ ဖုန်းရဲ့ အရွယ်အစားမှာ ၆.၄ လက်မရှိတဲ့ အရင် Mi Mix ထက် ငယ်ပေမယ့် 18:9 aspect ratio ကြောင့် မျက်နှာပြင် ပိုပြန့် လာပါတယ်။ အသံစနစ်မှာတော့ ဖုန်း screen အောက်မှာ စပီကာ မြှပ်ထားတဲ့ အဆင့်မြင့်အသံနည်းပညာစနစ်တွေ သုံးထားတာ ဖြစ်ပါတယ်။

Xiaomi Mi Mix 2 ဟာ RAM 6GB နဲ့ 8GB ဆိုပြီး ဗားရှင်းနှစ်မျိုး ထွက်ထားတာပါ။ processor ကတော့ နောက်ဆုံးထွက် Snapdragon 835 chipset ဖြစ်ပြီး storage ၃ မျိုး သုံးထားပါတယ်။ Special Edition ကတော့ RAM 8GB /storage 128GB ဖြစ်ပြီး ceramic body နဲ့ ထွက်လာတာပါ။ RAM 6GB မော်ဒယ်တွေမှာတော့ storage အနေနဲ့ 64GB / 128GB နဲ့ 256GB ဆိုပြီး ဗားရှင်း သုံးမျိုး ထွက်လာမှာ ဖြစ်ပါတယ်။ကင်မရာအနေနဲ့ Xiaomi Mi Mix 2 ဟာ ကျောဘက် ကင်မရာတစ်လုံးတည်းသုံးသွားတာ တွေ့ ရပါတယ်။ ဒီကင်မရာကတော့ Xiaomi Mi 6 မှာ သုံးခဲ့တဲ့ ကျောဘက်ကင်မရာနှစ်လုံးထဲက ပင်မကင်မရာအတိုင်း 12MP Sony IMX 386 နဲ့ ထွက်လာတာ ဖြစ်ပါတယ်။ မှန်ဘီလူး lens ကို ရွှေကွပ်ထားတဲ့ ကျောဘက်ကင်မရာဟာ 4-axis OIS ရုပ်ငြိမ်စနစ်သုံးထားတာ ဖြစ်လို့ အမြန်ရိုက်ချက်တွေမှာ ရုပ်ထွက်ကြည်လင်ပြတ်သားစေမှာပါ။ ရှေ့ ကင်မရာကတော့ 5MP ကင်မရာဖြစ်ပါတယ်။ဘက်ထရီပိုင်းမှာ Quick Charge 3.0 စနစ်ပါ 3400 mAh ဘက်ထရီသုံးထားတဲ့ ဒီဖုန်းကို လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ စပြီး ဈေးကွက်တင် ရောင်းချသွားတော့မှာပါ။ ဈေးနှုန်းအနေနဲ့ 64GB ဗားရှင်းကို ၃၂၉၉ ယွမ် (မြန်မာငွေ ၆ သိန်းခွဲကျော်) ၊ 128GB နဲ့ 256GB မော်ဒယ်တွေကိုတော့ ၃၅၉၉ ယွမ် (မြန်မာငွေ ၇ သိန်း ၂ သောင်းခန့် ) နဲ့ ၃၉၉၉ ယွမ် (မြန်မာငွေ ၈ သိန်းဝန်းကျင်) ဈေးတွေနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ Special Edition ဖြစ်တဲ့ ceramic body ပါ Mi Mix 2 ကတော့ ၄၆၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲခန့် ) အထိ ဈေးရှိမှာပါ။

About the author

Chan Myae Maung

Leave a Comment

error: